လက်ရှိအချိန်တွင် မြန်မာနိုင်ငံ၌ နိုင်ငံပေါင်း ၅၀ မှ ဒေါ်လာ ၈၁ ဘီလျံကျော် ရင်းနှီးမြှုပ်နှံထားပြီး ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍတွင် ၂၇ ရာခိုင်နှုန်းကျော်နှင့် လျှပ်စစ်ကဏ္ဍတွင် ၂၆ ရာခိုင်နှုန်းနီးပါး မြှုပ်နှံထား

လက်ရှိအချိန်တွင် မြန်မာနိုင်ငံ၌ နိုင်ငံပေါင်း ၅၀ မှ ဒေါ်လာ ၈၁ ဘီလျံကျော် ရင်းနှီးမြှုပ်နှံထားပြီး ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍတွင် ၂၇ ရာခိုင်နှုန်းကျော်နှင့် လျှပ်စစ်ကဏ္ဍတွင် ၂၆ ရာခိုင်နှုန်းနီးပါး မြှုပ်နှံထား
 မြန်မာနိုင်ငံအတွင်း ကဏ္ဍအလိုက် မြှုပ်နှံထားသည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအခြေအနေကို တွေ့ရစဉ်  ဓာတ်ပုံ MIC
မြန်မာနိုင်ငံအတွင်း ကဏ္ဍအလိုက် မြှုပ်နှံထားသည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအခြေအနေကို တွေ့ရစဉ်  ဓာတ်ပုံ MIC
Published 18 November 2019
နီလာ

လက်ရှိအချိန်တွင် နိုင်ငံပေါင်း ၅၀ မှ  မြန်မာနိုင်ငံ၏စီးပွားရေးကဏ္ဍ ၁၂ ခုတွင် ဒေါ်လာ ၈၁ ဒသမ ၇ ဘီလျံကျော် ရင်းနှီးမြှုပ်နှံထားပြီး ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍတွင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ ၂၇ ဒသမ ၂၉ ရာခိုင်နှုန်းနှင့် လျှပ်စစ်ကဏ္ဍတွင် ၂၆ ရာခိုင်နှုန်းနီးပါး မြှုပ်နှံထားကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ သိရသည်။

၁၉၈၈- ၈၉ ဘဏ္ဍာနှစ်မှ ၂၀၁၈ -၂၀၁၉ ဘဏ္ဍာနှစ်ကုန်အထိ မြန်မာနိုင်ငံအတွင်းသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၈၁၈၇၄ ဒသမ ၂၆၅ သန်းဝင်ရောက်ထားသည်။

ကဏ္ဍအလိုက် ဝင်ရောက်မြှုပ်နှံထားမှုကို လေ့လာကြည့်ပါက ရေနံနှင့်သဘာဝဓာတ်ငွေ့ကဏ္ဍတွင် ဒေါ်လာ ၂၂၄၂၀ ဒသမ ၅၇၂ သန်းဖြင့် စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ ၂၇ ဒသမ ၃၈ ရာခိုင်နှုန်း၊ လျှပ်စစ်ကဏ္ဍတွင် ဒေါ်လာ ၂၁၁၇၈ ဒသမ ၁၃၂ သန်းဖြင့် ၂၅ ဒသမ ၈၇ ရာခိုင်နှုန်း၊ ကုန်ထုတ်လုပ်မှု ကဏ္ဍတွင် ဒေါ်လာ ၁၁၅၂၈ ဒသမရ၅၆ သန်းဖြင့် ၁၄ ဒသမ ၀၈ ရာခိုင်နှုန်း၊ ပို့ဆောင်ဆက်သွယ်ရေးကဏ္ဍတွင် ဒေါ်လာ ၁၀၉၀၈ ဒသမ ၄၃၃ သန်းဖြင့် ၁၃ ဒသမ ၃၂ ရာခိုင်နှုန်း၊ အိမ်ခြံမြေကဏ္ဍတွင် ဒေါ်လာ ၅၄၆၇ ဒသမ ၂၈၀ သန်းဖြင့် ၆ ဒသမ ၆၈ ရာခိုင်နှုန်း၊ ဟိုတယ်နှင့်ခရီးသွားကဏ္ဍတွင် ဒေါ်လာ ၃၁၁၈ ဒသမ ၉၃၆ သန်းဖြင့် ၃ ဒသမ ၈၁ ရာခိုင်နှုန်း၊ သတ္တုကဏ္ဍတွင် ဒေါ်လာ ၂၉၀၄ ဒသမ ၉၁၆ သန်းဖြင့်၃ ဒသမ ၅၅ ရာခိုင်နှုန်း၊ မွေးမြူရေးနှင့် ရေလုပ်ငန်းကဏ္ဍတွင် ဒေါ်လာ ၇၆၆ ဒသမ ၃၂၇ သန်းဖြင့် ၀ ဒသမ ၉၄ ရာခိုင်နှုန်း၊ လယ်ယာစိုက်ပျိုးရေးကဏ္ဍတွင် ဒေါ်လာ ၄၁၄ ဒသမ ၁၂၀ သန်းဖြင့် ၀ ဒသမ ၅၁ ရာခိုင်နှုန်း၊  Industrial Estate ကဏ္ဍတွင် ဒေါ်လာ ၃၂၀ ဒသမ ၀၈၂ သန်းဖြင့် ၀ ဒသမ ၃၉ ရာခိုင်နှုန်း၊ ဆောက်လုပ်ရေးကဏ္ဍတွင် ဒေါ်လာ ၃၇ ဒသမ ၇၆၇ သန်းဖြင့် ၀ ဒသမ ၀၅ ရာခိုင်နှုန်း၊ အခြားကဏ္ဍတွင် ဒေါ်လာ ၂၈၀၈ ဒသမ ၉၄၄ သန်းဖြင့် စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ ၃ ဒသမ ၄၃ ရာခိုင်နှုန်းဖြစ်သည်။

