ဆန်ချိုနှင့် ဟာဗတ်ဇ်တို့ကို ကျော်ဖြတ်ကာ ၂၀၁၉ Golden Boy ဆုကို အက်သလက်တီကိုလူငယ်တိုက်စစ်မှူး ယာအိုဖီးလစ် ဆွတ်ခူး

ဆန်ချိုနှင့် ဟာဗတ်ဇ်တို့ကို ကျော်ဖြတ်ကာ ၂၀၁၉ Golden Boy ဆုကို အက်သလက်တီကိုလူငယ်တိုက်စစ်မှူး ယာအိုဖီးလစ် ဆွတ်ခူး
Photos: Getty Images
Photos: Getty Images
Published 27 November 2019

(၁၇)ကြိမ်မြောက်ဖြစ်သည့် ယခုနှစ် ဆုပေးပွဲကို အီတလီနိုင်ငံ၊ တူရင်မြို့တွင် ဒီဇင်ဘာ (၁၆) ရက်(တနင်္လာနေ့)၌ ကျင်းပမည်ဖြစ်ပြီး Tuttosport က ဆုရရှိသူကို ကြိုတင်ကြေညာခဲ့ခြင်းဖြစ်သည်။ ၂၀၁၉ Golden Boy ဆုအတွက် ဆန်ခါတင် (၂၀)ဦးစာရင်းကို ပြီးခဲ့သည့်အောက်တိုဘာလတွင် ထုတ်ပြန်ခဲ့ပြီး ယခုအခါ ယာအိုဖီးလစ်က ဆုရရှိခဲ့ခြင်းဖြစ်သည်။

အက်သလက်တီကိုအသင်းမှ ပေါ်တူဂီလူငယ်တိုက်စစ်မှူး ယာအိုဖီးလစ်သည် ဒေါ့မွန်တောင်ပံကစားသမား ဆန်ချို၊ လေဗာကူဆင်ကွင်းလယ်လူ ဟာဗတ်ဇ်တို့ကို ကျော်ကာ ၂၀၁၉ Golden Boy ဆုကို ရရှိခဲ့ကြောင်း သိရသည်။

(၁၇)ကြိမ်မြောက်ဖြစ်သည့် ယခုနှစ် ဆုပေးပွဲကို အီတလီနိုင်ငံ၊ တူရင်မြို့တွင် ဒီဇင်ဘာ (၁၆) ရက်(တနင်္လာနေ့)၌ ကျင်းပမည်ဖြစ်ပြီး Tuttosport က ဆုရရှိသူကို ကြိုတင်ကြေညာခဲ့ခြင်းဖြစ်သည်။ ၂၀၁၉ Golden Boy ဆုအတွက် ဆန်ခါတင် (၂၀)ဦးစာရင်းကို ပြီးခဲ့သည့်အောက်တိုဘာလတွင် ထုတ်ပြန်ခဲ့ပြီး ယခုအခါ ယာအိုဖီးလစ်က ဆုရရှိခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့် နွေရာသီအပြောင်းအရွှေ့ကာလအတွင်း အက်သလက်တီကို အသင်းသို့ ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေး ယူရို (၁၂၆)သန်းဖြင့် ရောက်ရှှိလာခဲ့သည့် ယာအိုဖီးလစ်သည် ယင်းဆုအတွက် မီဒီယာများရွေးချယ်မှု ဆန္ဒမဲ (၃၃၂)မဲအထိ ရရှိခဲ့ရာ ဒုတိယနေရာမှ ဆန်ချို (၁၇၅ မဲ)ထက် (၁၅၇)မဲ အသာရခဲ့သည်။

တတိယနေရာတွင် လေဗာကူဆင်ကွင်းလယ်လူ ဟာဗတ်ဇ်က (၇၅)မဲဖြင့် ရပ်တည်ခဲ့ပြီး ၎င်းနောက် တွင် ဟာလန်း (၇၄ မဲ)၊ ဒီလစ် (၇၁ မဲ)တို့က အစဉ်လိုက်ရပ်တည်ခဲ့သည်။ ယာအိုဖီးလစ်က Golden Boy ဆုရရှိခဲ့သည့်အတွက် ဝမ်းမြောက်ဂုဏ်ယူကြောင်း ပြောကြားခဲ့သည်။

နောက်ဆုံး(၅)အတွင်း Golden Boy ဆုရရှိသူများ

ခုနှစ်        အမည်                       နိုင်ငံ

၂၀၁၅    မာစီယဲလ်                  ပြင်သစ်

၂၀၁၆    ရီနာတိုဆန်းချက်စ်     ပေါ်တူဂီ

၂၀၁၇    ဘာပေ                      ပြင်သစ်

၂၀၁၈    ဒီလစ်                   နယ်သာလန်

၂၀၁၉    ယာအိုဖီးလစ်           ပေါ်တူဂီ

Most Read

Most Recent