မန်ယူကွင်းလယ်လူ ဘရူနိုဖာနန်ဒက်စ်ကို နည်းပြ ဆိုးလ်ရှား ချီးကျူး

မန်ယူကွင်းလယ်လူ ဘရူနိုဖာနန်ဒက်စ်ကို နည်းပြ ဆိုးလ်ရှား ချီးကျူး
Photos: Getty Images & Sky Sports
Photos: Getty Images & Sky Sports
Published 18 February 2020

ချယ်လ်ဆီးကို အနိုင်ရခဲ့သည့်ပွဲတွင် အသင်းကွင်းလယ်လူ ဘရူနိုဖာနန်ဒက်စ် ၏ ကစားပုံနှင့်ပတ်သက်ပြီး ၎င်းမြင်ဖူးသည့်အကောင်းဆုံးကစားသမားများထဲတွင် တစ်ဦးအပါအဝင်ဖြစ်သည်ဟု မန်ယူအသင်းနည်း ပြဆိုးလ်ရှားက ပွဲအပြီးတွင် ချီးကျူးခဲ့သည်။

"သူဟာ ထိပ်တန်းကစားသမားတစ်ယောက်ပါ။ ဘောလုံးရဖို့လည်း ဆန္ဒပြင်းပြတယ်။ ဒါ့အပြင် Set-ball (တည်ကန်ဘော)တွေ ပေးပို့ရမှာလည်း ထိပ်တန်းအဆင့်ရှိပါတယ်။ ကျွန်တော်မြင်ဖူးတဲ့ အကောင်းဆုံးတွေထဲက တစ်ယောက်ပါပဲ"ဟု ဆိုးလ်ရှားက သုံးသပ်ခဲ့သည်။ 

ထို့ပြင် ချန်ပီယံလိဂ်ဝင်ခွင့်နှင့် ပတ်သက်ပြီး ဆိုးလ်ရှားက "တကယ်တော့ လာမယ့်ရာသီမှာ ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ အလိုရှိပါတယ်။ ဒီရလဒ်က ကိုယ့်ကိုယ်ကိုယ် အခွင့်အရေးပြန်ပေးလိုက်သလိုပါပဲ။ ဒါပေမဲ့ အခုထက် ပိုပြီးတိုးတက်လာဖို့လိုတယ်ဆိုတာ ကျွန်တော်တို့ သိထားပါတယ်"ဟု ပြောကြားခဲ့သည်။

ဘရူနိုဖာနန်ဒက်ဇ်သည် ပြီးခဲ့သည့် ဇန်နဝါရီအပြောင်းအရွှေ့ကာလတွင် စပို့တင်းလစ္စဘွန်းအသင်းမှ မန်ယူအသင်းသို့ ပြောင်းရွှေ့လာခဲ့ပြီး (၂)ပွဲကစားရာတွင် ပရိသတ်အကြိုက်တွေ့အောင် ကစားနိုင်ခဲ့သူဖြစ်သည်။ 

ဘရူနိုဖာနန်ဒက်ဇ်က မန်ယူအသင်းအနေဖြင့် အခုထက်ပိုကောင်းအောင် ကစားနိုင်စွမ်းရှိသည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။ 

Most Read

Most Recent