ပရိသတ်များအတွက် လက်မှတ်အခမဲ့ဝေငှရန် MFF စီစဉ်

ပရိသတ်များအတွက် လက်မှတ်အခမဲ့ဝေငှရန် MFF စီစဉ်
Photo: Sea Games Twitter
Photo: Sea Games Twitter
Published 29 November 2019

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) သည် တီမောအသင်းနှင့် ယှဉ်ပြိုင်ကစားမည့် အုပ်စုတတိယပွဲတွင် မြန်မာပရိသတ်များ လာရောက်အားပေးနိုင်ရန် လက်မှတ်များ အခမဲ့ဝေငှသွားမည်ဖြစ်ကြောင်း သိရသည်။ 

MFF သည် အိမ်ရှင်ဖိလစ်ပိုင်ဆီးဂိမ်းစ်ပြိုင်ပွဲကျင်းပရေးထံမှ လက်မှတ်များကို ကြိုတင်ဝယ်ယူထားမည်ဖြစ်ပြီး မြန်မာအသင်းကစားမည့်ရက်များတွင် ပွဲချိန်မတိုင်မီ (၁)နာရီအလိုမှစတင်၍ ပရိသတ်များအား ဝေငှသွားမည်ဖြစ်ကြောင်းသိရသည်။

"ဖိလစ်ပိုင်နိုင်ငံမှာ မြန်မာလူမျိုးတွေနည်းပေမယ့် ကျောင်းတက်နေတဲ့သူတွေ ရှိတယ်လို့ သိရပါတယ်။ သူတို့တွေ လာရောက်ကြည့်ရှုရတာ အဆင်ပြေအောင် ကျွန်တော်တို့က လက်မှတ်တွေ အခမဲ့ပေးသွားဖို့ရှိပါတယ်။ ပရိသတ်တွေ အဆင်ပြေအောင် လုပ်ဆောင်ပေးတာဖြစ်ပါတယ်" ဟု MFF မှ တာဝန်ရှိသူတစ်ဦးကEleven Sports သို့ ပြောကြားခဲ့သည်။

ယနေ့ယှဉ်ပြိုင်ကစားမည့် မြန်မာ ယူ-၂၂ အသင်းနှင့် တီမော ယူ-၂၂ အသင်း ပွဲစဉ်အား လာရောက်အားပေးမည့် ဖိလစ်ပိုင်ရောက်မြန်မာပရိသတ်များအနေဖြင့် အထူးတန်းဝင်ပေါက်တွင် လက်မှတ်များမှာယူနိုင်မည်ဖြစ်ပြီး ဖုန်းနံပါတ် +63 9272123580 သို့ ဆက်သွယ်နိုင်ကြောင်းလည်း သိရှိရသည်။