ဂရီးဇ်မန်း၏ ယခုရာသီစွမ်းဆောင်ရည်မှာ စိုးရိမ်စရာဖြစ်နေကြောင်း စပိန်အားကစားသတင်းစာ Marca ဖော်ပြ

ဂရီးဇ်မန်း၏ ယခုရာသီစွမ်းဆောင်ရည်မှာ စိုးရိမ်စရာဖြစ်နေကြောင်း စပိန်အားကစားသတင်းစာ Marca ဖော်ပြ
Photos: Getty Images ,Marca
Photos: Getty Images ,Marca
Published 13 November 2019

အသက် (၂၈)နှစ်အရွယ်ရှိ ပြင်သစ်တိုက်စစ်ကစားသမား ဂရီးဇ်မန်းသည် ဘာစီလိုနာအသင်းတွင် နောက်ဆုံး (၅)ပွဲဆက် ဂိုးပေါက်ပျောက်ခဲ့ပြီး ဆယ်လ်တာဗီဂိုနှင့်ပွဲတွင် (၇၃)မိနစ်ကစားခဲ့ရာ၌ ဘောလုံးပေးပို့မှု (၂၁)ကြိမ်သာပြုလုပ်နိုင်ခဲ့ကြောင်း သိရသည်။ 

 

ဘာစီလိုနာအသင်းတိုက်စစ်ကစားသမား ဂရီးဇ်မန်း၏ ယခုရာသီ စွမ်းဆောင်ရည်မှာ စိုးရိမ်စရာဖြစ်နေကြောင်း စပိန်အားကစားသတင်းစာ Marca က  ဖော်ပြခဲ့သည်။ 

အသက် (၂၈)နှစ်အရွယ်ရှိ ပြင်သစ်တိုက်စစ်ကစားသမား ဂရီးဇ်မန်းသည် ဘာစီလိုနာအသင်းတွင် နောက်ဆုံး (၅)ပွဲဆက် ဂိုးပေါက်ပျောက်ခဲ့ပြီး ဆယ်လ်တာဗီဂိုနှင့်ပွဲတွင် (၇၃)မိနစ်ကစားခဲ့ရာ၌ ဘောလုံးပေးပို့မှု (၂၁)ကြိမ်သာပြုလုပ်နိုင်ခဲ့ကြောင်း သိရသည်။ 

ယင်းပွဲတွင် (၄၅)မိနစ်သာ ပါဝင်ကစားခွင့်ရခဲ့သည့် ဒမ်ဘီလီသည် ဘောလုံးပေးပို့မှု (၄၃)ကြိမ်အထိ ပြုလုပ်နိုင်ခဲ့ရာ ဂရီးဇ်မန်းထက် (၂၂)ကြိမ် အသာရနေသည်။ ထို့ပြင် Marca က ဂရီးဇ်မန်း၏ ပြီးခဲ့သည့် ၂၀၁၈-၁၉ ရာသီနှင့် ယခုရာသီ စွမ်းဆောင်မှုကို နှိုင်းယှဉ် ဖော်ပြခဲ့သည်။ 

ဂရီးဇ်မန်းသည် ၂၀၁၈-၁၉ ရာသီက လာလီဂါပွဲစဉ် (၁၂)ပွဲကစားရာ၌ (၆) ဂိုးသွင်းကာ ဘောလုံးပေးပို့မှု (၅၉၅)ကြိမ် ပြုလုပ်နိုင်ခဲ့သော်လည်း ယခုရာသီတွင် (၄)ဂိုးသာ သွင်းနိုင်ပြီး ဘောလုံးပေးပို့မှုမှာလည်း (၅၂၉)ကြိမ် သာရှိကြောင်း သိရသည်။

 

Most Read

Most Recent