ပရီးမီးယားလိဂ်ပွဲစဉ်(၂၁) ပွဲကြိုသုံးသပ်ချက်

ပရီးမီးယားလိဂ်ပွဲစဉ်(၂၁) ပွဲကြိုသုံးသပ်ချက်
Published 2 January 2020

လီဗာပူးလ် နှင့် ရှက်ဖီးယူနိုက်တက် (သောကြာနံနက် ၂း၃၀ နာရီ)

လီဗာပူးလ်ကလည်း ပွဲကျပ်ကာလတွေကို တောက်လျှောက်ရင်ဆိုင်ရမှာပါ။ လက်စတာ၊ ဝုလ်ဗ်တို့နဲ့အပြီးမှာ အမှတ်ပေးဇယား ထိပ်ပိုင်း (၁၀)သင်းထဲက အသင်းတစ်သင်းနဲ့ ထပ်မံရင်ဆိုင်ရခြင်းဖြစ်တယ်။ ရှက်ဖီးယူနိုက်တက်က မာကျောတဲ့အသင်းကောင်းတစ်သင်းဖြစ်ပြီး ခံစစ်ပိုင်းကစားပုံကလည်း စနစ်ကျတယ်။ အားနည်းချက်က တိုက်စစ်ပိုင်း ဂိုးသွင်းနှုန်းဖြစ်ပြီး လီဗာပူးလ်လိုအသင်းကြီးနဲ့ ကစားရတဲ့အခါ ပြိုင်ဘက်အသင်းဘက်ကို ထိုးဖောက်နိုင်စွမ်း ပိုမိုကျဆင်းသွားနိုင်တယ်။ အခုနောက်ပိုင်း လီဗာပူးလ်နဲ့ပတ်သက်ပြီး မြင်ရတာက ရလဒ်ပိုင်း ပြတ်သားဖို့အတွက်ကိုပါ အာရုံစိုက်ကစားလာတာ တွေ့ရတယ်။ အရင်က ရလဒ်ပိုင်းက ကောင်းရုံဖြစ်ပြီး တစ်ပွဲချင်းကို အရှိန်မပြတ်ဖို့အတွက်သာ ဦးစားပေးပေမယ့် မန်စီးတီးအသင်း အမှတ်တွေလျော့လာတဲ့အချိန်မှာ လီဗာပူးလ်ရဲ့ကစားပုံက ပိုဖိအားလျော့လာတယ်။ ဒါပေမဲ့ ရှက်ဖီးရဲ့ခံစစ်ကစားပုံကြောင့် ဂိုးပြတ်ဖို့တော့ခက်ပါတယ်။ (၂-၀)လောက်ဖြစ်မယ်။

 

Most Read

Most Recent