မြန်မာ-ဂျပန်-ထိုင်း မြန်မာ့ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲတွင် စိုးလင်းဦးနှင့် ရွှေရာမာန် ပြိုင်ဘက်များကို အလဲထိုး

မြန်မာ-ဂျပန်-ထိုင်း မြန်မာ့ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲတွင် စိုးလင်းဦးနှင့် ရွှေရာမာန် ပြိုင်ဘက်များကို အလဲထိုး
Photos: Myanmar Lethwei Collection
Photos: Myanmar Lethwei Collection
Published 11 February 2020

 

မွန်ပြည်နယ် ရေးမြို့ ရွှေဆံတော်နှင့် စကားတောင်စေတီဘုရားပွဲအထိမ်းအမှတ် မြန်မာ-ဂျပန်-ထိုင်း ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲကို ဖေဖော်ဝါရီ ၈ ရက်နှင့် ၉ ရက်တွင် ကျင်းပရာ နာမည်ကြီးကစားသမား စိုးလင်းဦးနှင့် ရွှေရာမာန်တို့က ပြိုင်ဘက်များကို အလဲထိုး ဖြင့် အနိုင်ရခဲ့ကြောင်း သိရ သည်။ 

အဆိုပါ သုံးနိုင်ငံလက်ဝှေ့စိန်ခေါ်ပွဲကို ဖေဖော်ဝါရီ ၈ ရက်နှင့် ၉ ရက်တွင် နှစ်ရက် တိုင်ကျင်းပခဲ့ပြီး စိုးလင်းဦးက ဖေဖော်ဝါရီ ၈ ရက်ပွဲစဉ်တွင် မွေထိုင်းလက်ဝှေ့သမား ကွန်ဖစ်နှင့် ရင်ဆိုင်ထိုးသတ်ခဲ့သည်။ 

ကွန်ဖစ်၏ တံတောင်ရိုက်ချက်ကြောင့် ပထမအချီမှာပင် စိုးလင်းဦး နဖူးကွဲခဲ့ရသော်လည်း လူချင်းအပူးတွင် လိုက်ထိုး၊ ကပ်ထိုးသော တိုက်စစ်ပုံစံကြောင့် ကွန်ဖစ် အခက်တွေ့ကာ ဒုတိယအချီ တွင် ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။ 

ဖေဖော်ဝါရီ ၉ ရက်က ကျင်းပသည့် ပွဲစဉ်များ၏ အဓိကတွဲဆိုင်းတွင် ရွှေရာမာန်နှင့် တိုခဲရှိ (ဂျပန်) တို့ ယှဉ်ပြိုင်ထိုးသတ်ရာ ရွှေရာမာန်က ပထမအချီမှာပင် အနိုင်ရခဲ့သည်။ 

ရွှေရာမာန်၏ မြင့်မားသော အရပ်အမောင်းနှင့် အားကောင်းသော လက်သီးချက်၊ ခြေကန်ချက်များကြောင့် ပွဲအစမှာပင် တိုခဲရှိ ရုန်းကန်ခဲ့ရပြီး ခံစစ်ပုံစံလည်း ပျက်သွားခဲ့ရသည်။ 

ရွှေရာမာန်၏ ခြေကန်ချက်ကြောင့် အမှတ်စဉ်ရေ တွက်ခံရသည့် တိုခဲရှီ အနားတောင်းခဲ့ရပြီး ပထမအချီမပြီးဆုံးမီမှာပင် ရွှေရာမာန်က ဝဲယာလက်သီးတွဲလုံးဖြင့် အလဲထိုးအနိုင်ရခဲ့ ခြင်းဖြစ်သည်။ 

 

Most Read

Most Recent