Forbes က ထုတ်ပြန်သည့် ဆယ်စုနှစ်အတွင်း ဝင်ငွေအများဆုံးအားကစားသမားစာရင်းတွင် မေဝယ်သာ၊ စီရော်နယ်လ်ဒိုနှင့် မက်ဆီတို့ဦးဆောင်

Forbes က ထုတ်ပြန်သည့် ဆယ်စုနှစ်အတွင်း ဝင်ငွေအများဆုံးအားကစားသမားစာရင်းတွင် မေဝယ်သာ၊ စီရော်နယ်လ်ဒိုနှင့် မက်ဆီတို့ဦးဆောင်
Published 31 December 2019

 

နာမည်ကျော် စီးပွားရေးမဂ္ဂဇင်းတစ်စောင်ဖြစ်သည့် Forbes ကထုတ်ပြန်လိုက်သည့် ဆယ်စုနှစ်အတွင်း ဝင်ငွေအကောင်းဆုံးအားကစားသမား (၁၀)ဦးစာရင်းတွင် မေဝယ်သာ၊ စီရော်နယ်လ်ဒိုနှင့် မက်ဆီတို့က ထိပ်ဆုံး တွင် ဦးဆောင်ခဲ့ကြကြောင်း သိရှိရသည်။

ယခုစာရင်းသည် ကစားသမားဘဝတစ်လျှောက် ဝင်ငွေမဟုတ်သလို၊ ကစားသမား၏ ချမ်းသာကြွယ်ဝမှု အရပ်ရပ်ပေါင်းမဟုတ်ဘဲ (၂၀၁၀)ခုနှစ်မှစ၍ ယခု ၂၀၁၉ နှစ်ကုန်အထိ (၁၀)နှစ်တာ ကာလအတွင်း ရရှိခဲ့သည့် ဝင် ငွေစုစုပေါင်းကို တွက်ချက်ဖော်ပြခဲ့ခြင်းဖြစ်သည်။ 

အမေရိကန်နာမည်ကျော်လက်ဝှေ့သမားတစ်ဦးဖြစ်သည့် ဖလွိုက်မေဝယ်သာက ယင်းဆယ်စုနှစ်တစ်ခုတာကာလအတွင်း ဝင်ငွေ ဒေါ်လာ (၁)ဘီလီယံနီးပါးရှိကာ ထိပ်ဆုံးတွင် ဦးဆောင်ခဲ့ခြင်းဖြစ်ပြီး နာမည်ကျော်ဘောလုံးသမားနှစ်ဦးဖြစ်သည့် စီရော်နယ်လ်ဒိုနှင့် မက်ဆီတို့က ဒုတိယ နှင့် တတိယနေရာတို့တွင် အသီးသီးရပ်တည်ခဲ့ကြခြင်း ဖြစ်သည်။

ယင်းဝင်ငွေများထဲတွင် သက်ဆိုင်ရာ အားကစားနယ်ပယ်မှ ရရှိသည့် ဝင်ငွေအပြင်၊ ကစားသမားများ၏ စ ပွန်ဆာစာချုပ်များ၊ အပိုဆုကြေးများလည်း ပါဝင်ပြီး ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းများမှ ရရှိသည့်ဝင်ငွေကိုမူ ထည့် သွင်းထားခြင်းမရှိချေ။ 

ထိပ်ဆုံး (၁၀)ဦး စာရင်းတွင် ပါဝင်သည့် ကစားသမားများ၏ ဆယ်နှစ်တာအတွင်း ဝင်ငွေစုစုပေါင်းမှာ ဒေါ်လာ (၆.၁၄) ဘီလီယံအထိရှိပြီး ဝင်ငွေအ များဆုံးမှာ ဒေါ်လာ သန်း (၉၀၀)ကျော်မှ အနည်းဆုံးက ဒေါ်လာ သန်း (၄၀၀) အထိ ရရှိခဲ့ကြသည်။

