၂၀၂၀ အိုလံပစ် တတိယအဆင့်ခြေစစ်ပွဲအဖြစ် မြန်မာနှင့် တောင်ကိုရီးယားအသင်း ဖေဖော်ဝါရီ ၃ ရက်တွင် ယှဉ်ပြိုင်ကစားမည်ဖြစ်ပြီး အကောင်းဆုံးအနေအထားရရှိရန် ပြင်ဆင်ထားဟု ယာယီနည်းပြချုပ် ဦးတင်မြင့်အောင်ပြောကြား

၂၀၂၀ အိုလံပစ် တတိယအဆင့်ခြေစစ်ပွဲအဖြစ် မြန်မာနှင့် တောင်ကိုရီးယားအသင်း ဖေဖော်ဝါရီ ၃ ရက်တွင် ယှဉ်ပြိုင်ကစားမည်ဖြစ်ပြီး အကောင်းဆုံးအနေအထားရရှိရန် ပြင်ဆင်ထားဟု ယာယီနည်းပြချုပ် ဦးတင်မြင့်အောင်ပြောကြား
Photos: MFF
Photos: MFF
Published 2 February 2020

အိုလံပစ် တတိယအဆင့် ခြေစစ်ပွဲကို အုပ်စုနှစ်ခုခွဲ၍ ကျင်းပမည်ဖြစ်ပြီး အုပ်စု (က) တွင် တောင်ကိုရီးယား၊ ဗီယက်နမ်၊ မြန်မာ၊ အုပ်စု (ခ) တွင် သြစတြေးလျ၊ တရုတ်၊ ထိုင်းနှင့် တရုတ်တိုင်ပေအသင်းတို့ ပါဝင်နေသည်။ အုပ်စု (က) ပွဲစဉ်များကို တောင်ကိုရီးယား၊ အုပ်စု (ခ) ပွဲစဉ်များကို သြစတြေးလျနိုင်ငံတို့က အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်ဖြစ်ပြီး မြန်မာအသင်းပါဝင်သည့် အုပ်စုတွင် မြောက်ကိုရီးယားအသင်း နုတ်ထွက် သွား၍ သုံးသင်းသာ ကျန်ရှိသောကြောင့် တစ်နေ့လျှင် တစ်ပွဲနှုန်း ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

 

၀၂၀ တိုကျိုအိုလံပစ် အမျိုးသမီးဘောလုံး တတိယအဆင့်ခြေစစ်ပွဲ ပထမနေ့ကို ဖေဖော်ဝါရီ ၃ ရက်တွင် စတင်ကျင်းပမည်ဖြစ်ပြီး မြန်မာအသင်းသည် အာရှထိပ်သီး တောင်ကိုရီးယားအသင်းနှင့် စတင် ကစားရမည်ဖြစ်သည်။

အိုလံပစ် တတိယအဆင့် ခြေစစ်ပွဲကို အုပ်စုနှစ်ခုခွဲ၍ ကျင်းပမည်ဖြစ်ပြီး အုပ်စု (က) တွင် တောင်ကိုရီးယား၊ ဗီယက်နမ်၊ မြန်မာ၊ အုပ်စု (ခ) တွင် သြစတြေးလျ၊ တရုတ်၊ ထိုင်းနှင့် တရုတ်တိုင်ပေအသင်းတို့ ပါဝင်နေသည်။ အုပ်စု (က) ပွဲစဉ်များကို တောင်ကိုရီးယား၊ အုပ်စု (ခ) ပွဲစဉ်များကို သြစတြေးလျနိုင်ငံတို့က အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်ဖြစ်ပြီး မြန်မာအသင်းပါဝင်သည့် အုပ်စုတွင် မြောက်ကိုရီးယားအသင်း နုတ်ထွက် သွား၍ သုံးသင်းသာ ကျန်ရှိသောကြောင့် တစ်နေ့လျှင် တစ်ပွဲနှုန်း ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

အုပ်စု (က) ပွဲစဉ်များကို ဖေဖော်ဝါရီ ၃ ရက်မှ ၉ ရက်၊ အုပ်စု (ခ) ပွဲစဉ်များကို ဖေဖော် ၀ါရီ ၃ ရက်မှ ၁၂ ရက်အထိ ကျင်းပမည်ဖြစ်ပြီး အုပ်စု (ခ) ပထမနေ့တွင်  တစ်ပွဲသာ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ ပထမနေ့အဖြစ် မြန်မာစံတော်ချိန် ညနေ ၄ နာရီခွဲတွင် မြန်မာအသင်းနှင့် တောင်ကိုရီးယားအသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်ပြီး အုပ်စု (ခ) ပထမနေ့တွင် ထိုင်းအသင်းနှင့် တရုတ်တိုင်ပေအသင်းတို့ ယှဉ်ပြိုင် ကစားရမည်ဖြစ်သည်။

မြန်မာအမျိုးသမီးအသင်း ယာယီနည်းပြချုပ် ဦးတင်မြင့်အောင်က "ထိုင်းအသင်းနဲ့ ခြေစမ်းပွဲအပေါ် မူတည်ပြီး ပြင်ဆင်ထားပါတယ်။ လက်ရှိရွေးချယ်ထားတဲ့ ကစားသမားတွေထဲမှာ အတွေ့အကြုံရှိတဲ့သူတွေ၊ လူငယ်ကစားသမားတွေ ပါဝင်ပါတယ်။ အကောင်းဆုံးအနေအထား ရရှိအောင် ပြင်ဆင်ထားပါတယ်" ဟု ပြောကြားခဲ့သည်။

မြောက်ကိုရီးယားအသင်း နုတ်ထွက်သွားသောကြောင့် မြန်မာ အသင်းအနေဖြင့် နောက်ဆုံးအဆင့် ခြေစစ်ပွဲတက်ရောက်ခွင့်ရရန် မျှော်လင့်ချက်ရှိနေပြီး ဗီယက်နမ်နှင့်ပွဲမှာ အဆုံးအဖြတ်ဖြစ်နေသည်။ မြန်မာ အသင်းသည် တောင်ကိုရီးယားနှင့်ပွဲတွင် ဂိုးပြတ်မရှုံးရန် လိုအပ်ပြီး ဗီယက်နမ်နှင့်ပွဲတွင်လည်း ရလဒ်ကောင်းရယူနိုင်ရန် လိုအပ်နေသည်။ ခြေစစ်ပွဲကျင်းပသည့်ပုံစံအရ အုပ်စုတစ်ခုစီမှ အမှတ်အများဆုံးရသည့် ထိပ်ဆုံးနှစ်သင်းမှာ နောက်ဆုံး အဆင့်ခြေစစ်ပွဲသို့ တက်ရောက်ခွင့်ရမည်ဖြစ်ပြီး မတ်လတွင် ဆက်လက်ကျင်းပမည်ဖြစ်သည်။

 

 

Most Read

Most Recent