ပရီးမီးယားလိဂ်ပွဲစဉ် (၂၆) ပွဲကြိုသုံးသပ်ချက်

ပရီးမီးယားလိဂ်ပွဲစဉ် (၂၆) ပွဲကြိုသုံးသပ်ချက်
Photo: Getty Images
Photo: Getty Images
Published 16 February 2020

အက်စတွန်ဗီလာ - စပါး (တနင်္ဂနွေည ၈:၃၀ နာရီ)

စပါးရဲ့အဝေးကွင်းပွဲစဉ်တိုင်းက စိတ်မချရသလိုဖြစ်နေတယ်။ ဒါပေမဲ့ နောက်ဆုံး(၂) ပွဲဆက် အနိုင်ရခဲ့ခြင်းနဲ့ ကြားမှာ စိတ်ကြိုက်အနားရခဲ့ခြင်းက စပါးကို ပိုမိုအားကောင်းလာစေမယ်လို့ မျှော်လင့်ရတယ်။ အက်စတွန်ဗီလာက တန်းဆင်းဇုန်အထက် (၁)မှတ်အကွာမှာ ရပ်တည်နေတဲ့အသင်းဖြစ်ပြီး အိမ်ကွင်းမှာ စပါးဆီကအမှတ်ယူဖို့ ကြိုးစားလိမ့်မယ်။ ဒါပေမဲ့ စပါး နိုင်ပွဲရဖို့ များတယ်။ (၁-၂)လောက်ဖြစ်မယ်။ 



အာဆင်နယ် - နယူးကာဆယ် (တနင်္ဂနွေည ၁၁:၀၀ နာရီ)

အာဆင်နယ်က စိတ်ပျက်ဖွယ်သရေပွဲတွေကို အဆုံးသတ်ဖို့ ကြိုးစားမှာပါ။ နယူးကာ ဆယ်မှာ အသင်းတွင်းပြဿနာတွေရှိပေမယ့် ရလဒ်ပိုင်းက သိပ်မဆိုးတာ တွေ့ရတယ်။ ပဲလေ့စ်၊ ရှက်ဖီး၊ ချယ်လ်ဆီး၊ ဘန်လေတို့နဲ့ ဆက်တိုက်သရေကျခဲ့ခြင်းက အာဆင်နယ်ကို ချန်ပီယံလိဂ်ဝင်ခွင့်နေရာနဲ့ (၁၀)မှတ်အထိ ကွာဟစေခဲ့ပြီး ဒီပွဲမှာတော့ နိုင်ပွဲပြန်ရဖို့ များ ပါတယ်။ အာဆင်နယ်ရဲ့သရေ Run အဆုံးသတ်ပါပြီ။