အွန်လိုင်းပေါ်က သံသယသားကောင် (သို့မဟုတ်) ပစ်ခတ်မှုများကြားမှ ရှင်သန်လွတ်မြောက်လာသူ

အွန်လိုင်းပေါ်က သံသယသားကောင် (သို့မဟုတ်) ပစ်ခတ်မှုများကြားမှ ရှင်သန်လွတ်မြောက်လာသူ
AA အဖွဲ့၏ ဖမ်းဆီးခြင်းခံခဲ့ရာမှ ပြန်လည်လွတ်မြောက်လာသူတစ်ဦးက ရှင်းလင်းစဉ်
AA အဖွဲ့၏ ဖမ်းဆီးခြင်းခံခဲ့ရာမှ ပြန်လည်လွတ်မြောက်လာသူတစ်ဦးက ရှင်းလင်းစဉ်
Published 10 November 2019
မင်းနိုင်စိုး

မိသားစုနှင့် ခွဲခွာရမည်ဖြစ်သဖြင့် ဝမ်းနည်းစိတ်မကောင်းမိသော်လည်း အနောက်ဘက်တံခါးကို စောင့်ရှောက်မည်ဟူသော ရည်ရွယ်ချက်ဖြင့် နိုင်ငံ့တာဝန်ကို ကျေပွန် စွာထမ်းဆောင်ရန် မကွေးတိုင်းဒေသကြီးမှ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်သို့ ၎င်းနှင့်တာဝန်ကျမည့်သူများနှင့်အတူ ထွက်ခွာလာခဲ့သည်။

ဘူးသီးတောင်မြို့နယ်အတွင်းရှိ နယ်ခြားစောင့်စခန်းလေးခုကို AA အဖွဲ့က ဝင် ရောက်တိုက်ခိုက်ခဲ့သည့်အတွက် နယ်ခြား စောင့်ရဲကင်းစခန်းများမှ ရဲတပ်ဖွဲ့ဝင်များ သေဆုံးခဲ့မှု ဖြစ်စဉ်သည် ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၄ ရက် နံနက်ပိုင်းတွင် ဖြစ်ပွားခဲ့သည်။

ထို့ပြင် ဘူးသီးတောင်နှင့် မောင်တော ဒေသတွင် ARSA  အကြမ်းဖက်အဖွဲ့အစည်း၏ အန္တရာယ်လည်း ရှိနေသေးသည့်အတွက် ဘူးသီးတောင်နယ်ခြာစောင့်ရဲတပ်ဖွဲ့တွင် သွားရောက် တာဝန်ထမ်းဆောင်မည့် ၎င်းအား မိသားစုဝင်များက လုံခြုံရေးအတွက် စိုးရိမ်နေခြင်းဖြစ်သည်။

မိသားစုများ စိုးရိမ်နေသည့်အတိုင်းပင် အောက်တိုဘာ ၂၆ ရက်တွင် ၎င်းတို့အဖွဲ့မှာ  AA အဖွဲ့၏ ဖမ်းဆီးခြင်းကို ခံခဲ့ရပြီး ကံကောင်းထောက်မစွာဖြင့် ၎င်းအသက်ရှင်သန်ခွင့် ရခဲ့သည်။ ၎င်းမှာ ရဲတပ်သား စိုင်းနိုင်အောင် ပင်ဖြစ်သည်။

အောက်တိုဘာ ၂၆ ရက်တွင် စစ်တွေ မြို့မှ ဘူးသီးတောင်မြို့သို့ ထွက်ခွာလာသည့် ရွှေနဒီအမြန်ရေယာဉ်ကို ရသေ့တောင်မြို့ နယ် ရေမျက်ကျေးရွာအနီးတွင် AA  အဖွဲ့ က သေနတ်ပစ်ဖောက် တားဆီး၍ ရေယာဉ် ပေါ်တွင် လိုက်ပါလာသူများကို ဖမ်းဆီးသွားခဲ့ပြီး ယင်းဖြစ်စဉ်တွင် ရဲတပ်သားစိုင်းနိုင်အောင်သည် AA အဖွဲ့၏ ပစ်ခတ်မှုများကြားမှ ပြန်လည်လွတ်မြောက်လာသူ ဖြစ်သည်။

“ကျွန်တော်က အနောက်တံခါးကို သွားပြီး တာဝန်ထမ်းဆောင်ရမှာဖြစ်ပါတယ်။ အနောက်တံခါးကို သွားပြီး တာဝန် ထမ်းဆောင်တယ်ဆိုတာကလည်းပဲ ဒီရေမြေ အမျိုးဘာသာ၊ သာသနာပြီးတော့ ကျွန် တော်တို့ရဲ့ တိုင်းရင်းသားမျိုးနွယ်စုတွေကို ကာကွယ်ဖို့အတွက်။ အနောက်တံခါးဆိုတာ ကျွန်တော်တို့ တစ်ဖက်နိုင်ငံနဲ့  ခြံစည်းရိုးပါ။ အဲဒီခြံစည်းရိုးကို လုံခြုံအောင်ထမ်းဆောင် ရင်း ကျွန်တော့်ကိုယ် ကျွန်တော် ဂုဏ်ယူဝင့် ကြွားစွာနဲ့ ဝမ်းနည်းသော်လည်း ဝမ်းနည်းတာကို ရင်ထဲမှာထားပြီးတော့ တာဝန်ထမ်း ဖို့ ကျွန်တော် ဂုဏ်ယူဝင့်ကြွားစွာနဲ့ အားလုံး ကို နှစ်သိမ့်ပြီးမှ ပြောဆိုပြီး ကျွန်တော် ဒီနေ ရာကို ခြေဦးချခဲ့တာပါဓဟု ရဲတပ်သား စိုင်းနိုင်အောင်က ပြောသည်။

မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှ အရာရှိ၊ တပ်သား တစ်ရာကျော်သည် နယ်ခြား စောင့်ရဲတပ်ဖွဲ့တွင် တာဝန်ထမ်းဆောင်ရန် တာဝန်ကျခဲ့ပြီး တချို့မှာ ကျောင်းတက်ရန် နှင့်ခွင့်ယူထားသဖြင့် ယခုခရီးစဉ်တွင် ပါဝင် လာခြင်း မရှိသော်လည်း ရဲတပ်သား စိုင်းနိုင်အောင်ပါဝင်သည့် ရဲတပ်ဖွဲ့ဝင် ၉၀ ကျော်သည် တောင်ကုတ်သို့ အတူလိုက်ပါလာခဲ့သည်။

၎င်းသည် တောင်ကုတ်မှ စစ်တွေသို့ ရှပ်ပြေးရေယာဉ်ဖြင့် ပထမဦးဆုံး လက်မှတ်ရသဖြင့် လိုက်ပါခဲ့ရသူဖြစ်ပြီး စစ်တွေတွင် တစ်ညအိပ်ကာ ၂၆ ရက် နံနက် ၇ နာရီ တွင် စစ်တွေမှ ဘူးသီးတောင်သို့ ရွှေနဒီအ မြန် ရေယာဉ် စီးနင်းလိုက်ပါလာရာမှ တစ်ဆင့် AA အဖွဲ့၏ဖမ်းဆီးခြင်းကို ခံခဲ့ရ ခြင်းဖြစ်သည်။

