ကျိုက်မရောမြို့နယ် မုဆိုးကျွန်းကျေးရွာတွင် မူးယစ်ဆေးဝါး သွားရောက်ဖမ်းဆီးပြီး အပြန်တွင် ရဲတပ်ဖွဲ့ဝင်များအား သေနတ်ဖြင့်ပစ်ခတ်ခံရမှု ဖြစ်ပွား

ကျိုက်မရောမြို့နယ် မုဆိုးကျွန်းကျေးရွာတွင် မူးယစ်ဆေးဝါး သွားရောက်ဖမ်းဆီးပြီး အပြန်တွင် ရဲတပ်ဖွဲ့ဝင်များအား သေနတ်ဖြင့်ပစ်ခတ်ခံရမှု ဖြစ်ပွား
Published 7 December 2019
ဘိုဘိုမြင့်

ကျိုက်မရောမြို့နယ် မုဆိုးကျွန်းကျေးရွာ တွင် ဒီဇင်ဘာ ၅ ရက် မွန်းလွဲ ၃ နာရီ ၄၅ မိနစ်ခန့်က မူးယစ်ဆေးဝါးများသွားရောက် ဖမ်းဆီးပြီးအပြန်၌ ရဲတပ်ဖွဲ့ဝင်များအား သေနတ်ဖြင့် ပစ်ခတ်ခံရမှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ ဒီဇင်ဘာ ၅ ရက် မွန်းလွဲ ၃ နာရီ ၄၅ မိနစ်ခန့်က မော်လမြိုင် မူးယစ်တပ်ဖွဲ့ စု (၃၈) မှ ဒုရဲမှူးစောမိုးအောင် ဦးစီးသော ရဲတပ်ဖွဲ့ဝင် ခုနစ်ဦးတို့မှ မူးယစ်ဆေးဝါးသတင်းအရ သက်သေများနှင့်အတူ ကျိုက်မရောမြို့နယ် မုဆိုးကျွန်းကျေးရွာနေ မရဟီမာဘီ (၃၈ နှစ်) (ဘ) ဦးရှဖီးနှင့် တူမဖြစ်သူ မတင် တင်မြင့် (ခ) ရိုစနာဘီ (၂၂ နှစ်)(ဘ) ဦးမူစီရာ မွတ်တို့နှစ်ဦးအား ၎င်းတို ့နေထိုင်ရာ နေအိမ် တဲတွင် အသင့်တွေ့ရပြီး နေအိမ်တဲအတွင်း ဝင်ရောက်ရှာဖွေရာ WY စာတန်းပါ ပန်း ရောင်စိတ်ကြွ ရူးသွပ်ဆေးပြား ၁၅၄၀ (ကာလတန်ဖိုး ငွေကျပ် ၇၇ သိန်း) နှင့် ငွေစက္ကူရောရာ ကျပ်၂၀၅၀၀၀ တို့အား ရှာဖွေတွေ့ရှိ သိမ်း ဆည်းရမိခဲ့ကြောင်း၊ အဆိုပါ စိတ်ကြွ ရူးသွပ်ဆေးပြားများအား ဖမ်းဆီးပြီး အပြန်တွင် မုဆိုးကျွန်းကျေးရွာ အထွက်လမ်း၏ ညာဘက်ဘေးတောစပ်မှ ပြောက်ကျားယူနီ ဖောင်းဝတ်ဖြင့် အမျိုးသားတစ်ဦးသည် နောက်မှလိုက်လာကာ သေနတ်ဖြင့်၁၅ ချက် ခန့်ပစ်ခတ်ပြီး မုဆိုးကျွန်းကျေးရွာ တောင် ဘက်တောထဲသို ့ထွက်ပြေးသွားခဲ့ကြောင်း၊ သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် မူးယစ်တပ် ဖွဲ့စုမှ ရဲတပ်ကြပ်ကြီး ရန်နိုင်မြင့်တွင် ယာဘက်နားနောက် ကျည်ဆန်ရှပ်ထိ ဒဏ်ရာရရှိ ခဲ့ကြောင်းနှင့် ရဲတပ်ကြပ်ကြီး ရန်နိုင်မြင့်အား မော်လမြိုင်ပြည်သူ ့ဆေးရုံကြီးသို့ ဝင်ပို့ထား ကြောင်း ကျိုက်မရောမြို့မစခန်းထံမှ သိရ သည်။

“သေနတ်ရှပ်ထိဒဏ်ရာ ရရှိခဲ့တဲ့ ရဲတပ် ကြပ်ကြီးကို ညတွင်းချင်းပဲ ရန်ကုန်ဆေးရုံကြီး ကို တင်ပို့လိုက်တယ်လို့ သိရပါတယ်။ သေနတ်နဲ့ ပစ်ခတ်သွားသူကိုလည်း အမြန်ဆုံး ဖမ်းဆီးရမိရေး ဆောင်ရွက်နေပါတယ်”ဟု ကျိုက်မရောမြို့မရဲစခန်း မှ တာဝန်ရှိသူတစ်ဦး က ပြောကြားသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်ပြီး မူးယစ် ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိခဲ့သူ မရဟီမာဘီနှင့် မတင်တင်မြင့် (ခ) ရိုစနာဘီတို့ နှစ်ဦးအပေါ် ကျိုက်မရောမြို့မရဲစခန်းမှ မယ(ပ) ၂၈/၂၀၁၉၊ မူးယစ်စိတ်ပြောင်း ဥပဒေပုဒ်မ ၁၉(က)/၂၀(က)/၂၁ အရ အမှုဖွင့်အရေးယူ ထားကြောင်းနှင့် သေနတ်ဖြင့် ပစ်ခတ်သွားသူ အပေါ် (ပ) ၂၄၉၀/၂၀၁၉၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၀၇/၃၃၃ အရ အမှုဖွင့်အရေး ယူထားကြောင်း သိရသည်။            

 

 

 

Most Read

Most Recent