WLC ၏ ပထမဆုံးပြည်ပပြိုင်ပွဲကို ဧပြီ ၃ ရက်တွင် ကမ္ဘောဒီးယားနိုင်ငံ၌ ကျင်းပမည်ဟု မြန်မာလက်ခမောင်းကုမ္ပဏီ အတည်ပြု

WLC ၏ ပထမဆုံးပြည်ပပြိုင်ပွဲကို ဧပြီ ၃ ရက်တွင် ကမ္ဘောဒီးယားနိုင်ငံ၌ ကျင်းပမည်ဟု မြန်မာလက်ခမောင်းကုမ္ပဏီ အတည်ပြု
Photos: EMG
Photos: EMG
Published 2 February 2020

မြန်မာလက်ခမောင်းကုမ္ပဏီသည် WLC မြန်မာ့ရိုးရာလက်ဝှေ့ ပြိုင်ပွဲကို ၂၀၁၇ ခုနှစ် မတ် ၃ ရက်တွင် မင်္ဂလာဒုံဥယျာဉ်မြို့ တော်၌ စတင်ကျင်းပခဲ့ပြီး ၂၀၁၇ ခုနှစ်တွင် သုံးပွဲ၊ ၂၀၁၈ ခုနှစ်တွင် သုံးပွဲ၊ ၂၀၁၉ ခုနှစ် တွင် လေးပွဲကျင်းပထားကာ လက်ရှိအချိန်ထိ ပြိုင်ပွဲ ၁၁ ပွဲ ကျင်းပထားပြီးဖြစ်သည်။ ၂၀၂၀ ပြည့်နှစ်အတွက် ပထမဆုံးပြိုင်ပွဲအဖြစ် WLC:11 ပြိုင်ပွဲကို ဇန်နဝါရီ ၃၁ ရက်က ရန်ကုန်မြို့ရှိ သိမ်ဖြူအားကစားရုံ၌ ကျင်းပခဲ့သည်။

 

မြန်မာလက်ခမောင်းကုမ္ပဏီသည် WLC မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲကို ပြည်ပ နိုင်ငံ၌ ပထမဆုံးအကြိမ် သွားရောက်ကျင်းပမည်ဖြစ်ပြီး ဧပြီ ၃ ရက်တွင် ကမ္ဘောဒီးယား နိုင်ငံ၌ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

မြန်မာလက်ခမောင်းကုမ္ပဏီသည် WLC:12 ပြိုင်ပွဲကို ကမ္ဘောဒီးယားနိုင်ငံ၌ ကျင်းပမည်ဖြစ်ပြီး ယခင်က မတ်လတွင် ကျင်းပရန် စီစဉ်ထားသော်လည်း သက်ဆိုင်ရာအဖွဲ့အစည်းများနှင့်ညှိနှိုင်းကာ ရွှေ့ဆိုင်း ခဲ့ခြင်းဖြစ်သည်။

" WLC:12 ပြိုင်ပွဲ ကျင်းပမယ့်ကာလ အတည်ဖြစ်ပါပြီ။ ဧပြီ ၃ ရက်မှာ ကျင်းပမှာဖြစ်ပါတယ်။ WLC ရဲ့ ပထမဆုံး ပြည်ပမှာကျင်းပမယ့် ပြိုင်ပွဲလည်းဖြစ်ပါတယ်။ တွဲဆိုင်းတွေလည်း လျာထားပြီးဖြစ်ပေမဲ့ အတည်ဖြစ်ရင် ထုတ်ပြန်ပေးမှာပါ။ မြန်မာလက်ဝှေ့ကစားသမားတွေရော ပြည်ပကစားသမားတွေပါ ပါဝင်မှာဖြစ်ပါတယ်။ မြန်မာကစားသမားတွေထဲမှာ သေချာပေါက် ပါဝင်မယ့်ကစားသမားက ရန်နိုင်ထွန်းဖြစ်ပါတယ်။ ပြည်ပမှာ ပထမဆုံးကျင်းပမယ့်ပြိုင်ပွဲ ဖြစ်တာကြောင့် အောင်မြင်အောင်ကျင်းပနိုင်ဖို့ စီစဉ်ဆောင်ရွက်နေပါတယ်" ဟု မြန်မာလက်ခမောင်းကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

မြန်မာလက်ခမောင်းကုမ္ပဏီသည် WLC မြန်မာ့ရိုးရာလက်ဝှေ့ ပြိုင်ပွဲကို ၂၀၁၇ ခုနှစ် မတ် ၃ ရက်တွင် မင်္ဂလာဒုံဥယျာဉ်မြို့ တော်၌ စတင်ကျင်းပခဲ့ပြီး ၂၀၁၇ ခုနှစ်တွင် သုံးပွဲ၊ ၂၀၁၈ ခုနှစ်တွင် သုံးပွဲ၊ ၂၀၁၉ ခုနှစ် တွင် လေးပွဲကျင်းပထားကာ လက်ရှိအချိန်ထိ ပြိုင်ပွဲ ၁၁ ပွဲ ကျင်းပထားပြီးဖြစ်သည်။ ၂၀၂၀ ပြည့်နှစ်အတွက် ပထမဆုံးပြိုင်ပွဲအဖြစ် WLC:11 ပြိုင်ပွဲကို ဇန်နဝါရီ ၃၁ ရက်က ရန်ကုန်မြို့ရှိ သိမ်ဖြူအားကစားရုံ၌ ကျင်းပခဲ့သည်။

ယင်းပြိုင်ပွဲတွင် မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံလုပွဲ ထည့်သွင်းကျင်းပခဲ့ပြီး စိန်ခေါ်သူ ဥဇဘက်ကစ္စတန်နိုင်ငံသား တူတာဗို့က ချန်ပီယံတူးတူးကို အမှတ်ဖြင့် အနိုင်ယူကာ ချန်ပီယံသစ်ဖြစ်လာခဲ့သည်။  မြန်မာ လက်ခမောင်းကုမ္ပဏီသည် WLC ပြိုင်ပွဲကို ကမ္ဘောဒီးယားနိုင်ငံအပြင် အခြားနိုင်ငံများ၌လည်း ကျင်းပရန် စီစဉ်ထားပြီး ထိုင်း၊ အမေရိကန်နှင့် ဂျပန်နိုင်ငံတို့၌ ထပ်မံကျင်းပနိုင်ရန် ကြိုးပမ်းလျက်ရှိသည်။

မြန်မာလက် ခမောင်းကုမ္ပဏီသည် မြန်မာ့ရိုးရာလက်ဝှေ့ ပြိုင်ပွဲကို နိုင်ငံတကာအဆင့်မီ တင်ဆက်မှုများကြောင့် ပရိသတ်လက်ခံအားပေးမှုရရှိထားပြီး အမှတ်ပေးစနစ်ဖြင့်ကျင်းပနေသည့် ပြိုင်ပွဲဖြစ်သည်။ WLC တွင် ၀ိတ်တန်းအလိုက် ကမ္ဘာ့ချန်ပီယံများရှိပြီး ပြည်ပကစားသမားများကိုမူ စာချုပ်ချုပ်ဆို၍ ယှဉ်ပြိုင်စေခြင်း ဖြစ်သည်။

 

Most Read

Most Recent