“ဒီလိုဖြစ်စဉ် ဖြစ်တဲ့အတွက် ကျွန်တော် အရမ်းဝမ်းနည်းပါတယ်။ ဝမ်းနည်း တယ်ဆိုတာက ဘာလို့လဲဆိုတော့ အခုလို အဖမ်းခံရတဲ့အထဲမှာ ကျွန်တော်လို ရဲဘော် ရဲဘက်တွေ ပါသွားတဲ့အတွက် ခံစားရပါ တယ်။ သူတို့ဆိုတာလည်း မိသားစုနဲ့ ဘဝ တစ်ခု။ ကျွန်တော် လွတ်မြောက်လာခဲ့ပေမဲ့ အခုအချိန်အထိ အိပ်တဲ့အခါ မျက်လုံးထဲမှာ မြင်ယောင်မိပြီး ကျွန်တော်ခံစားရပါ တယ်။ စိတ်ဒဏ်ရာလည်း ရနေပါပြီ” ဟု ၎င်းက ဆိုသည်။ 

ရဲတပ်သား စိုင်းနိုင်အောင် တပ်မတော် စစ်ကြောင်းနှင့်တွေ့ရှိကာ ပြန်လည်လွတ်မြောက်လာသည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက အောက်တိုဘာ ၂၈ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည့်နောက် ၎င်း လွတ်မြောက်လာမှုနှင့်ပတ်သက်၍ လူမှုကွန်ရက် အသုံးပြုသူများအကြား သံသယမေးခွန်းများ ထုတ်လာခဲ့ကြသည်။

အထူးသဖြင့် တပ်မတော်ဘက်ယိမ်းသော  Facebook အသုံးပြုသူများနှင့် AA ဘက်ယိမ်းသော Facebook  အသုံးပြုသူများ အကြား ၎င်းလွတ်မြောက်လာမှုနှင့် ပတ်သက်၍ တပ်မတော်က လုပ်ကြံဖန်တီးထားသည့် ဇာတ်လမ်းသဖွယ် မှတ်ချက်ပြုခဲ့မှုများ ရှိခဲ့သကဲ့သို့ ၎င်းလွတ်မြောက်လာမှုသည် အမှန် တကယ် ဖြစ်ပျက်ခဲ့သည့်ဖြစ်စဉ်ဟု တစ်ထစ်ချ ယုံကြည်သူများလည်း ရှိခဲ့သည်။

ရသေ့တောင်မြို့နယ်၊ ရေမျက်ကျေးရွာ အနီးတွင် ဖြစ်ပွားခဲ့သော ရွှေနဒီအမြန်ရေ ယာဉ်ဖြစ်စဉ်နှင့်ပတ်သက်၍ AA အဖွဲ့၏ ဖမ်းဆီးမှုမှ ပြန်လည်လွတ်မြောက်လာသူတ ချို့ကို ပြီးခဲ့သည့် နိုဝင်ဘာ ၄ ရက်တွင် ပြည် တွင်းသတင်းမီဒီယာတချို့က တွေ့ဆုံမေး မြန်းခွင့် ရခဲ့သည်။

၎င်းတို့၏ ပြောကြားချက်များအရ အောက်တိုဘာ ၂၆ ရက် နံနက်ပိုင်းတွင် စစ် တွေမြို့မှ ဘူးသီးတောင်မြို့သို့ ထွက်ခွာလာ သော ရွှေနဒီအမြန်ရေယာဉ်ကို ရသေ့တောင်မြို့နယ်၊ ရေမျက်ရွာဟောင်းအနီးသို့ အရောက်တွင် AA အဖွဲ့က သေနတ်ပစ် ဖောက်ကာ ရပ်တန့်ခိုင်းခဲ့ပြီး ရေယာဉ်ပေါ်ပါ လာသူများကို အောက်သို့ ဆင်းခိုင်းခဲ့သည်။

ထိုသို့ ဆင်းခိုင်းရာတွင် အသက်အနည်းငယ်ကြီးသည့် လူကြီးတစ်ဦးက ခရီး သည်များကို AA အဖွဲ့က စစ်ဆေးရန် ရှိသည့်အတွက် ယခုကဲ့သို့ ဆင်းခိုင်းခြင်းဖြစ် ပြီး ထိခိုက်ဒဏ်ရာရရှိအောင် မည်သို့မျှ ပြု လုပ်မည်မဟုတ်ဟု ပြောဆိုခဲ့သော်လည်း တကယ်တမ်း စစ်ဆေးမေးမြန်းရာတွင် ရိုက်နှက်ကန်ကျောက်မှုများ ရှိခဲ့သည်ဟု ပြန်လည်လွတ်မြောက်လာသူများက ဆိုသည်။

AA အဖွဲ့က ခရီးသည်များအား မေး မြန်းရာတွင် ရဲတပ်ဖွဲ့ဝင်လား၊ တပ်မတော်သားလား၊ အရပ်သားလားဟု ခွဲခြားမေးမြန်း ခဲ့ပြီး အချို့ကိုမူ ရုပ်ရည်ကြည့်ရှု၍ အရာရှိ ဖြစ်နိုင်သည်ဟု ၎င်းတို့အနေဖြင့် ကောက် ချက်ချကာ ချက်ချင်းလက်ပြန်ကြိုးတုပ်သည်ဟု ပြန်လည်လွတ်မြောက်လာသူများက ပြောကြသည်။

အဆိုပါ ရွှေနဒီအမြန်ရေယာဉ်ပေါ်တွင် ခရီးသည် တစ်ရာကျော် လိုက်ပါသွား ခဲ့ပြီး AA  အဖွဲ့က အမျိုးသားများကို အဓိက ဖမ်းဆီးခဲ့ပြီးနောက် အမျိုးသမီးများ၊ ကလေး ငယ်များနှင့် သက်ကြီးရွယ်အိုများကို ယင်း အမြန်ရေယာဉ်ဖြင့်ပင် ပြန်လွှတ်ပေးခဲ့သည်။

ဖမ်းဆီးခံရသူများကို AA အဖွဲ့က အသုတ်လိုက်ခွဲကာ စစ်ဆေးမေးမြန်းခဲ့ပြီး ၎င်းတို့အား စစ်ဆေးသည့်အဖွဲ့တွင် AA ဘက်တံဆိပ်ဖြင့် သေနတ်များ ကိုင်ဆောင် ထားသော လူ ၁၂ ဦးခန့်က စစ်ဆေးခဲ့ခြင်း ဖြစ်သည်ဟု ရဲတပ်သား စိုင်းနိုင်အောင်က ပြောသည်။

 လယ်ကွင်းထဲတွင် ဝမ်းလျားမှောက်၍ နာရီဝက်ခန့် ကြာမြင့်ခဲ့သော အဆိုပါ စစ် ဆေးမှုအတွင်း ခရီးသည်များအနေဖြင့် ၎င်းတို့ဝတ်ဆင်လာသော အကျႌဖြင့် ၎င်းတို့၏ မျက်လုံးများကို အုပ်စည်းထားကာ စစ်ဆေး ခံခဲ့ရသည်။

စစ်ဆေးမေးမြန်းရန် ရှိသည့်အတွက် ဖမ်းဆီးလာခြင်းဖြစ်သဖြင့် ၎င်းတို့ထံမှ အပ်တိုတစ်ချောင်းပင် ယူမည်မဟုတ်ဟု AA အဖွဲ့က ပြောဆိုခဲ့သော်လည်း လက်တွေ့တွင် မူ ပါလာသော ရွှေ၊ ငွေပစ္စည်းများနှင့် ဟန်း ဖုန်းများကို ယူဆောင်သွားခဲ့သည်ဟု ပြန် လည်လွတ်မြောက်ခဲ့သူများက ပြောပြသည်။

နာရီဝက်ခန့် ကြာမြင့်ခဲ့သော AA အဖွဲ့ ၏ စစ်ဆေးမှုအပြီးတွင် အုပ်စည်းထားသော မျက်လုံးများကို အနည်းငယ် လျှော့ချ၍ လယ် ကွင်းများကို ဖြတ်ကာ ၎င်းတို့အား ရွာတစ်ရွာသို့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။

