ဇီဒန်း၏နေအိမ်မှာ စပိန်နိုင်ငံ အရှေ့တောင်ပိုင်းရှိ အယ်လ်မီရီယာမြို့တွင်တည်ရှိပြီး ဖောက်ထွင်းမှု ဖြစ်ပွားသည့်နေ့နှင့် ခိုးယူခံရသည့် ပစ္စည်းတန်ဖိုးကိုမူ Cadena Ser က ဖော်ပြထားခြင်းမရှိကြောင်း သိရသည်။
စပိန်နိုင်ငံ၌ ဘောလုံးအသိုင်းအဝိုင်းမှ နာမည်ကျော်များ၏နေအိမ်များ ဖောက်ထွင်းခိုးယူခံရမှု ဆက်တိုက်ဖြစ်ပွားလျက်ရှိပြီး ရီးယဲလ်မက်ဒရစ်အသင်းနည်းပြ ဇီဒန်းလည်း ပါဝင်လာပြီဖြစ်ကြောင်း Cadena Ser ရေဒီယို၏ ထုတ်ပြန်ချက်အရ သိရသည်။
ဇီဒန်း၏နေအိမ်မှာ စပိန်နိုင်ငံ အရှေ့တောင်ပိုင်းရှိ အယ်လ်မီရီယာမြို့တွင်တည်ရှိပြီး ဖောက်ထွင်းမှု ဖြစ်ပွားသည့်နေ့နှင့် ခိုးယူခံရသည့် ပစ္စည်းတန်ဖိုးကိုမူ Cadena Ser က ဖော်ပြထားခြင်းမရှိကြောင်း သိရသည်။
ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့ကလည်း ဘာစီလိုနာနှင့် ရီးယဲလ်အသင်းတို့ ကစားသည့် El Clásico ပွဲမတိုင်မီ ဘာစီလိုနာအသင်းနောက်ခံလူ ဆယ်မီဒို၏နေအိမ် ဖောက်ထွင်းခံရမှုဖြစ်ပွားခဲ့သည်။ အခင်းဖြစ်ပွားချိန်မှာ မွန်းလွဲ ၂ နာရီဖြစ်ပြီး ဆယ်မီဒိုသည် ပွဲအတွက် အသင်းဟိုတယ်သို့ရောက်ရှိနေချိန် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ထို့ပြင် ပါတေး၊ မိုရာတာ (အက်သလက်တီကို)၊ ကက်စ်မဲရိုး၊ ဘန်ဇီမာ၊ ဗက်ဇ်ကေး၊ အစ္စကို (ရီးယဲလ်)၊ အယ်လ်ဘာ (ဘာစီလိုနာ)တို့လည်း ဖောက်ထွင်းခိုးယူခံခဲ့ရသည်။