မောင့်ပယ်လီယာနှင့်ပွဲတွင် လူစားလဲခံရသဖြင့် ဘာပေ ဒေါသပေါက်ကွဲခဲ့ပြီး ကွင်းဘေးစည်း၌ နည်းပြ တူဟယ်လ်နှင့် အချေအတင်စကားများခဲ့

မောင့်ပယ်လီယာနှင့်ပွဲတွင် လူစားလဲခံရသဖြင့် ဘာပေ ဒေါသပေါက်ကွဲခဲ့ပြီး ကွင်းဘေးစည်း၌ နည်းပြ တူဟယ်လ်နှင့် အချေအတင်စကားများခဲ့
Photos: Getty Images
Photos: Getty Images
Published 2 February 2020

ဘာပေသည် တူဟယ်လ်နှင့် (၁၅) စက္ကန့်နီးပါး စကားအချေအတင် ပြောဆိုပြီးနောက် အရန်ခုံတန်းသို့ လာရာတွင် အသင်းဝန်ထမ်းတစ်ဦး ကမ်းပေးသည့် ဂျာကင်အကျႌကိုလည်း လက်ခံခဲ့ခြင်းမရှိကြောင်း သိရသည်။ ထို့နောက် ဘာပေသည် အရန်ခုံတန်းတွင် သုန်မှုန်သည့် မျက်နှာပေးဖြင့် ထိုင်နေပြီး အသင်းဖော်များကို စကားပြောကြားခဲ့ခြင်း မရှိကြောင်းလည်း သိရသည်။

 

PSG တိုက်စစ်မှူး ဘာပေသည် မောင့်ပယ်လီယာအသင်းနှင့်ပွဲတွင် လူစားလဲခံရသဖြင့် ဒေါသပေါက်ကွဲခဲ့ပြီး အရန်ထိုင်ခုံအသွား ကွင်းဘေးစည်း၌ အသင်းနည်းပြ တူဟယ်လ်နှင့် အချေအတင်စကားများခဲ့ကြောင်း သိရသည်။

မနေ့က ကစားခဲ့သည့် ပြင်သစ်လီဂူးပွဲစဉ် PSG  (၅-၀) မောင့်ပယ်လီယာပွဲ၌ ဘာပေသည် ပွဲချိန် (၅၇)မိနစ်၌ PSG  အသင်းအတွက် စတုတ္ထမြောက်ဂိုးကို သွင်းယူပေးခဲ့သည်။ သို့သော် PSG  အသင်းနည်းပြ တူဟယ်လ်သည် ပွဲချိန် (၆၈) မိနစ်တွင် ဘာပေကို အခြားတိုက်စစ်မှူးတစ်ဦးဖြစ်သည့် အီကာဒီနှင့် လူစားလဲခဲ့သည်။ ဘာပေသည် ယင်းသို့ လူစားလဲခံရသည့်အတွက် ဒေါသပေါက်ကွဲခဲ့ပြီး ကွင်းအပြင် ထွက်လာစဉ်တွင် စကား ပြောရန် ကြိုးစားခဲ့သည့် နည်းပြ တူဟယ်လ်ကို ငြင်းဆန်ခဲ့သည်။

သို့သော် တူဟယ်လ်သည် ဘာပေကို တားဆီးခဲ့ပြီး ပခုံးနှစ်ဖက်ကိုကိုင်ကာ စကားပြောဆိုခဲ့သည်ကို ဗီဒီယိုဖိုင်များတွင် မြင်တွေ့ခဲ့ရသည်။ တူဟယ်လ်နှင့် ဘာပေတို့သည် တစ်ဦးနှင့် တစ်ဦး အပြန်အလှန်ပြောဆိုခဲ့ကြပြီး ဘာပေအနေဖြင့် တူဟယ်လ်၏ ပြောဆိုမှုများကို သဘောမကျသည့် ပုံစံမျိုးမြင်တွေ့ခဲ့ရသည်။

ဘာပေသည် တူဟယ်လ်နှင့် (၁၅) စက္ကန့်နီးပါး စကားအချေအတင် ပြောဆိုပြီးနောက် အရန်ခုံတန်းသို့ လာရာတွင် အသင်းဝန်ထမ်းတစ်ဦး ကမ်းပေးသည့် ဂျာကင်ကိုလည်း လက်ခံခဲ့ခြင်းမရှိကြောင်း သိရသည်။ ထို့နောက် ဘာပေသည် အရန်ခုံတန်းတွင် သုန်မှုန်သည့် မျက်နှာပေးဖြင့် ထိုင်နေပြီး အသင်းဖော်များကို စကားပြောကြားခဲ့ခြင်း မရှိကြောင်းလည်း သိရသည်။ အသက် (၂၁)နှစ်အရွယ်ရှိ ပြင်သစ်တိုက်စစ်မှူး ဘာပေ သည် ယ ခုရာသီတွင် PSG အသင်းအတွက် ပြိုင်ပွဲစုံ (၂၅)ပွဲတွင် (၂၂)ဂိုးအထိ သွင်းယူပေးထားသည်။

PSG  အသင်းနည်းပြ တူဟယ်လ်က လူစားလဲချိန် တွင် ဒေါသပေါက်ကွဲခဲ့သည့် ဘာပေအနေဖြင့် နည်းပြဖြစ်သည့် မိမိ၏ဆုံးဖြတ်ချက်ကို လိုက်နာရမည်ဖြစ်ကြောင်း မောင့်ပယ်လီယာနှင့်ပွဲအပြီးတွင် ပြောကြားခဲ့သည်။ ၎င်းက "ဘာပေက သိတတ်တဲ့ ကောင်လေးပါ။ အခုလည်း သူဘာလုပ်ခဲ့တယ်ဆိုတာကို သူနားလည်ပါလိမ့်မယ်။ ကစားသမားတိုင်း ဘောလုံးကစားချင်တာချည်းပါပဲ။ ဒါပေမဲ့ ကစားသမားတွေအနေနဲ့ နည်းပြရဲ့ ဆုံးဖြတ်ချက်ကို လိုက်နာရမှာပါ" ဟု ပြောကြားခဲ့သည်။

Most Read

Most Recent