ရွာထဲသို့ ရောက်သည့်အခါတွင် အဆိုပါရွာမှ ကလေး၊ လူကြီးများက ၎င်းင်းတို့ကို ဝိုင်းအုံကြည့်ရှုခဲ့ကြပြီး ထိုသို့လာရောက် ကြည့်ရှုကြသူများထဲမှ တချို့သူများ၏  လက် ထဲတွင် တုတ်များ ကိုင်ဆောင်ထားကြသည်။

အဆိုပါ ရွာတွင်လည်း ၎င်းတို့အား AA အဖွဲ့က ထပ်မံစစ်ဆေးမေးမြန်းခဲ့ပြီး အချိန် အတော်ကြာ စစ်ဆေးမေးမြန်းခဲ့သည့် အဆိုပါ ဖြစ်စဉ်တွင် ၎င်းတို့အား ဝမ်းလျားမှောက်စေ၍ တုတ်ဖြင့် ရိုက်ခြင်း၊ ကျောကုန်းကို ဖနောင့်ဖြင့် ပေါက်ခြင်းများကို အချိန်ကြာ အောင် ပြုလုပ်ခဲ့ကြသည်ဟု ပြန်လည် လွတ် မြောက်လာသူများက ဆိုသည်။

ထိုသို့ ရိုက်နှက်စစ်ဆေးနေစဉ်အတွင်း တပ်မတော်ရဟတ်ယာဉ်က ယင်းနေရာတစ် ဝိုက်တွင် လှည့်လည်ဝဲပျံနေသည့်အတွက်  ၎င်းတို့အား မြင်သွားမည်ကို စိုးရိမ်သဖြင့် နောက်ထပ်ရွာတစ်ရွာသို့ အတွဲလိုက် ကြိုး ဖြင့် ချည်နှောင်က အဖွဲ့ခွဲ၍ ပြေးခိုင်းစေခဲ့ သည်။ 

ထိုသို့ ပြေးရာတွင်လည်း ဘေးတစ်ဖက်တစ်ချက်တွင် စစ်ဝတ်၊အရပ်ဝတ်၊ အားကစားဝတ်စုံများ ဝတ်ဆင်ထားသည့် AA အဖွဲ့ဝင်များက တုတ်များကိုင်ဆောင်၍ လိုက်ပါလာခဲ့ပြီး လျင်မြန်စွာ မပြေးနိုင်သူ များကို တုတ်များဖြင့် ရိုက်နှက်ခဲ့ကြသည်။

“အတွဲလိုက်တွေ ချည်ထားတော့ မြန်မြန်လည်း မပြေးနိုင်ဘူးဗျာ့။ နောက်တော့ ကျောကုန်းတွေ ရိုက်တယ်။ နောက်ကျတဲ့သူ သုံးယောက်တွဲဆိုလို့ရှိရင် နောက်ဆုံးကလူ ကို မင်းမပြေးနိုင်ဘူးလား၊ ဘာဖြစ်တာလဲ၊ ဒီ လောက်တောင် မခံနိုင်ဘူးလား ဒါမျိုးတွေနဲ့ ကျွန်တော်တို့ကို ရိုက်ပုတ်ပြီးတော့ နောက် တစ်ရွာကို ကူးသွားပါတယ်” ဟု ရဲတပ်သား စိုင်းနိုင်အောင်က ပြောပြသည်။

အဆိုပါ ရွာသို့ ရောက်သည့်အခါတွင် လည်း ရဟတ်ယာဉ်သည် ရွာအပေါ်တွင် ဝဲ ပျံနေသည်ဟု သတင်းလှမ်းပေးမှုများ ရှိ၍ နီးစပ်ရာ အိမ်တချို့တွင် ဝင်ရောက်ပုန်း အောင်းစေခဲ့ပြီး နောက်ဆုံးတွင် ပုန်းအောင်း နေသော အိမ်များမှ တစ်သုတ်ချင်း ခေါ်ထုတ် ၍ ရွာလယ်ရှိ ကျောင်းတစ်ကျောင်းသို့ ခေါ် ဆောင်သွားခဲ့သည်။

အဆိုပါ နေရာတွင် တစ်နာရီနီးပါးခန့် အကြာ အသုတ်လိုက် ပုန်းအောင်းခိုင်းထား သူများ လူစုံသည့်အခါတွင် နောက်တစ်ကြိမ် ထပ်မံပြေးခိုင်းပြီး ယခုတစ်ခါ ပြေးခိုင်း သည့် နေရာသည် ကမ်းစပ်တစ်ခုဖြစ်ကာ ယခုတစ် ကြိမ်ပြေးရာတွင်လည်း ယခင်နည်းတူ လျင် မြန်စွာ မပြေးနိုင်သူများကို AA အဖွဲ့က ရိုက်နှက်ခဲ့ကြသည်။     

အသုတ်လိုက်ခွဲ၍ ကမ်းစပ်သို့ ပြေးစေ မှုတွင် စိုင်းနိုင်အောင်သည် ဒုတိယအသုတ် တွင် ပါဝင်ခဲ့ပြီး ၎င်းတို့ ကမ်းစပ်သို့ ရောက် သည့်အချိန်တွင် ပထမအသုတ် ပြေးသွားသူ များကို မြင်တွေ့ရခြင်း မရှိတော့ဘဲ ၎င်းတို့ ကို သုံးယောက်တစ်တွဲ၊ နှစ်ယောက်တစ်တွဲ ကြိုးဖြင့်ပေါင်းချည်၍ ငါးယောက်တွဲပုံစံ ချည် နှောင်ထားခဲ့သည်ဟု ၎င်းင်းက ပြောပြသည်။  

တရုတ်အင်ဂျင်တစ်လုံး တပ်ဆင်ထား ပြီး အမိုးတစ်ဝက်ပါသည့် စက်လှေတစ်စင်း ပေါ်သို့ ၎င်းတို့ငါးယောက်ကို တက်ခိုင်းထား ပြီး အဆိုပါ အချိန်တွင် တပ်မတော်၏ ရဟတ်ယာဉ်ကလည်း အထက်တွင် ဝဲပျံနေသည့်အတွက် AA အဖွဲ့ဝင်များသည် ကျန်ရှိ နေသူများကို စက်လှေပေါ်သို့ ထပ်မံတင် ဆောင်နိုင်ရန်အတွက် ကမ်းပေါ်တွင် ပုန်း အောင်းစောင့်ဆိုင်းနေခဲ့သည်။

ရဟတ်ယာဉ်သည် အဆက်မပြတ် ဝဲပျံနေသည့်အတွက် AA အဖွဲ့သည် ၎င်းတို့ ဖမ်းဆီးလာသူများကို စက်လှေပေါ်သို့ ထပ်မံ တင်ဆောင်ရန် အခွင့်မရသေးသည့်အ တွက် စက်လှေပေါ်သို့ ရောက်နှင့်နေပြီးဖြစ် သည့် ၎င်းတို့ငါးဦးကို ကမ်းပေါ်သို့ ပြန်တက်လာရန် AA အဖွဲ့ဝင်များက ပြောခဲ့သည်ဟု စိုင်းနိုင်အောင်က ပြောပြသည်။