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ (၁၈/၂၀၁၉) ကြိမ်မြောက်အစည်းအဝေးကို နိုဝင်ဘာ ၁၆ ရက်က ကျင်းပခဲ့ပြီး အဆိုပါအစည်းအဝေးတွင် ကုန်ထုတ်လုပ်မှုကဏ္ဍ၊ မွေးမြူရေးနှင့် ရေလုပ်ငန်းကဏ္ဍ၊ အခြားဝန်ဆောင်မှုကဏ္ဍနှင့် အိမ်ရာအဆောက်အဦကဏ္ဍတို့မှ လုပ်ငန်းရှစ်ခုခွင့်ပြုခဲ့သည်။

အဆိုပါလုပ်ငန်းများ၏ရင်းနှီးမြှုပ်နှံမှု ပမာဏမှ ဒေါ်လာ ၁၆၅ ဒသမ ၈၅၃ သန်းနှင့် ကျပ် ၉၉၅၄၃ ဒသမ ၃၅၈ သန်းရှိပြီး ပြည်တွင်းလုပ်သားများအတွက် အလုပ်အကိုင်အခွင့်အလမ်းပေါင်း ၁၇၃၉ နေရာကို ဖန်တီးပေးမည်ဖြစ်သည်။

နှစ် ၂၀ အတွင်း မြန်မာနိုင်ငံအတွင်းသို့ ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာဘီလျံ ၂၂၀ ကျော်ရရှိစေရန်နှင့် တာဝန်ယူမှုရှိသော ရင်းနှီးမြှုပ်နှံမှုများ ပိုမိုစီးဝင်လာစေရေး မျှော်မှန်းဆောင်ရွက်သွားမည်ဖြစ်သည်။

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေး စီမံကိန်းကို ကာလတိုငါးနှစ် (၂၀၁၆-၂၀၁၇ ခုနှစ်မှ ၂၀၂၀-၂၀၂၁အထိ)၊ ကာလလတ် ငါးနှစ်(၂၀၂၁-၂၀၂၂ခုနှစ်မှ-၂၀၂၅-၂၀၂၆အထိ)၊ ကာလရှည်၁ဝနှစ်(၂၀၂၆-၂၀၂ရခုနှစ်မှ ၂၀၃၅-၂၀၃၆အထိ) အသီးသီးဆောင်ရွက်သွားမည်ဖြစ်သည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံအတွင်းသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၅ ဒသမ ၈ ဘီလျံဝင်ရောက်ရန် မျှော်မှန်းထားကြောင်းသိရသည်။     

 

 

Most Read

Most Recent