အကောင်းဆုံးစွမ်းဆောင်ရည်ပြသနိုင်ခဲ့ဟု မြန်မာအသင်းနည်းပြပိုပေါ့ဗ် ပြောကြား

အကောင်းဆုံးစွမ်းဆောင်ရည်ပြသနိုင်ခဲ့ဟု မြန်မာအသင်းနည်းပြပိုပေါ့ဗ် ပြောကြား
ဓာတ်ပုံ - ညီညီစိုးညွန့်
ဓာတ်ပုံ - ညီညီစိုးညွန့်
Published 3 December 2019

မြန်မာအသင်းနည်းပြချုပ် ပိုပေါ့ဗ်က ကမ္ဘောဒီးယားကိုအနိုင်ရသည့် အုပ်စုနောက်ဆုံးပွဲတွင် အကောင်းဆုံး စွမ်းဆောင်ရည်ပြသနိုင်ခဲ့ကြောင်း ပြောကြားခဲ့သည်။ 

ပိုပေါ့ဗ်က "အုပ်စုပထမနေရာရယူပြီး ဆီမီးဖိုင်နယ်တက်ရောက်နိုင်ခဲ့တဲ့အတွက် ဝမ်းသာမိပါတယ်။ ကမ္ဘောဒီးယားက အသင်းကောင်းတစ်သင်းဖြစ်ပြီး ကစားရခက်ခဲပါတယ်။ သူတို့ကို ယှဉ်ကစားဖို့ သေချာပြင်ဆင်ခဲ့ပြီး ကစားသမားတွေကလည်း အကောင်းဆုံးစွမ်းဆောင်ရည်ပြသနိုင်ခဲ့လို့ အနိုင်ရခဲ့တာဖြစ်ပါတယ်။ ဆီမိီးပွဲအတွက် သေချာပြင်ဆင်သွားမှာပါ" ဟု ပြောကြားခဲ့သည်။

ဆီမီးဖိုင်နယ်ပွဲများကို ဒီဇင်ဘာ (၇)ရက်တွင် ကျင်းပမည်ဖြစ်သောကြောင့် မြန်မာအသင်းအနေဖြင့် အခြား(၃)သင်းထက် နားရက်ပိုရမည်ဖြစ်သည်။