အကျႌများ ဝတ်ဆင်ထားခြင်း မရှိသော ၎င်းတို့ငါးဦးသည် စက်လှေပေါ်တွင် ကျန်ရှိနေချိန် ရဟတ်ယာဉ်သည် သင်္ကာမကင်း ဖြစ်လာသည့်အတွက် စက်လှေကို ကျော်၍ ကုန်းထိပ်ကို သေနတ်ဖြင့် ပစ်ခတ်ခဲ့ပြီး အဆို ပါပစ်ခတ်မှုနှင့်တစ်ပြိုင်နက်တည်းပင်  AA အဖွဲ့ကလည်း ပေ ၃၀ ခန့်အကွာမှ နေ၍ ၎င်းတို့ငါးဦးအား သေနတ်ဖြင့် အတွဲလိုက် ပစ်ခတ်ခဲ့သည်ဟု ရဲတပ်သား စိုင်းနိုင်အောင် က ပြောသည်။

 

အတွဲလိုက်တွေ

ချည်ထားတော့ မြန်မြန်လည်း

မပြေးနိုင်ဘူးဗျာ့။ နောက်တော့ ကျောကုန်းတွေ ရိုက်တယ်။

နောက်ကျတဲ့သူ သုံးယောက်တွဲဆိုလို့ရှိရင် နောက်ဆုံးကလူကို မင်းမပြေးနိုင်ဘူးလား၊ ဘာဖြစ်တာလဲ၊

ဒီလောက်တောင် မခံနိုင်ဘူးလား ဒါမျိုးတွေနဲ့ ကျွန်တော်တို့ကို . . .

 

“ရဟတ်ယာဉ်က ခေါက်တုံ့ခေါက်ပြန် ဝဲနေတော့ ကမ်းပေါ်ကို တက်ခိုင်းတာ။ တက်ခိုင်းတော့ မော်တော်ကနေ ကမ်းပေါ်ကို ချောက်ကမ်းပါးမှာ အကပ်အရောက်မှာ ပစ်တာ။ ပစ်တဲ့အခါကျတော့ နောက်ကျော မှာရှိတဲ့ သုံးယောက်ရယ် ကျွန်တော့်အရှေ့က တစ်ယောက်ရယ်က အဲဒီပစ်ချက်တွေမှာ တင် တန်းပြီးတော့မှ ကျသွားတယ်။ ဝုန်းဆို ကျသွားတယ်။ ကျွန်တော်ပါ ပါသွားတယ်။ အတွဲလိုက်။ အဲဒီလို အတွဲလိုက် ကျသွားတဲ့ အခါကျတော့ ကျွန်တော်က ပြန်ပေါ်လာတယ်။ ကျွန်တော့်ဘေးမှာတော့ သေဆုံး သွားတဲ့သူ တစ်ဖက်တစ်ယောက်စီ ရှိတယ်။ အဲဒါနဲ့ ကျွန်တော်ရေထဲကို ပြန်မြုပ်သွားတယ်။နောက်တစ်ခေါက် ပြန်ပေါ်လာတယ်။ ပေါ်လာတော့ ကျွန်တော် ချောက်ကမ်းပါး ဘက်ကို မျက်နှာမူလျက် ပေါ်လာတယ်။ပေါ် လာတဲ့အခါကျတော့ ချောက်ကမ်းပါးပေါ် ကနေ သေချာချိန်ပြီးတော့ တစ်ချက် ပစ်လိုက်တယ်ခင်ဗျာ့။ သေနတ်နဲ့ တစ်ချက်ပစ် လိုက်တော့ ကျွန်တော့်ရဲ့ ကျောကုန်းနောက် ကနေ ဖြတ်သွားတယ်လို့ ယူဆတယ်။ ကျွန် တော့်ခေါင်းတစ်ခုလုံး သုံးစိပ်ကွဲသွားတယ် လို့ ခံစားရတယ်။ အဲဒီ အချိန်မှာ အရမ်း ကြောက်လန့်သွားတယ်” ဟု ပစ်ခတ်မှုဖြစ် စဉ်ကို စိုင်းနိုင်အောင်က ပြောပြသည်။

ရေထဲနစ်မြုပ်သွားသည့် ၎င်းအား ရေ ပေါ်သို့ ပြန်ပေါ်လာချိန်တွင် AA  အဖွဲ့က သေနတ်ဖြင့် ထပ်မံပစ်ခတ်ခဲ့ပြီး နောက်ဆုံးတွင် AA  အဖွဲ့၏ ပစ်ခတ်မှုကြောင့် သေဆုံး ခဲ့သည့် အလောင်းတစ်လောင်းကို အကာအ ကွယ် ပြုလုပ်ကာ ချည်နှောင်ထားသောကြိုး များဖြုတ်ခြင်းနှင့် ရေစီးနှင့်အတူ ရေအောက်တွင် ငုပ်၍ ထွက်ပြေးလာခဲ့ပုံများကို ၎င်းက ရှင်းပြသည်။ 

ရေငုပ်၍ ရေစီးဖြင့် မျောပါလာရင်း မလှမ်းမကမ်းသို့ ရောက်သည့်အခါတွင် ကမ်းစပ်တစ်ခုသို့ ကပ်ကာ ပုန်းအောင်းနေ ခဲ့ပြီး ယင်းအချိန်တွင် ၎င်းင်းထံ၌ လည်ပင်း တွင် စွပ်နေသည့် စွပ်ကျယ်အကျႌတစ်ထည် နှင့် အတွင်းခံဘောင်းဘီသာ ရှိတော့သည်ဟု ရဲတပ်သား စိုင်းနိုင်အောင်က ပြောသည်။

ထို့နောက် ၎င်း၏ တစ်ကိုယ်လုံးကို ရွှံ့နွံများ သုတ်လိမ်း၍ ကမ်းစပ်ရှိ ဆူးချုံပုတ် တစ်ခုထဲတွင် ပုန်းအောင်းကာ ညအမှောင် ကျသည့်အချိန်အထိ စောင့်ဆိုင်းနေခဲ့သည်ဟု စိုင်းနိုင်အောင်က ပြောပြသည်။

အမှောင်ဝင်လာချိန် ညဘက်ရောက် သည့်အခါတွင် ၎င်းသည် ပစ်ခတ်မှုများ ဖြစ်ပွားရာနေရာမှ ထွက်ခွာလာနိုင်ရန်အတွက် ရေထဲသို့ ပြန်ဆင်းကာ ပစ်ခတ်မှုဖြစ်ပွားရာ နေရာ၏ ဆန့်ကျင်ဘက်နေရာသို့ ကမ်းစပ် မှ ထွက်ခွာလာခဲ့သည်။

ပိုမိုညဉ့်နက်လာသည့်အခါ ကမ်းစပ်သို့ ပြန်ကပ်၍ လယ်ကွင်းတစ်ခုထဲတွင် ကုန်းတစ်ဝက် ရေတစ်ဝက်ဖြင့် အိပ်ခဲ့ပြီးနောက် မနက်ဝေလီဝေလင်းအချိန်တွင် ရေထဲသို့ ပြန်ဆင်းကာ ပစ်ခတ်မှုများ ဖြစ်ပွားရာနေရာနှင့် ဝေးရာသို့ ဆက်လက်ထွက် ခွာလာခဲ့သည်။

ရခိုင်ပြည်နယ်သို့ ပထမဆုံးအကြိမ် ရောက်ရှိလာခဲ့သည့်အတွက် နယ်မြေအခြေ အနေမသိဘဲ ခန့်မှန်းသွားလာမှုများ ပြုလုပ်နေရင်းဖြင့် ဓနိတောတန်းများနှင့် ရွာတစ်ရွာကို တွေ့သော်လည်း ၎င်းအား မည်သူမှန်း မသိ၊ ရခိုင်စကားလည်း နားမလည်သည့်အတွက် အသက်အန္တရာယ် စိုးရိမ်ရသည်ဟု ယူဆကာ ရွာထဲသို့ ဝင်ရောက်ခြင်း မပြုဘဲ စောင့်ဆိုင်း၍ ညနေပိုင်းတွင် မျက်နှာချင်း ဆိုင်ဘက်ကမ်းသို့ လက်ပစ်ကူးခပ်ခဲ့သည်။

