Ballon d'Or ဆုကို စီရော်နယ်လ်ဒို ခြောက်ကြိမ်မြောက် ဆွတ်ခူးနိုင်ရန် ဂျူဗပ်တပ်စ်နည်းပြ ဆာရီ မျှော်လင့်

Ballon d'Or ဆုကို စီရော်နယ်လ်ဒို ခြောက်ကြိမ်မြောက် ဆွတ်ခူးနိုင်ရန် ဂျူဗပ်တပ်စ်နည်းပြ ဆာရီ မျှော်လင့်
Photos: Getty Images
Photos: Getty Images
Published 1 December 2019

ဒီဇင်ဘာလ ၂ ရက်၌ ပြုလုပ်မည့် Ballon d'Or ဆုပေးပွဲအခမ်းအနားတွင် စီရော်နယ်လ်ဒို၏အဓိကပြိုင်ဘက် မက်ဆီမှာ အကောင်းဆုံးဆုကို ရရှိလိမ့်မည်ဟု သတင်းများက အတိအလင်းဖော်ပြနေချိန် တွင် ဆာရီမှ အံ့အားသင့်ဖွယ်သုံးသပ်ခဲ့ခြင်းဖြစ်သည်။

 

ဂျူဗပ်တပ်စ်တိုက်စစ်မှူး စီရော်နယ်လ်ဒိုသည် Ballon d'Or ဆုကို ခြောက်ကြိမ်မြောက် ဆွတ်ခူးနိုင်မည်ဟု ၎င်းအနေဖြင့် မျှော်လင့်ထားသည်ဟု အသင်းနည်းပြ ဆာရီက ပြောကြားခဲ့သည်။

ဒီဇင်ဘာလ ၂ ရက်၌ ပြုလုပ်မည့် Ballon d'Or ဆုပေးပွဲအခမ်းအနားတွင် စီရော်နယ်လ်ဒို၏အဓိကပြိုင်ဘက် မက်ဆီမှာ အကောင်းဆုံးဆုကို ရရှိလိမ့်မည်ဟု သတင်းများက အတိအလင်းဖော်ပြနေချိန် တွင် ဆာရီမှ အံ့အားသင့်ဖွယ်သုံးသပ်ခဲ့ခြင်းဖြစ်သည်။

ထို့ပြင် အက်သလက်တီကိုအသင်းအား (၁-၀) ဂိုးဖြင့် အနိုင်ရခဲ့သည့်ချန်ပီယံလိဂ် ပွဲစဉ်တွင် ဒူးဒဏ်ရာမှပြန်လည်သက်သာလာပြီး မိနစ် ၉၀ အပြည့်ကစားနိုင်မှုအတွက် စီရော်နယ်လ်ဒိုအား ဆာရီက ချီးကျူးမှုများလည်း ပြုလုပ်ခဲ့သည်။

Ballon d'Or ဆုပေးပွဲအခမ်းအနားတွင် အသက် ၂၁ နှစ်အောက်ကစားသမားများကို ချီးမြှင့်သည့် Kopa Trophy ဆုကို အသင်းနောက်ခံလူ ဒီလစ် ရရှိလိမ့်မည်ဟု သုံးသပ်ခဲ့ပြီး ဒီဘားလားမှာ အနာဂတ်တွင် အကောင်းဆုံးကစားသမားဖြစ်လာနိုင်သူဟုလည်း ချီးကျူးခဲ့သည်။

 

 

Most Read

Most Recent