မြန်မာ ယူ-၂၂ အသင်းခေါင်းဆောင် လှိုင်းဘိုဘိုက နိုင်ပွဲဆက်နေသော်လည်း အသင်းလိုက်စုစည်းမှု အားကောင်းရန် လိုအပ်နေသေးကြောင်း ပြောကြားသည်။
မြန်မာ ယူ-၂၂ အသင်းခေါင်းဆောင် လှိုင်းဘိုဘိုက နိုင်ပွဲဆက်နေသော်လည်း အသင်းလိုက်စုစည်းမှု အားကောင်းရန် လိုအပ်နေသေးကြောင်း ပြောကြားသည်။
လှိုင်းဘိုဘိုက "အသင်းရလဒ်ကောင်းနေတဲ့အတွက် ကျေနပ်ပါတယ်။ ဒါပေမဲ့ အသင်းကစားပုံကို အားမရသေးပါဘူး။ ဒါကလည်း နည်းပြရဲ့ ကစားကွက်နဲ့ မဆိုင်ပါဘူး။ ကွင်းထဲမှာ ကစားနေတဲ့ ကစားသမားတွေနဲ့ ပဲ သက်ဆိုင်တာပါ။ နောက်ပွဲတွေမှာ ရလဒ် ကောင်းဖို့ဆိုရင် ကစားဖော်တွေ၊ ညီငယ်တွေ အနေနဲ့ ပိုပြီးစည်းရုံးဖို့၊ အသင်းလိုက်စုစည်း မှု အားကောင်းဖို့ လိုပါတယ်။ အားလုံး တက် ညီလက်ညီ ဆောင်ရွက်ရင် ရလဒ်ကောင်းတွေ ရလာမှာပါ"ဟု ပြောကြားသည်။
နိုဝင်ဘာ (၂၈)ရက် ညနေပိုင်းက ကစားသည့်ပွဲတွင် ဖိလစ်ပိုင်အသင်းက မလေးရှားအသင်းကို (၁-ဝ) ဂိုးဖြင့် အနိုင်ရခဲ့သောကြောင့် မြန်မာအသင်းအနေဖြင့် နောက်ဆုံးပွဲတွင် ကမ္ဘောဒီးယားအသင်းကို သရေကစားရုံဖြင့် ဆီမီးဖိုင်နယ်သို့ တက်ရောက်နိုင်မည်ဖြစ်သည်။
နိုဝင်ဘာ (၂၉)ရက် ပွဲစဉ်များအပြီးတွင် အုပ်စု (က)၌ မြန်မာအသင်းက (၃)ပွဲကစား (၇)မှတ်ဖြင့် ဦးဆောင်နေပြီး ကမ္ဘောဒီးယားအသင်းက (၂)ပွဲကစား (၄)မှတ်၊ ဖိလစ်ပိုင်အသင်းက (၃)ပွဲကစား (၄)မှတ်၊ မလေးရှားအသင်းက (၂)ပွဲကစား (၁)မှတ်ရထားပြီး တီမောအသင်းမှာမူ (၂)ပွဲစလုံးရှုံးကာ အမှတ်မရသေးပေ။ အုပ်စု (က) လက်ကျန်ပွဲများကို ဒီဇင်ဘာ (၂) ရက်နှင့် (၄)ရက်တွင် ဆက်လက်ကျင်းပသွားမည် ဖြစ်သည်။