အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်း (MAI) က မြန်မာ-ကိုရီးယားနှစ်နိုင်ငံအကြား တိုက်ရိုက်လေကြောင်းခရီးစဉ် ပျံသန်းမည်ဖြစ်ရာ ဒီဇင်ဘာ ၃ ရက်တွင် ရန်ကုန်- ဆိုးလ်တိုက်ရိုက်ခရီးစဉ် စတင်ပျံသန်းမည်

အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်း (MAI) က မြန်မာ-ကိုရီးယားနှစ်နိုင်ငံအကြား တိုက်ရိုက်လေကြောင်းခရီးစဉ် ပျံသန်းမည်ဖြစ်ရာ ဒီဇင်ဘာ ၃ ရက်တွင် ရန်ကုန်- ဆိုးလ်တိုက်ရိုက်ခရီးစဉ် စတင်ပျံသန်းမည်
အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်း (MAI) ၏ လေယာဉ်တစ်စင်းအား တွေ့ရစဉ်
အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်း (MAI) ၏ လေယာဉ်တစ်စင်းအား တွေ့ရစဉ်
Published 27 November 2019
ရွှန်းလဲ့ဝင်း

အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်း (MAI) က မြန်မာ-ကိုရီးယား နှစ်နိုင်ငံကြား တိုက်ရိုက်လေကြောင်းခရီးစဉ် ပျံသန်းမည်ဖြစ်ရာ လာမည့် ဒီဇင်ဘာ ၃ ရက်တွင် ရန်ကုန်-ဆိုးလ် တိုက်ရိုက်ခရီးစဉ်အား စတင်ပျံသန်းမည်ဖြစ်ကြောင်း ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ သတင်းရရှိသည်။

အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်း (MAI) က ကိုရီးယားလေကြောင်း စျေးကွက်သို့ ဝင်ရောက်ရန် Meebang Air Agencies နှင့် ပူးပေါင်းပြီး ကိုရီးယားနိုင်ငံသို့ ပုံမှန်ခရီးစဉ် စတင်ပျံသန်းရန် စီစဉ်ခဲ့ခြင်း ဖြစ်သည်။

“ Meebang ကို ကျွန်တော်တို့ရဲ့ ကိုယ်စားလှယ်အဖြစ် ခန့်အပ်နိုင်ခဲ့လို့ ဝမ်းသာမိပါတယ်။ သူတို့ရဲ့ ကျွမ်းကျင်မှုတွေ၊ လက်မှတ်ရောင်းချမှု နည်းစနစ်တွေ၊ လေကြောင်း လောကမှာ စျေးကွက်ဖော်ဆောင်မှုတွေအပေါ် ကျွန်တော်တို့ ယုံကြည်မှုရှိပြီးသား ဖြစ်ပါတယ်။ Meebang နဲ့အတူ MAI ရဲ့ အမှတ်တံဆိပ်ကို မြှင့်တင်သွားမှာဖြစ်ပြီး ကိုရီးယားခရီးသွားတွေအတွက် အစီအစဉ်သစ်တွေကိုလည်း ဆက်လက်ဖော်ဆောင်သွားမှာပါ” ဟု အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်း (MAI) ၏ Chairman က ပြောကြားသည်။

အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်း (MAI) အနေဖြင့် လာမည့် ဒီဇင်ဘာတွင် ကိုရီးယားနိုင်ငံသို့ တိုက်ရိုက်လေကြောင်း ခရီးစဉ်စတင်ပျံသန်းရန် စီစဉ်ထားပြီး တစ်ပတ်လျှင် လေးကြိမ်ပျံသန်းရန် ကနဦး စီစဉ်ထားကြောင်း သိရသည်။

အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်း (MAI) သည် လက်ရှိတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်နှင့် မန္တလေးအပြည်ပြည်ဆိုင်ရာ လေဆိပ်တို့ကို အခြေပြုလျက် ဘန်ကောက်၊ စင်ကာပူ၊ ကွမ်ကျိုး၊ ဂယာနှင့် ကာလကတ္တားသို့ ပုံမှန်လေကြောင်းခရီးစဉ်များ ပျံသန်းနေပြီး တရုတ်နိုင်ငံသို့ စင်းလုံးငှားလေကြောင်း ခရီးစဉ်များ ပျံသန်းနေခြင်း ဖြစ်သည်။

မကြာသေးခင်က (MAI) ၏ မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ ချိတ်ဆက်ပျံသန်းသည့် ငါးခုမြောက် လေကြောင်းခရီးစဉ်အနေဖြင့် (Fuzhou) ဖူချိုမြို့သို့ စတင်ပျံသန်းခဲ့သည်။

 အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်း (MAI) သည် လက်ရှိတွင် ရန်ကုန်လေဆိပ် အခြေပြု၍ တရုတ်နိုင်ငံဟန်ကျိုးမြို့သို့ စင်းလုံးငှားလေကြောင်း ခရီးစဉ်အနေဖြင့် ရန်ကုန်- ဟန်ကျိုးခရီးစဉ်အား တစ်ပတ်လျှင် တစ်ကြိမ်၊ မန္တလေးလေဆိပ်အခြေပြု၍ မန္တလေး - ဟန်ကျိုးခရီးစဉ်အား တစ်ပတ်လျှင် နှစ်ကြိမ်၊ မန္တလေး- နန်ချန်း (Nanch ang) ခရီးစဉ်အား တစ်ပတ်လျှင် သုံးကြိမ်၊ မန္တလေး- ဟေးဖေ (Hefei) ခရီးစဉ်အား တစ်ပတ် သုံးကြိမ် ပျံသန်းနေခြင်းဖြစ်ပြီး ယခုစတင်ပျံသန်းသည့် မန္တလေး- ဖူချို (Fuzhou) ခရီးစဉ်သည် တရုတ်နိုင်ငံသို့ ပျံသန်းသည့် ငါးခုမြောက် လေကြောင်းခရီးစဉ်ဖြစ်ကြောင်း သိရသည်။

အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်းလိုင်း (MAI) လုံခြုံစိတ်ချမှု အရှိဆုံးနှင့် အန္တရာယ်အကင်းဆုံး လေကြောင်းလိုင်းဆုအား လက်ခံရရှိခဲ့ကြောင်း သတင်းရရှိသည်။ အဆိုပါဆုအား AirlineRatings.com (World’s only safety and product rating agency) မှ 7 star Rating ဆုအဖြစ် ပေးအပ် ချီးမြှင့်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

MAI လေကြောင်းလိုင်းသည်  လက်ရှိ တွင် ရန်ကုန်မှ ဘန်ကောက်၊ စင်ကာပူ၊ ကွမ်ကျိုးနှင့် ကိုလ်ကတ္တားခရီးစဉ်များကို A319 လေယာဉ်သုံးစင်းဖြင့် ပြေးဆွဲနေခြင်း ဖြစ်သည်။                                 

 

Most Read

Most Recent