အာနိုးလ်၏လက်မောင်းနှင့် ဘောလုံးထိမှုကို မမြင်တွေ့ခဲ့ဟု လီဗာပူးလ်နည်းပြ ယာဂန်ကလော့ပ် ဖွင့်ဟ

အာနိုးလ်၏လက်မောင်းနှင့် ဘောလုံးထိမှုကို မမြင်တွေ့ခဲ့ဟု လီဗာပူးလ်နည်းပြ ယာဂန်ကလော့ပ် ဖွင့်ဟ
Published 11 November 2019

 

လီဗာပူးလ်နည်းပြ ယာဂန်ကလော့ပ်က ပွဲအစပိုင်းတွင် ပယ်နယ်တီဧရိယာအတွင်း အာနိုးလ်၏လက်မောင်းနှင့်ဘောလုံးထိသွားမှုကို သူ့အနေဖြင့် မမြင်တွေ့ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။

'' ပက်(ဂွါဒီယိုလာ)ရဲ့ခံစားချက်ကို ကျွန်တော် စာနာနားလည်ပါတယ်။ ဒါပေမဲ့ ဒီအခြေအနေကို ကျွန်တော် မမြင်ခဲ့ပါဘူး။ ကျွန်တော် ကြားတာကတော့ ဘောလုံးဟာ ဒေးဗစ်ဆေးလ်ဗားရဲ့လက်မောင်းနဲ့ထိပြီး အာနိုးလ်ကို ထပ်ထိခဲ့တယ်ဆိုတာပါ''ဟု ပြောကြားခဲ့သည်။

ထို့ပြင် ကလော့ပ်က မန်စီးတီးကဲ့သို့အသင်းမျိုးကို အနိုင်ရရန်အတွက် လုံးဝအာရုံစိုက်ပြီး စုစည်းမှုအပြည့်နှင့်ကစားရန်လိုကြောင်းလည်း သုံးသပ်ခဲ့သည်။

'' သူတို့(စီးတီး)ကစားတာ ကောင်းပါတယ်။ အိုး တကယ်ကောင်းတာပါ။ ကျွန်တော်တို့ အစွမ်းကုန်ကာကွယ်ခဲ့ရတယ်။ ဒါပေမဲ့ ကျွန်တော်တို့က အံ့အားသင့်ဖွယ်ဂိုးတွေ သွင်းယူနိုင်ခဲ့ပါတယ်။ ဒီပွဲက ကစားရအတော်ခက်ခဲတဲ့ပွဲပါ။ ပြိုင်ဆိုင်မှုပြင်းထန်ပြီး ပွဲကြီးပွဲကောင်းတစ်ပွဲပါပဲ။ ကစားသမားတွေက အာရုံစူးစိုက်မှုအပြည့်နဲ့ ကစားခဲ့ကြတယ်။ ဒါဟာ အရမ်းကောင်းပါတယ်။ ဒီအချက်က စီးတီးကို အနိုင်ယူနိုင်တဲ့ တစ်ခုတည်းသောနည်းလမ်းပါပဲ။ တခြားအသင်းတွေအဖို့က ဒီ့ပြင်နည်းလမ်းတွေ ရှိကောင်းရှိနိုင်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့အတွက်က ဒီနည်းလမ်းတစ်ခုပါပဲ''ဟု ပြောကြားခဲ့သည်။

 

Most Read

Most Recent