ထိုမှတစ်ဆင့် နေမဝင်ခင်အချိန်အထိ အပြေးနှင်ခဲ့ပြီး ၎င်းအနေဖြင့် ဝပ်သင့်သည့် နေရာတွင်ဝပ်၊ ပြေးသင့်သည့်နေရာတွင် ပြေး၊ ပုန်းသင့်သည့်နေရာတွင် ပုန်းကွယ်၍ ခရီးနှင်ခဲ့ရာ ညဉ့်နက်လာသည့်အခါ နောင် တွင် သိရှိချက်အရ ရေပုတ်ရွာရေဆိပ်သို့ ရောက်ရှိခဲ့သည်ဟု စိုင်းနိုင်အောင်က ပြောပြသည်။

အဆိုပါ အချိန်တွင် အတော်ညဉ့်နက် လာသဖြင့် ရေဆိပ်အနီးရှိ ဇရပ်တွင် တစ်ည အိပ်ခဲ့ပြီး ယင်းနေရာသည် ဇရပ်ဟုဆိုသော် လည်း ကုန်းတစ်ဝက်၊ ရေတစ်ဝက်တွင်ပင် အိပ်ခဲ့ရကာ နောက်တစ်နေ့မနက် (အောက် တို ဘာ ၂၈ ရက်) တွင် အဆိုပါ နေရာမှ ကုန်း တစ်ခါ ရေတစ်လှည့်ဖြင့် ပြန်လည်ထွက်ခွာ လာခဲ့ရာ ကျောက်တန်းရွာသို့ ရောက်ရှိခဲ့ သည်။

“ငါ သေချင်လည်း သေ၊ ရေလည်း မသောက်ရဘူး။ ထမင်းလည်း မစားရဘူး။တစ်ခုခုလေးတော့ ရရင်ကောင်းရဲ့။ နောက် ဆုံးရေလေးတစ်ပေါက်မျှ သောက်ရရင် ကောင်းရဲ့ဆိုပြီး ကျွန်တော်ရွာထဲကို ဝင်သွား ခဲ့တယ်” ဟု စိုင်းနိုင်အောင်က ပြောသည်။

ထိုသို့ ဝင်သွားသည့်အခါတွင်လည်း စွပ်ကျယ်အကျႌဖြင့် လူတစ်ဦးကို တွေ့ခဲ့ရပြီး အဆိုပါပုဂ္ဂိုလ်သည် အရပ်သားလား၊ AA လားဟူသော စိုးရိမ်စိတ်ဖြင့် ပုန်းအောင်းနေခဲ့သည်ဟု ရဲတပ်သား စိုင်းနိုင်အောင်က ပြောသည်။

ထိုသို့ ပုန်းအောင်းနေရာမှ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် ဘက်တံဆိပ်ဖြင့် စစ်တပ်ယူနီဖောင်း ဝတ်ဆင်ထားသူတစ်ဦးကို တွေ့ရှိမှသာ ၎င်းအနေဖြင့် ပုန်းအောင်းနေရာမှထွက်လာ၍ ၎င်းသည် ရဲဖြစ်ကြောင်း နှင့် AA အဖွဲ့လက်မှ ထွက်ပြေးလာသူဖြစ် ကြောင်း စိုင်းနိုင်အောင်က ပြောပြခဲ့သည်။

“အဲဒီနေ့ကျမှ ကျွန်တော် ထမင်းဆို တာလည်း စားခဲ့ရတယ်။ ရေလည်း သောက်ခဲ့ရတယ်။ အဲဒီကနေပြီးတော့မှ ကျွန်တော် အဆင့်ဆင့် အသက်ရှင်လာရတာပါ”ဟု ရဲ တပ်သား စိုင်းနိုင်အောင်က ပြောသည်။

ယခုဖြစ်စဉ်တွင် AA အဖွဲ့သည် တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များနှင့် အရပ်သားများကို စက်လှေသုံးစင်းဖြင့် တင် ဆောင်၍ ဖမ်းဆီးခေါ်ဆောင်သွားရန် စီစဉ်ခဲ့သော်လည်း တပ်မတော်ရဟတ်ယာဉ်နှင့် AA တို့အကြား အပြန်အလှန် ပစ်ခတ်မှုများ ရှိခဲ့ရာ လူအများအပြားသည် အဆိုပါ ပစ်ခတ်မှုများအတွင်း သေဆုံးခဲ့သည်ဟု AA က ထုတ်ပြန်ခဲ့သည်။

သို့သော်လည်း ရဲတပ်သား စိုင်းနိုင်အောင်ကမူ ထိုသို့ မဟုတ်ဘဲ ဖမ်းဆီးခံရသူ များ ထွက်ပြေးနိုင်ရန်အတွက် ရဟတ်ယာဉ် သည် ခြောက်လှန့်ပစ်ခတ်မှုသာ ရှိခဲ့ကာ ၎င်းတို့ ငါးယောက်တွဲသည်ပင် AA အဖွဲ့၏ ပစ် ခတ်မှုကြောင့် လေးယောက်သေဆုံးခဲ့ရသည်ဟု ပြောသည်။ 

“ရဟတ်ယာဉ်ကျည်နဲ့ ပစ်တာ။ ဒီစက် လှေဘုတ်ကလေးကို ရဟတ်ယာဉ်က တည့်တည့်တကယ်ချိန်ပြီး ရည်ရွယ်ချက်ရှိရှိ ပစ် မယ်ဆိုလို့ရှိရင် ဒီစက်လှေပေါ်မှာ ပါတဲ့ သူတွေ ခုနက ဗျူးခဲ့တဲ့သူတွေက စက်လှေပေါ် က ကျန်ခဲ့တဲ့သူတွေပါ။ အဲဒီ လူတွေက အသက်ရှင်နိုင်စရာအကြောင်း မရှိပါဘူး။စက်လှေကိုသာ ပစ်မယ်ဆိုရင် အသက်ရှင်စရာ မရှိပါဘူး။ သေနတ်နဲ့ ပစ်တာ။ စက်နဲ့ ပစ်တာ ဟိုလိုမျိုးကျည်နဲ့ ခွဲခြားပြီးပစ်တာ မဟုတ်ဘူး”ဟု စိုင်းနိုင်အောင်က ပြောသည်။

ထို့အတူပင် အခြားသော သေဆုံးမှု ဖြစ်စဉ်များတွင်လည်း ရဟတ်ယာဉ်၏ ပစ်ခတ်မှုကို အကာအကွယ်ယူကာ AA အဖွဲ့ က ၎င်းတို့ ဖမ်းဆီးခဲ့သူများကို ပစ်ခတ်သတ် ဖြတ်ခဲ့သည်ဟု စိုင်းနိုင်အောင်က ၎င်း၏ ယူ ဆချက်ကို ပြောပြသည်။

ရဲတပ်သား စိုင်းနိုင်အောင်အပါအဝင် ပြန်လည်လွတ်မြောက်လာသူအချို့ကို တပ်မတော်က ၎င်းင်းတို့၏ လုံခြုံရေးအရ ထိန်း သိမ်းစောင့်ရှောက်ထားပြီး ၎င်းအနေဖြင့်လည်း ရှေ့ဆက်၍ မည်သို့ဖြစ်မည်ကို သိရှိ ရခြင်းမရှိသေးဟု ရဲတပ်သား စိုင်းနိုင်အောင် က ပြောသည်။

