အသင်းနှင့်နောက်ထပ်လမ်းခွဲရမည့် ပရီးမီးယားလိဂ်နည်းပြရေပန်းစားမှု၌ ဝက်စ်ဟမ်းအသင်းနည်းပြ ပယ်လီဂရီနီ ထိပ်ဆုံးသို့ရောက်ရှိလာ

အသင်းနှင့်နောက်ထပ်လမ်းခွဲရမည့် ပရီးမီးယားလိဂ်နည်းပြရေပန်းစားမှု၌ ဝက်စ်ဟမ်းအသင်းနည်းပြ ပယ်လီဂရီနီ ထိပ်ဆုံးသို့ရောက်ရှိလာ
Photos: Getty Images,thesackrace.com
Photos: Getty Images,thesackrace.com
Published 8 December 2019

 

အသင်းနှင့်နောက်ထပ်လမ်းခွဲရမည့် ပရီးမီးယားလိဂ်နည်းပြရေပန်းစားမှုမှာ ဝက်စ်ဟမ်းအသင်း၏ချီလီလူမျိုးနည်းပြ ပယ်လီဂရီနီမှာ ထိပ်ဆုံးသို့ရောက်ရှိလာကြောင်း သိရသည်။

ယခင်ထိပ်ဆုံးနေရာတွင်ရှိခဲ့သည့် အဲဗာတန်အသင်းနည်းပြ မာကိုဆေးလ်ဗားမှာ ဒီဇင်ဘာ ၅ ရက်က ရာထူးမှထုတ်ပယ်ခံခဲ့ရပြီးနောက် ပယ်လီဂရီနီမှာ ပွဲစဉ်-၁၆ မတိုင်မီ ထိပ်ဆုံးနေရာ၌ရှိနေခြင်းဖြစ်သည်။

ပယ်လီဂရီနီသည် ပြီးခဲ့သည့်အပတ်က ချယ်လ်ဆီးအသင်းအား အဝေးကွင်းတွင် အနိုင်ယူပြီးနောက် ရေပန်းစားမှု၌ အဆင့်လေးနေရာသို့ကျဆင်းခဲ့သော်လည်း ပွဲစဉ်-၁၅တွင် ရှုံးပွဲပြန်တွေ့မှုကြောင့် အလေးပေးချက်ပြန် လည်မြင့်တက်လာခြင်းဖြစ်သည်။

အနာဂတ် လှုပ်ခတ်နေသည့် မန်ယူအသင်းနည်းပြ ဆိုးလ်ရှားမှာမူ ပွဲစဉ်-၁၅တွင် Big Six ပြိုင်ဘက်အသင်းဖြစ်သည့် စပါးအသင်းအား (၂-၁)ဂိုးဖြင့် အနိုင်ယူခဲ့သော်လည်း ဒုတိယနေရာတွင် ဆက်လက်ရှိနေဆဲဖြစ်သည်။

နောက်ထပ်လမ်းခွဲရမည့်နည်းပြ ရေပန်းစားမှုများ

အမည်                                                       အလေးပေးမှု

ပယ်လီဂရီနီ(ဝက်စ်ဟမ်း)                             ၆း၅ လေး

ဆိုးလ်ရှား(မန်ယူ)                                           ၄း၁ လေး

အက်ဒီဟောင်း(ဘုန်းမောက်)                      ၈း၁ လေး

ဒန်နီယဲလ်ဖာ့ခ်(နောဝစ်ချ်)                         ၁ဝး၁ လေး

ဟာဆန်ဟူတယ်လ်(ဆောက်သမ်တန်)    ၁၄း၁ လေး

ဘရန်ဒန်ရော်ဂျာ(လက်စတာ)                  ၁၆း၁ လေး

ရှောင်ဒိုက်(ဘန်လေ)                                  ၃၃း၁ လေး

စတိဗ်ဘရုစ်(နယူးကာဆယ်)                      ၃၃း၁ လေး

ခရစ္စဝိုင်လ်ဒါ(ရှက်ဖီးယူနိုက်တက်)          ၁ဝဝး၁ လေး