ယင်းကစားသမား (၁၀)ဦးစာရင်းတွင် လက်ဝှေ့သမားနှစ်ဦး၊ ဘောလုံးသမား နှစ်ဦး၊ ဘက်စကတ်ဘောသမားနှစ်ဦး၊ ဂေါ့ဖ်ကစားသမား နှစ်ဦး၊ တင်းနစ်ကစားသမား တစ်ဦးနှင့် ပြိုင်ကားမောင်းသူ တစ်ဦးပါဝင်ခဲ့ပြီး ယင်းကစားသမားများမှာ မေဝယ်သာ၊ စီရော်နယ်လ်ဒို၊ မက်ဆီ၊ လီဘရွန်ဂျိမ်းစ်၊ ဖက်ဒါရာ၊ တိုက်ဂါးဝုဒ်၊ ဖီးလ်မစ် ကယ်လ် ဆန်၊ ပက်ကီယောင်း၊ ကီဗင်ဒူးရန့်နှင့် ဟာမီလ်တန်တို့ဖြစ်သည်။ 

ယင်းကစားသမားများထဲတွင် ကစားသမားဘဝမှ အနားယူခဲ့ဖူးသူမှာ မေဝယ်သာ တစ်ဦးသာပါဝင်ပြီး ကျန်ကစားသမားများမှာ လက်ရှိအချိန်အထိ ပြိုင်ပွဲများတွင် ယှဉ်ပြိုင်နေကြဆဲဖြစ်သည်။ 

သို့ရာတွင် မေဝယ်သာသည် နောက်ဆုံး (၁၀)နှစ်အတွင်း လက်ဝှေ့ ပွဲ (၁၀)ပွဲသာ ထိုး သတ်ခဲ့ရသလို၊ နောက်ပိုင်းနှစ်များတွင်လည်း လက်ဝှေ့ ထိုးသတ်ခဲ့ခြင်းမရှိခဲ့ချေ။ 

သူသည် ယင်းဝင်ငွေများအနက် ဒေါ်လာသန်း (၃၀၀)ကျော်ကို မက်ဂရီဂေါ်နှင့် ထိုးသတ်ခဲ့သည့် ပွဲတစ်ပွဲတည်းမှ ရရှိခဲ့ခြင်းဖြစ်ပြီး ၂၀၁၅ ခုနှစ်က ပက်ကီယောင်းနှင့် ထိုးသတ်စဉ်က ရရှိခဲ့သည့် ဒေါ်လာ သန်း (၂၀၀)နှင့်ပေါင်းပါက ယင်းနှစ်ပွဲမှရရှိသည့် ဝင်ငွေ ပင် ထိပ်ဆုံး (၁၀)ဦးအတွင်း ဝင်နေမည်ဖြစ်သည်။

စီရော်နယ်လ်ဒိုနှင့် မက်ဆီတို့မှာမူ ဒေါ်လာ သန်း (၈၀၀)နှင့် သန်း (၇၅၀) အသီးသီးရရှိခဲ့ကြပြီး ၎င်းတို့မှာ မူ သက်ဆိုင်ရာအားကစားနည်းမှ တိုက်ရိုက်ရရှိသည့် ဝင်ငွေထက် စပွန်ဆာနှင့် ကြော်ငြာများမှ ရရှိခဲ့သည့် ဝင်ငွေများက ပိုမိုများပြားခဲ့သည်။ 

စီရော်နယ်လ်ဒိုသည် ကိုယ်ပိုင် စီးပွားရေးလုပ်ငန်းမှလည်း ဝင်ငွေများထပ်မံရရှိနေကြောင်း သိရှိရသည်။

င်္Forbes က ထုတ်ပြန်သည့် ဆယ်စုနှစ်အတွင်းဝင်ငွေအများဆုံး အားကစားသမားများ

အမည်        အားကစား    ဝင်ငွေ (ဒေါ်လာ)

မေဝယ်သာ    လက်ဝှေ့        ၉၁၅ သန်း

စီရော်နယ်လ်ဒို    ဘောလုံး        ၈၀၀ သန်း

မက်ဆီ        ဘောလုံး        ၇၅၀ သန်း

လီဘရွန်ဂျိမ်းစ်    ဘက်စကတ်ဘော    ၆၈၀ သန်း

ဖက်ဒါရာ        တင်းနစ်        ၆၄၀ သန်း

တိုက်ဂါးဝုဒ်    ဂေါ့ဖ်        ၆၁၅ သန်း

မစ်ကယ်လ်ဆင်    ဂေါ့ဖ်        ၄၈၀ သန်း

ပက်ကီယောင်း    လက်ဝှေ့        ၄၃၅ သန်း

 

Most Read

Most Recent