ရွှေနဒီအမြန်ရေယာဉ်ပေါ်မှ ခရီးသည်များ ဖမ်းဆီးခံရမှုဖြစ်စဉ်နှင့် ပတ်သက်၍ AA အဖွဲ့၏ဖမ်းဆီးခံရခြင်းမှ ပြန်လည် လွတ်မြောက်လာခဲ့သူများ၏ ပြော စကားအချို့ကိုလည်း ဖော်ပြအပ်ပါသည်။

AA အဖွဲ့၏ ဖမ်းဆီးခံရစဉ်က ရိုက်နှက်ခံရသော ကျောကုန်းမှ ဒဏ်ရာများကို တွေ့ရစဉ်

■ ၁။ ဒုရဲအုပ် အောင်မျိုးဟိန်း

“ကျွန်တော်က မွန်ပြည်နယ်ကနေ ရခိုင် နယ်ခြားစောင့် (၁) ကို ပြောင်းရွှေ့လာခြင်း ဖြစ်ပါတယ်။ ကျွန်တော်တို့ ၂၆ ရက်နေ့၊ မနက် ၇ နာရီမှာ စစ်တွေကနေ ရှပ်ပြေးနဲ့ စထွက်လာတယ်။ စထွက်လာရင်းနဲ့ ကျွန် တော်တို့ ရသေ့တောင်ကို ဘယ်အချိန် ရောက်သလဲဆိုတော့ မနက် ၉ နာရီကျော်။ ရသေ့တောင်ကို ရောက်တော့ အဲဒီမှာ လူ စိမ်းတွေ စတက်လာတယ်။ သူတို့ လွယ်အိတ်တွေ လွယ်ထားကြတယ်။ ခုနစ်ယောက် လောက်ရှိတယ်။ယောကျ်ားတွေချည်းပဲ။ သူတို့ စက်ခန်းထဲ ဝင်သွားကြတယ်။ ဝင်သွားကြပြီးတော့ နောက်ထပ် မိနစ် ၂၀ ကြာတဲ့အချိန်မှာ ရေယာဉ်ကလည်း အရှိန်နှေးသွားတယ်။နှေးသွားရင်းနဲ့ ဘာသံတွေ ကြားရသလဲဆို တော့ လက်နက်ငယ်သံ ကြားရတယ်။ အဲဒီ လို ကြားတဲ့အချိန်မှာ ရွှေနဒီရှပ်ပြေးက ဘယ် လိုဖြစ်သွားသလဲဆိုတော့ ဝဲလှည့်သလို ဘက်လှည့်သွားတာပေါ့။ အဲဒီလို လှည့်သွား ရင်းနဲ့ စက်လှေပေါ်မှာပါတဲ့ လူကြီးတစ် ယောက်က ဘာပြောသလဲဆိုတော့ မင်းတို့ ကို AA  တွေက စစ်ဆေးဖို့ ရှိတယ်။မင်းတို့ ကို ဘာမှ မလုပ်ဘူး။မင်းတို့ကို ပြန်လွှတ် ပေးမယ်ဆိုပြီး အသာတကြည် အောက်ဆင်း ခိုင်းတယ်။

အဲဒီအချိန်မှာ ရှပ်ပြေးကလည်း ကမ်း ကပ်လိုက်ပြီ။ကျွန်တော်အောက်ဆင်းတော့ လက်နက်ကိုင်ထားတဲ့လူ ဘယ်နှယောက်ရှိ သလဲဆိုတော့ ၁၀ ယောက်လောက်ရှိတယ်။ အဲဒီမှာ သူတို့က ဘာပြောသလဲဆိုတော့ မင်းတို့ဆီက အပ်တိုတစ်ချောင်းတောင် မယူ ဘူးလို့ ပြောတယ်။ ပြီးတာနဲ့ ဘာလုပ်သလဲ ဆိုတော့ ကျွန်တော့်အပေါ်အကျႌ ချွတ်လိုက် တယ်။ချွတ်ပြီးတော့ ကျွန်တော့်မျက်လုံးကို ကျွန်တော် ဝတ်ထားတဲ့အကျႌနဲ့ စည်းတယ်။ ပြီးတော့ ကျွန်တော့်လက်ကိုလည်း ကြိုးနဲ့ နောက်ပြန်တုပ်။ ပြီးတော့ ယောကျ်ားလေး တွေ အကုန်လုံးကို ဆွဲချတယ်။ အဲဒီမှာ အမျိုး သမီးတွေကိုလည်း ဆင်းခိုင်းတယ်။ အဲဒီမှာ နေပူထဲမှာ ၄၅ မိနစ်လောက် ကြာတယ်။ ခဏကြာတော့ အမျိုးသမီးတွေကို ပြန်တင်ပေးလိုက်တယ်။ ဒါပေမဲ့ သူတို့က အဲဒီရှပ်ပြေး ပေါ်မှာ ပါလာတဲ့ တန်ဖိုးကြီးတဲ့ အဝတ်အ စားတွေ ကျွန်တော်ဆိုရင် ပါလာတဲ့ လက် စွပ်ရော၊ ဖုန်းရော၊ ငွေကြေးတွေရော သူတို့ အကုန်ယူသွားတယ်။

ပြီးတော့ ကျွန်တော်တို့ လက်ကို နိုင် လွန်ကြိုးနဲ့ ချည်ပြီးတော့ ရွာထဲခေါ်သွားတယ်။ အဲဒီအချိန်မှာ ကျွန်တော်တို့ မျက်လုံး ကို ပြန်ဖွင့်ပေးလိုက်ပြီ။ရွာထဲဝင်သွားတဲ့့အချိန်မှာ လူတွေက အများကြီးပဲဗျာ့။ဝိုင်းကြည့် နေကြတာ။အဘိုးကြီးတွေရော၊ အဘွားကြီးတွေရော၊ လူလတ်ပိုင်းတွေရော၊ ကလေးတွေရော တော်တော်အများကြီးပဲ။အဲဒီမှာ ကျွန်တော်တို့ကို မြင်ပြီဆိုတာနဲ့ ဘာလုပ်သ လဲဆို သူတို့က သစ်ကိုင်းတွေ ဆွဲချိုးကြတယ်။ ခြံစည်းရိုးတုတ်ချောင်းတွေရောပဲ။ အဲဒီမှာ ကျွန်တော်တို့ကို အထဲခေါ်သွားပြီး ပတ်ပတ် လည် ဝိုင်းထားတယ်။ထွက်ပြေးလို့ လုံးဝမရ အောင်။ ပြီးရင် ကျွန်တော်တို့ကို မေးကြတယ်။ လူမျိုးခွဲခြားတယ်။ မင်းက ဘာလူမျိုးလဲ လို့ စမေးတယ်။ အဲဒီမှာ ကျွန်တော်ကလည်း အမှန်အတိုင်း ပြောတယ်။ ကျွန်တော် ရှမ်း လူမျိုး။ ရှမ်းလူမျိုးပြောတော့လည်း လက်မခံ ဘူး။ မင်းက ရှမ်းဆိုရင် ရှမ်းစစ်သားလုပ်။ ဘာလို့ ငါတို့ရခိုင်ပြည်ကို လာလုပ်တာလဲ ပေါ့ နော်။ ပြီးရင် ကျွန်တော့်ကို ဝိုင်းရိုက်ကြ တယ်။ ကလေးတွေက အစပဲ။ အခုအထိ ကျွန်တော့်ကျောကုန်းမှာ အရှိုးရာတွေ ရှိ သေးတယ်။ ကျွန်တော့်ခေါင်းတွေမှာရောပဲ။ သူတို့ ရခိုင်လူမျိုးတွေကိုကျတော့ ဘာမှ မလုပ်ဘူး။ တစ်နေရာမှာ ထိုင်ခိုင်းထား တယ်။

