လီဗာပူးလ်အသင်း၏ အောင်မြင်မှုများအတွက် ဝမ်းသာကြောင်း ကော်တင်ဟို ပြောကြား

လီဗာပူးလ်အသင်း၏ အောင်မြင်မှုများအတွက် ဝမ်းသာကြောင်း ကော်တင်ဟို ပြောကြား
Photos: Getty Images
Photos: Getty Images
Published 12 February 2020

ဘိုင်ယန်မြူးနစ်ကွင်းလယ်လူ ကော်တင်ဟိုက မိမိအနေဖြင့် အသင်းဟောင်း လီဗာပူးလ်၏ အောင်မြင်မှုများအတွက် ဝမ်းသာကြောင်း ပြောကြားခဲ့သည်။ 

 

ဘိုင်ယန်မြူးနစ်ကွင်းလယ်လူ ကော်တင်ဟိုက မိမိအနေဖြင့် အသင်းဟောင်း လီဗာပူးလ်၏ အောင်မြင်မှုများအတွက် ဝမ်းသာကြောင်း ပြောကြားခဲ့သည်။ 

အသက် (၂၇)နှစ်အရွယ်ရှိ ဘရာဇီးလ်ကွင်းလယ်လူ ကော်တင်ဟိုသည် လီဗာပူးလ်အသင်းတွင် (၅)ရာသီခွဲကစားပြီးနောက် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီအပြောင်းအရွှေ့ကာလတွင် ဘာစီလိုနာအသင်းသို့ ပြောင်းရွှေ့သွားခဲ့သည်။ 

ကော်တင်ဟိုသည် ဘာစီလိုနာအသင်းတွင် ပုံမှန်ခြေစွမ်းရရှိရန် ရုန်းကန်ခဲ့ရပြီး ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်၊ နွေရာသီအပြောင်းအရွှေ့ကာလတွင် ဘိုင်ယန်မြူးနစ်အသင်းသို့ တစ်ရာသီအငှားချထားခြင်း ခံခဲ့ရသည်။ 

လီဗာပူးလ်အသင်းသည် ကော်တင်ဟို ထွက်ခွာသွားပြီးနောက် ၂၀၁၈-၁၉ ရာသီတွင် ချန်ပီယံလိဂ်ပြိုင်ပွဲ၌ ဗိုလ်စွဲသလို၊ ၂၀၁၉ ခုနှစ်တွင် ဥရောပစူပါဖလားနှင့် ဖီဖာကလပ်ကမ္ဘာ့ဖလားတို့ကိုပါ ရယူနိုင်ခဲ့သည်။ ထို့ပြင် ယခုရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲတွင်လည်း ချန်ပီယံဆုကို ရယူနိုင်ရန် အလွန်နီးစပ်နေပြီဖြစ်သည်။ 

ကော်တင်ဟိုက "လီဗာပူးလ်အသင်း အခုလို ခြေစွမ်းပြနေတာကို ကျွန်တော် မအံ့သြပါဘူး။ ပြီးခဲ့တဲ့ ရာသီက ချန်ပီယံလိဂ်ပြိုင်ပွဲမှာ လီဗာပူးလ်အသင်း ဗိုလ်စွဲပါတယ်။ သူတို့မှာ ကစားသမားကောင်းတွေနဲ့ အလွန်တော်တဲ့ နည်းပြတစ်ဦး ရှိနေတာကြောင့် အခုလို အောင်မြင်နေတာကို ကျွန်တော် မအံ့သြပါဘူး။ သူတို့အတွက် ကျွန်တော် အရမ်းပျော်ပါတယ်။ ဘာလို့လဲဆိုတော့ လီဗာပူးလ်အသင်းမှာ ကျွန်တော် သူငယ်ချင်းတွေ၊ အသင်းဖော်တွေ အများကြီး ရှိပါတယ်။ သူတို့အတွက် ကျွန်တော် အရမ်းဝမ်းသာပါတယ်"ဟု ပြောကြားခဲ့သည်။ 

ထို့ပြင် ကော်တင်ဟိုက မိမိအနေဖြင့် လီဗာပူးလ်အသင်းမှ ထွက်ခွာခဲ့ခြင်းအပေါ် နောင်တမရကြောင်းနှင့် အကောင်းဆုံးရှေ့ဆက်နိုင်ရန် ကြိုးစားနေကြောင်းလည်း ပြောကြားခဲ့သည်။ 

"ကျွန်တော့်အနေနဲ့ အတိတ်ကို ပြန်ကြည့်နေမှာ မဟုတ်ပါဘူး။ ကျွန်တော်ဟာ လမ်းကြောင်းတစ်ခုကို ရွေးချယ်ခဲ့တယ်။ အဲဒီလမ်းကြောင်းအတွက် ကျွန်တော် အာရုံစိုက်ပြီး ကြိုးစားနေပါတယ်။ ကျွန်တော့်အနေနဲ့ အတိတ်က စွမ်းဆောင်မှုတွေအတွက် ဝမ်းသာပါတယ်။ ဒါပေမဲ့ အခုအချိန်မှာ အကောင်းဆုံးရှေ့ဆက်နိုင်ဖို့ပဲ ကျွန်တော် အာရုံစိုက်ထားပါတယ်"ဟု ကော်တင်ဟိုက ပြောကြားခဲ့သည်။ 

Most Read

Most Recent