အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က တောင်းဆိုခဲ့ပြီးနောက် နေတိုးအဖွဲ့သည် အ ရှေ့အလယ်ပိုင်းဒေသ၌ အထူးသဖြင့် လေ့ ကျင့်ရေးမစ်ရှင်များတွင် အခန်းကဏ္ဍကို မြှင့် တင်ရန် စဉ်းစားနေကြောင်း နေတိုးအဖွဲ့ အ ကြီးအကဲက ဇန်နဝါရီ ၉ ရက်တွင် ပြောကြားခဲ့သည်။
ဒုက္ခတွေ့နေရသော ဒေသတွင်း၌ ပိုမိုပါဝင်လုပ်ဆောင်ရန် အတ္တလန္တိတ် မဟာမိတ်အဖွဲ့အပေါ် အ မေရိကန်ခေါင်းဆောင်၏ တောင်းဆိုချက်ကို တုံ့ပြန်သောအားဖြင့် နေတိုးအဖွဲ့ အတွင်းရေးမှူးချုပ် ယန်းစတော် တင်ဘတ်က ယင်းသည် တိုက်ခိုက်ရေးတပ် ဖွဲ့ဝင်များ အကြီးအကျယ်ချထားရန် ဆိုလို ခြင်းမဟုတ်ကြောင်း ပြောကြားခဲ့သည်။
အာဖဂန်နစ္စတန်နှင့် အီရတ်တို့၌ မဟာ မိတ်များက လုပ်ဆောင်ပေးနေသော လေ့ ကျင့်ရေးမစ်ရှင်များကို စတော်တင်ဘတ်က ထောက်ပြခဲ့သည်။ ယင်းနှစ်နိုင်ငံတွင် ဒေသ ခံတပ်ဖွဲ့ဝင်များကို လေ့ကျင့်ပေးရန် နေတိုး တပ်ဖွဲ့ဝင် ၅၀၀ ခန့်ကို တပ်ချထားသည်။
“နိုင်ငံတကာ အကြမ်းဖက်မှုတွေကို ကျွန်တော်တို့ တိုက်ဖျက်နိုင်ဖို့ အကောင်းဆုံး နည်းလမ်းကတော့ စစ်ဆင်ရေးကြီးတွေမှာ နေတိုးတပ်ဖွဲ့ဝင်တွေ ချထားတာပဲဆိုတာ အမြဲတမ်း မဟုတ်ပါဘူးလို့ ကျွန်တော် ခိုင် ခိုင်မာမာ ယုံကြည်ပါတယ်”ဟု စတော်တင်ဘတ်က ပြောကြားခဲ့သည်။
“အကောင်းဆုံးနည်းလမ်းက ဒေသခံတပ်ဖွဲ့ဝင်တွေအနေနဲ့ အကြမ်းဖက်မှုတွေ ကို သူတို့ကိုယ်တိုင် တိုက်ခိုက်နိုင်စွမ်းရှိစေ တာပါပဲ။ ကျွန်တော်တို့ အာဖဂန်နစ္စတန်မှာ လုပ်ခဲ့တာ၊ ကျွန်တော်တို့ အီရတ်မှာ လုပ်ခဲ့ တာ အဲဒီအတိုင်းပါပဲ။ တကယ်တော့ အဲဒီလိုမျိုးကို ကျွန်တော်တို့ ပိုပြီး လုပ်နိုင်မလားဆိုတာ ကျွန်တော်တို့ ကြည့်ကြည့်ရမှာပါ”ဟု ၎င်းက ပြောကြားခဲ့သည်။
အီရတ်ရှိ အမေရိကန်အခြေစိုက်စခန်းများကို အီရန်က ဒုံးကျည်ဖြင့် တိုက်ခိုက်ခဲ့သည့် ည၌ အမေရိကန်သမ္မတက ကြေညာချက်တစ်ရပ် ထုတ်ပြန်စဉ်အတွင်း ယင်းကဲ့သို့ တောင်းဆိုမှု ပြုလုပ်ခဲ့ပြီးနောက် ထရန့် နှင့် စတော်တင်ဘတ်တို့ ဇန်နဝါရီ ၈ ရက် တွင် တွေ့ဆုံခဲ့သည်။
သက်တမ်း နှစ် ၇၀ ရှိပြီဖြစ်သည့် မဟာ မိတ်အဖွဲ့က ၎င်းတို့သည် သမိုင်းတွင် အအောင်မြင်ဆုံးဖြစ်ကြောင်းနှင့် စစ်အေး ခေတ်တစ်လျှောက်လုံး အနောက်ပိုင်းဥရောပ လုံခြုံရေးအတွက် အချက်အချာ ဖြစ်ခဲ့ကြောင်း ဝင့်ကြွားခဲ့သည်။
ယင်းမဟာမိတ်အဖွဲ့၏ စစ်တပ်များ ရင်ဆိုင်နေရသည့် စိန်ခေါ်မှုများသည် အာရှ၊ မြောက်အာဖရိကနှင့် အရှေ့ပိုင်းအနီးဒေသတို့တွင် ဖြစ်သော်လည်း နေတိုးအဖွဲ့၏ အခန်းကဏ္ဍနှင့် ၎င်းကို ထူထောင်ထားသည့် သဘောတူညီချက်သည် ဥရောပနှင့် မြောက်အမေရိက လုံခြုံရေးကိုသာ အဓိကထားသည်။
နေတိုးအဖွဲ့အနေဖြင့် သူ၏အခန်းကဏ္ဍကို မည်သို့မည်ပုံ မြှင့်တင်မည်ဆိုသည်ကို အသေးစိတ် ရှုမြင်ပြရန် စတော်တင်ဘတ်က ငြင်းဆိုခဲ့သော်လည်း အဖွဲ့ဝင် ၂၉ နိုင်ငံ စလုံးနှင့်သာမက အရှေ့အလယ်ပိုင်းရှိ နိုင်ငံ များနှင့် တိုင်ပင်ညှိနှိုင်းပြီးနောက်မှသာ ပြောင်းလဲမှုတစ်စုံတစ်ရာကို ပြုလုပ်မည်ဖြစ် ကြောင်း အထူးပြုပြောကြားခဲ့သည်။
ဘဂ္ဂဒက်မြို့၌ အီရန်ဗိုလ်ချုပ်ကြီး ကာ ဆင်ဆိုလေမာနီကို သေဆုံးစေခဲ့သည့် အမေရိကန်တို့၏ ဇန်နဝါရီ ၃ ရက် တိုက်ခိုက်မှု ပြီးနောက် လုံခြုံရေးစိုးရိမ်ရမှုများကြောင့် နေတိုးအဖွဲ့သည် အီရတ်ရှိ ၎င်းတို့၏ လေ့ကျင့် သင်တန်းပေးမှုအစီအစဉ်များကို ရွှေ့ဆိုင်းထားခဲ့သည်။