ပြီးတာနဲ့ ကျွန်တော်တို့အဖွဲ့တွေကို နှစ်ယောက်ပူးစီ ကြိုးတုပ်ထားတယ်။သူတို့ က အဲဒီနေရာ ရောက်တာနဲ့ သူတို့ဝတ်ထား တဲ့ AA  ယူနီဖောင်းတွေကို ချွတ်လိုက်တယ်။ ဘောလုံးကန်တဲ့ အကျႌနဲ့ဘောင်းဘီနဲ့ ပြန်လဲ လိုက်တယ်။ အဲဒီအချိန်မှာ စစ်ရဟတ်ယာဉ် တွေကလည်း ဝဲနေတဲ့အတွက် အခြေအနေ စောင့်ကြည့်သေးတယ်။ ရဟတ်ယာဉ်တွေက တခြားနေရာ ရောက်ပြီဆိုတာနဲ့ ကျွန်တော် တို့ နှစ်ယောက်တွဲချင်းစီကို စာသင်ကျောင်း ပျက်ထဲ ပို့ကြတယ်။ အဲဒီမှာ အစိုးရနဲ့ အရပ် သားနဲ့ ရောထားတာ အယောက် ၅၀ လောက် သွားရှိတယ်။အဲဒီမှာ အယောက်အစိတ်စီ လူခွဲထုတ်လိုက်တယ်။ အဲဒီမှာ ကျွန် တော်က ဘယ်ထဲမှာ ပါသွားလဲဆိုတော့ ပထမအ သုတ်ထဲမှာပါတယ်။ ပြီးရင် ရွာရဲ့ အနောက် ပိုင်းကို အပြေးသွားခိုင်းတယ်။ ကျွန်တော်တို့ကလည်း လူဝတော့ သိပ်မပြေးနိုင်ဘူး။အဲ ဒါကို အနောက်ကနေ ကျွန်တော့်ကို တုတ် တွေနဲ့ ရိုက်ကြတယ်။ ဆဲတဲ့သူက ဆဲတယ်။

အဲဒီလို သွားရင်းကနေ လှေဆိပ်ရောက် သွားတယ်။လှေဆိပ်ရောက်တော့ အဲဒီမှာ စက်လှေသုံးစင်း ကျွန်တော်က ပထမဦးဆုံး စက်လှေပဲ။ အဲဒီမှာ ကျွန်တော်တို့ လူ ၁၅ ယောက်ပါတယ်။၁၅ ယောက်မှာ AA  က သုံးယောက်ပါတယ်။ သူတို့က မင်းတို့ကို ကျောက်တန်းခေါ်သွားမယ်။ မင်းတို့ကို စစ် ဆေးစရာရှိတယ် ပြောတယ်။ အဲဒါနဲ့ ကျွန် တော်တို့ ၁၃ ယောက်ကို ကျောက်တန်းကို ရေလယ်ကျွန်းကနေ ခေါ်လာတယ်။ခေါ် လာ တဲ့အချိန်မှာ စစ်ရဟတ်ယာဉ်တစ်စင်းက နေ တွေ့သွားတယ်။ ဘာမှမဖြစ်သေးဘူး။အဲ ဒီအချိန်မှာ နောက်က AA  တစ်ယောက်နေ ရှေ့ကတစ်ယောက်ကို လှမ်းပြောတယ်။ မင်း သေနတ်ကို ဝှက်ထားလိုက်တဲ့။ စစ်ရဟတ်ယာဉ်က ငါတို့ကို တွေ့နေပြီလို့ လှမ်းပြော တယ်။ အဲဒီအချိန်မှာ အနောက်ကနေ သေနတ်သံ သုံးချက် ကြားရတယ်။ အဲဒီအချိန်မှာ ရဟတ်ယာဉ်ကလည်း ပြန်လှည့်လာတယ်။ပြန်လှည့်လာပြီး ရေထဲကို ခြောက်လှန့်ပြီး ပစ်တယ်။ အဲဒီအချိန်မှာ ကျွန်တော်တို့ စက်လှေက ချောင်းရိုးလေးထဲ ဝင်လိုက်တယ်။အဲဒီအချိန်မှာ ကျွန်တော်တို့ လက်တွေက လည်း ကြိုးချည်ထားတယ်။ အဲဒီအချိန်မှာ ကျွန်တော်တို့ကလည်း အသက်လုပြီးတော့ အပေါ်ပြေးတက်တယ်။ ပြေးတက်ပြီးတာနဲ့ တုပ်ထားတဲ့ ကြိုးတွေကို ကိုယ့်နည်းကိုယ့် ဟန်နဲ့ ဖြေကြတယ်။

အဲဒီအချိန်မှာ AA  တွေကလည်း အောက်ကိုဆင်းပြီး အပင်အောက်တွေမှာ နေရာ ဝင်ယူနေကြပြီ။ တချို့ကိုလည်း ဓား စာခံပေါ့။ သူတို့ ကျည်ကာရအောင် အတင်း ဆွဲခေါ်သွားကြတယ်။အဲဒီအချိန်မှာ အပြန် အလှန် ပစ်ခတ်ကြတယ်။ စပါးခင်းတွေကလည်း အရှည်ကြီးတွေဆိုတော့ အဲဒီအချိန်မှာ ကျွန်တော်ကလည်း အတင်းတိုးဝင်လိုက်တယ်။အပြန်အလှန်တော့ ပစ်ခတ်နေကြတုန်းပဲ။ အဲဒီလိုဖြစ်နေတဲ့အချိန် ညနေ ၅ နာရီလောက်မှာ စစ်ရဟတ်ယာဉ်တွေက ပြန်ထွက်သွားပြီ။ ကျွန်တော်ကလည်း ခေါင်း ထောင်မကြည့်တဲ့အတွက် ဘာမှတော့ မသိဘူး။ အဲဒီအချိန်မှာ အသံတွေကြားတယ်။ လူပြန်စုနေကြတာ။ အနီးနားမှာ ရှိတဲ့လူတွေကို  ပြန်ခေါ်သွားတဲ့အသံတွေ ကြားတယ်။စက်လှေတွေကလည်း ပြန်ထွက်သွားကြပြီ။အဲဒီ အချိန်ကျွန်တော့်နားမှာ ကောင်လေး တစ်ယောက်ရှိတယ်။ မေးကြည့်တော့ သူ့နာ မည်က ရဲတပ်သား ဝေဖြိုးအောင်တဲ့။ အဲဒီမှာ သူနဲ့ ကျွန်တော်နဲ့ တောထဲမှာ တစ်ညလုံး ပုန်းနေကြတယ်။ လူသံတွေလည်း ကြားရတယ်။ ဒါပေမဲ့ စကားတွေဘာတွေ သွား မပြောရဲဘူး။

အဲဒီမှာ မိုးချုပ်သွားတယ်။ ရေလည်း သောက်စရာမရှိဘူး။ လယ်ကွင်းထဲမှာ ရှိတဲ့ ရေကို ကုန်းသောက်ကြတယ်။ မနက်မိုးလင်းတော့ ဓနိတောထဲရောက်သွားတယ်။ အဲဒီမှာ လက်နက်ငယ်သံတွေ ကြားရတယ်။ နယ် မြေရှင်းလင်းနေတာပါ။ အဲဒီမှာ မိတ်ဆွေလို့ ကျွန်တော်တို့က အော်လိုက်တဲ့အတွက် မိတ်ဆွေဆိုထွက်ခဲ့ဆိုပြီး ကျွန်တော်တို့ ထွက်လိုက်တယ်။ စစ်ကြောင်းနဲ့တွေ့တဲ့အတွက် အသက်ချမ်းသာရာ ရခဲ့ပါတယ်။

