မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊ J.League နှင့် ACJF တို့ ပူးပေါင်းကျင်းပသည့် J.League Football Clinic အစီအစဉ်တွင် ကစားသမား ၈၀ တက်ရောက်

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊ J.League နှင့် ACJF တို့ ပူးပေါင်းကျင်းပသည့် J.League Football Clinic အစီအစဉ်တွင် ကစားသမား ၈၀ တက်ရောက်
Photos: MFF
Photos: MFF
Published 11 February 2020

 

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF)၊ J.League နှင့် ASIA Center Japan Foundation တို့ ပူးပေါင်းကျင်းပသည့် J.League Football Clinic အစီအစဉ်ကို ဖေဖော်ဝါရီ ၁၀ ရက် နံနက် ၉ နာရီက မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် မြက်ခင်းတုဘောလုံးကွင်း၌ ကျင်းပ ရာ ကလေးငယ်စုစုပေါင်း ၈၀ တက်ရောက်နေကြောင်း သိရသည်။

J.League Football Clinic အစီအစဉ်တွင် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော်၊ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံ အမတ် ကြီး မစ္စတာအီချီမာရူ ယာမတို့အပါ အဝင် တာဝန်ရှိသူများတက်ရောက်ခဲ့ကြပြီး နည်းပြများ၊ ကျောင်းသား၊ ကျောင်းသူများ လည်း တက်ရောက်ခဲ့သည်။ 

''ဂျပန်-မြန်မာ နှစ်နိုင်ငံဆက်ဆံရေးဆိုတာ နှစ်နိုင်ငံလုံးအတွက် အရေးကြီးပါတယ်။ နှစ်နိုင်ငံဆက်ဆံရေးမှာ အားကစားကဏ္ဍကလည်း ပါဝင်နေပါတယ်။ ကျွန်တော်တို့အနေနဲ့ ကဏ္ဍပေါင်းစုံ တိုးတက်လာဖို့အတွက် မျှော်လင့်ထားသလို အကောင်းဆုံးဖြစ်အောင်လည်း ကြိုးစားပေးနေပါတယ်။လက်ရှိမှာ မြန်မာနိုင်ငံရဲ့ ဘောလုံးလောကမှာ တိုးတက်လာတာတွေရှိ လို့ ဝမ်းသာရသလို Albirex Singapore အဖွဲ့ကနေ လာရောက်သင်ကြားပေးတဲ့အတွက်လည်း ကျေးဇူးတင်မိပါတယ်''ဟု မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး မစ္စတာ အီချီမာရူယာမက ပြောကြားသည်။

ယခုအစီအစဉ်အရ ဂျပန်နှင့် မြန်မာနိုင်ငံမှ နည်းပြများပူးပေါင်း၍ အသက် ၁၂ နှစ်အောက် ကလေးငယ် ၈၀ ကို ဖေဖော်ဝါရီ ၁၀ ရက်မှ ၁၄ ရက်အထိ အခြေခံဘောလုံး နည်းစနစ်များ သင်ကြားပြသပေးမည်ဖြစ်သည်။ 

''ဘောလုံံးအားကစားနည်းဆိုတာက ကလေးတွေရဲ့ဘောလုံးကစားနည်းစွမ်းရည်တစ်ခုတည်းကို ထူးချွန်စေတာမဟုတ်ပါဘူး။ ကလေးတွေရဲ့ ကျန်းမာရေးအတွက် ဒါဟာ ပူးပေါင်းဆောင်ရွက်မှုဖြစ်သလို မူးယစ်ကင်းစင်ရေးအတွက်လည်း ဆက်စပ်နေတဲ့အချက် ဖြစ်တာကြောင့် မြန်မာနိုင်ငံဘောလုံးလောက တိုးတက်ပြောင်းလဲဖို့အတွက် လာရောက်သင်ကြားပေးတဲ့ Albirex Singapore အဖွဲ့ကို ကျေးဇူးတင်ပါတယ်''ဟု MFF ဥက္ကဋ္ဌ ဦးဇော် ဇော်က ပြောကြားသည်။ 

 

Most Read

Most Recent