MFF FUTSAL LEAGUE ၂၀၁၉-၂၀၂၀ ရာသီပိတ် ပွဲစဉ်ဖြစ်သည့် ပွဲစဉ် (၂၂) ကို ဖေဖော်ဝါရီ (၁၅) ရက်က အမျိုးသား အားကစားပြိုင်ပွဲရုံ - ၂ (NIS-2) တွင် ကျင်းပပြုလုပ်ခဲ့ရာ လက်ရှိချန်ပီယ MIU FC အသင်းက (၄) ကြိမ်မြောက် ချန်ပီယံ ဖြစ်ခဲ့သည်။ ချန်ပီယံဆုအတွက် အဆုံးအဖြတ်ပွဲစဉ်အဖြစ် MIU အသင်းနှင့် VUC အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ခြင်းဖြစ်ပြီး အကြိတ်အနယ်ယှဉ်ပြိုင်ကာ ပွဲအပြီးတွင် (၄-၄) ဂိုး သရေကျခဲ့သည်။ ပွဲအပြီးတွင် အဝေးဂိုး စည်းမျဉ်းဖြင့် MIU အသင်းက ချန်ပီယံဖြစ်ခဲ့ခြင်း ဖြစ်သည်။ MIU အသင်းနှင့် VUC အသင်းတို့ ပထမအကျော့ MIU အိမ်ကွင်း၌ တွေ့ဆုံမှုတွင် (၂-၂) ဂိုးရလဒ် ထွက်ပေါ်ခဲ့သောကြောင့် အဝေးဂိုးစည်းမျဉ်းအရ MIU အသင်းက ချန်ပီယံဖြစ်ခဲ့ခြင်း ဖြစ်သည်။
ပြိုင်ပွဲအပြီး ဆုပေးပွဲအခမ်းအနားကို ဆက်လက်ပြုလုပ်ခဲ့ရာ အဆင့် (၅) နေရာရရှိသော MFF U-19 TEAM အသင်းကို MY SPORTS မှ MD CLIENT EASTHROPE က ဆုကြေးငေ ွကျပ် (၂၅) သိန်း၊ စတုတ္ထနေရာရရှိသော ON DOCTOR FC အသင်းကို ဆုကြေးငွေ ကျပ် (၄၀) သိန်း ပေးအပ်ချီးမြှင့်ခဲ့သည်။
ထို့နောက် အကောင်းဆုံး ကစားသမားဆုရရှိသည့် VUC FC အသင်းမှ DE CARVAIHO JUNIOR အား ဆုကြေးငွေ ကျပ်( ၃) သိန်း၊ အကောင်းဆုံး ဂိုးသမားဆုရရှိသည့် GV FC အသင်းမှ ညီညီသန့်အား ဆုကြေးငွေ ကျပ် ( ၃) သိန်း၊ အသန့်ရှင်းဆုံးဆုရရှိသည့် MFF U 19 အသင်းအား ဆုကြေးငွေ ကျပ်( ၅) သိန်း ပေးအပ်ချီးမြှင့်ခဲ့သည်။
တတိယဆုရရှိသည့် GV FC အသင်းအား တစ်ဦးချင်း ဆုတံဆိပ်နှင့် ဆုကြေးငွေ ကျပ် (၆၀) သိန်း၊ ဒုတိယဆုရရှိသည့် VUC FC အသင်းအား တစ်ဦးချင်း ဆုတံဆိပ်နှင့် ဆုကြေးငွေ ကျပ် (၇၅) သိန်း၊ ပထမဆုရရှိသည့် MIU FC အသင်းအား တစ်ဦးချင်း ဆုတံဆိပ် ပေးအပ်ချီးမြှင့်ခဲ့သည်။
ဆက်လက်ပြီး ပထမဆုရရှိသည့် MIU FC အသင်းအား ဆုကြေးငွေ ကျပ် (၁၀၀) သိန်းနှင့် ဆုဖလား ပေးအပ်ချီးမြှင့်ခဲ့သည်။
MFF MYANMAR FUTSAL LEAGUE 2019-2020 ပြိုင်ပွဲတွင် အဆင့် (၁၂) နေရာရရှိသော LET WEL THONE NARA FC အသင်း၊ အဆင့် (၁၁) နေရာရရှိသော FUTSAL CHIT THU FC အသင်းနှင့် အဆင့် (၁၀) နေရာရရှိသော AMM BROTHERS FC အသင်းတို့အား ဆုကြေးငွေ ကျပ် (၅) သိန်း ၊ အဆင့် (၉) နေရာရရှိသော DREAM TEAM FC အသင်းကို ဆုကြေးငွေ ကျပ် (၁၀) သိန်း၊ အဆင့် (၈) နေရာရရှိသော DO DO KO KO FC အသင်းကို ဆုကြေးငွေ ကျပ် (၁၅) သိန်း၊ အဆင့် (၇) နေရာရရှိသော WINNER FC အသင်းနှင့် အဆင့် (၆) နေရာရရှိသော MYOMA JY FC တို့ကို ဆုကြေးငွေ ကျပ် (၂၀) သိန်းတို့ အသီးသီး ရရှိခဲ့သည်။