အခုလိုဖြစ်တဲ့အတွက် စိတ်မကောင်းဘူး။ ပြောရရင် ကျွန်တော်တို့က ကိုယ့်မိသားစုကို ထားခဲ့ပြီး အနောက်တံခါးကို လုံခြုံမှု လာပေးတာ။ ကိုယ့်တိုင်းရင်းသားအချင်းချင်း။ အခုလိုဖြစ်တဲ့အတွက်လည်း နောက် ကျောကို ဓားနဲ့ထိုးသလို ခံစားရတယ်”

 

ကျွန်တော့်ဘေးမှာတော့

သေဆုံးသွားတဲ့သူ တစ်ဖက်တစ်ယောက်စီ ရှိတယ်။ အဲဒါနဲ့ ကျွန်တော်ရေထဲကို ပြန်မြုပ်သွားတယ်။

နောက်တစ်ခေါက် ပြန်ပေါ်လာတယ်။ ပေါ်လာတော့ ကျွန်တော် ချောက်ကမ်းပါးဘက်ကို မျက်နှာမူလျက် ပေါ်လာတယ်။ပေါ်လာတဲ့အခါကျတော့ ချောက်ကမ်းပါးပေါ်ကနေ . . .

 

■ ၂။မင်းမင်းလတ် (ဆေးသုတ်သမား)

 “ကျွန်တော်က နေပြည်တော် ပုဗ္ဗသီရိ မြို့နယ်၊ ဘဲကုန်းကျေးရွာကပါ။ ဘူးသီးတောင်မြို့နယ်ကို ဆေးသွားသုတ်တာပါ။ ဖြစ်စဉ်ဖြစ်တဲ့မနက်က ဘူးသီးတောင်သွားတဲ့ရေယာဉ်က စစ်တွေကနေ ထွက်သွားပါ တယ်။ ရသေ့တောင်မှာ တစ်ခါနားပါတယ်။ ရသေ့တောင်မှာ စက်လှေခဏရပ်တော့ သူစိမ်းတွေ တွေ့ပါတယ်။ကျွန်တော်က သေ ချာတော့ မသိပါဘူး။စျေးသည်တွေပဲ ထင်တာပါ။အဲဒီကနေ ကျွန်တော်တို့ ဘူးသီးတောင်ကို သွားပါတယ်။ အဲဒီမှာ အမြန်ရေယာဉ်က နှေးနှေးလေးသွားတယ်။ စစ်တွေက ထွက်တုန်းက မြန်တယ်။ ရသေ့တောင်က နေထွက်တော့ နှေးသွားပါလားပေါ့။ အဲဒီအချိန်မှာ ဖောက်ဖောက်ဆိုတဲ့ အသံတွေ မြည်ပါတယ်။ ကျွန်တော့်သူငယ်ချင်းတွေကတော့ ငုံ့နေ၊ ငုံ့နေလို့ ပြောပါတယ်။ ကျွန်တော်က မသိတဲ့အခါကျတော့ ဟိုကြည့်၊ ဒီ ကြည့်ပါပဲ။ အဲဒီမှာ စက်လှေက ရပ်သွားပါတယ်။ စက်လှေရပ်သွားတော့ ကျွန်တော်တို့ကို ဘာမှမဖြစ်ဘူး။ မကြောက်ကြနဲ့ဆိုပြီး စက်လှေပေါ်က ဆင်းခိုင်းပါတယ်။ ကျွန်တော် တို့ကို လူမျိုးတွေမေးတယ်။ အကျႌတွေ ချွတ်ခိုင်းတယ်။ မျက်လုံးတွေ စည်းတယ်။ပြီးတော့ ဝမ်းလျားမှောက် လည်ပင်းကို နင်း ထားပြီး ကြိုးတုပ်တယ်။ ပြီးတော့ သူတို့ရှိတဲ့ နေရာကို ခေါ်သွားတယ်။

အဲဒီမှာ တစ်ခါ ပြန်စစ်တယ်။ နေပူလှန်းတယ်။ တုတ်တွေနဲ့ ရိုက်တယ်။ မျက်နှာတွေ ကို ဖြတ်ကန်တယ်။ ကျွန်တော့်မျက်နှာကို ကြည့်လိုက်ပါတယ်။ အဲဒီမှာ ရဟတ်ယာဉ်က လာတဲ့အတွက် ၀ါးရုံပင်တွေအောက်ကို အတင်းထိုးသိပ်တာ။ ပေါ်လာတဲ့ကောင်ဆိုရင် အတင်းတုတ်နဲ့ ပိတ်ရိုက်တာ။ ရဟတ်ယာဉ်အလစ်ကို သူတို့က စောင့်တာပေါ့။ လေယာဉ်ကွယ်တာနဲ့ သုံးယောက်တစ်တွဲ၊ ငါးယောက်တစ်တွဲ လက်ပြန်ကြိုးတုပ်ပြီး ရွာထဲကို ပြေးခိုင်းတယ်။ အဲဒီမှာ စာသင်ကျောင်း အစုတ်လေးထဲမှာ ကျွန်တော်တို့ကို ထည့်ထားတယ်။ အဲဒီကနေ ကမ်းဘေးကို ခေါ်ထုတ်တယ်။ ကမ်းမှာ လေကြောင်းနဲ့ တွေ့တဲ့အခါကျတော့ ကျွန်တော်တို့ကို နောက်ကြောင်းပြန်ခေါ်တယ်။ မပြေးနိုင်တဲ့ လူတွေဆိုရင် အမုန်းရိုက်တာ။ နောက်ကျောတွေကို တအားကန်တာ။ ဒီလို နွားမောင်းမောင်းရင်း နှိပ်စက်ခဲ့တာ။ နောက်တော့ စက်လှေနား ရောက်သွားတယ်။ ၁၃ ယောက် လောက်ပါတယ်။ ကျွန်တော်တော့ ရွာနာမည်တော့ မသိပါဘူး။ ကျောက်တန်းကို ခေါ် သွားမယ်ဆိုလား မသိဘူး။ ပြောသံကြား တယ်။ အဲဒီမှာ ရဟတ်ယာဉ်က တွေ့တယ်။တွေ့တော့ ဒီကောင်တွေက မလွတ်မှန်း သိတော့ ရဟတ်ယာဉ်ကို ပစ်လိုက်တယ်။ပစ် လိုက်တော့ ကျွန်တော်တို့လည်း ခုန်ချကြ တယ်။

အဲဒီနားမှာ ကျွန်တော့်သူငယ်ချင်း လည်း သေသွားတယ်။ ကျွန်တော်တို့လည်း အသက်လုပြီး ပြေးကြတယ်။ အဲဒီအချိန်မှာ သူတို့က နောက်ကပစ်ပါတယ်။ ရဟတ်ယာဉ်ကတော့ ကျွန်တော်တို့ကို ကူညီပြီး ပစ်ပေးပါတယ်။ ပတ်ပတ်လည်ကို။ ညနေ ၆ နာရီ လောက်ကျတော့ ပြန်သိမ်းသွားတယ်။ အဲဒီ နေ့ညမှာတော့ ကျွန်တော်တို့ အဲဒီနားဝန်း ကျင်မှာ တစ်ညအိပ်ခဲ့ရတယ်။ မနက်မိုးလင်း မှ စစ်ကြောင်းနဲ့ တွေ့ခဲ့ရတာပေါ့”

Most Read

Most Recent