သီလဝါအထူးစီးပွားရေးဇုန် B ရှိ တိုယိုတာထုတ်လုပ်ရေးစက်ရုံတည်ဆောက်မှု လာမည့် ၂၀၂၀ ပြည့်နှစ် သြဂုတ်တွင်ပြီးစီးပြီး Operation လုပ်ငန်းများ စတင်နိုင်ရန် စီစဉ်ထားကြောင်း သိရ

သီလဝါအထူးစီးပွားရေးဇုန် B ရှိ တိုယိုတာထုတ်လုပ်ရေးစက်ရုံတည်ဆောက်မှု လာမည့် ၂၀၂၀ ပြည့်နှစ် သြဂုတ်တွင်ပြီးစီးပြီး Operation လုပ်ငန်းများ စတင်နိုင်ရန် စီစဉ်ထားကြောင်း သိရ
  တိုယိုတာထုတ်လုပ်ရေးစက်ရုံတည်ဆောက်မည့် မြေနေရာကို တွေ့ရစဉ်
တိုယိုတာထုတ်လုပ်ရေးစက်ရုံတည်ဆောက်မည့် မြေနေရာကို တွေ့ရစဉ်
Published 8 November 2019
 ရွှန်းလဲ့ဝင်း

သီလဝါအထူးစီးပွားရေးဇုန် B ရှိ တိုယိုတာထုတ်လုပ်ရေးစက်ရုံတည်ဆောက်မှု လာမည့် ၂၀၂၀ ခုနှစ် သြဂုတ်တွင် ပြီးစီးပြီး Operation လုပ်ငန်းများ စတင်နိုင်ရန် စီစဉ်ထားကြောင်း တိုယိုတာမော်တော်ကော်ပိုရေးရှင်း၊ တရုတ်နှင့် အာရှဒေသဆိုင်ရာ ဒုတိယအမှုဆောင်အရာရှိချုပ် Mr. Susumu Matsuda ၏ ပြောကြားချက်အရ သိရသည်။

ဂျပန်နိုင်ငံ တိုယိုတာမော်တော် ကော်ပိုရေးရှင်း၏ မြန်မာနိုင်ငံရှိ မော်တော်ယာဉ်ထုတ်လုပ်မှုကုမ္ပဏီဖြစ်သည့် တိုယိုတာ မြန်မာကုမ္ပဏီလီမိတက် TMY ၏ စက်ရုံသစ် စတင်တည်ဆောက်ခြင်း ပန္နက်တင်အခမ်းအနားကို နိုဝင်ဘာ ၁ ရက်က သီလဝါအထူး စီးပွားရေးဇုန် B တွင် ပြုလုပ်ခဲ့သည်။

တိုယိုတာမော်တော်ကော်ပိုရေးရှင်း (တိုယိုတာ)အနေဖြင့် မြန်မာနိုင်ငံ၌ ပထမဦးဆုံးသော မော်တော်ယာဉ်ထုတ်လုပ်ရေးလုပ်ငန်းဖြစ်သည့် တိုယိုတာမြန်မာကုမ္ပဏီလီမိတက် Toyota Myanmar Co., Ltd, TMY ကို ဖွဲ့စည်းတည်ထောင်ကာ ပြည်တွင်း၌ Toyota Hilux အမျိုးအစားမော်တော်ယာဉ်များအား တပ်ဆင်ထုတ်လုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

တိုယိုတာက မြန်မာနိုင်ငံတွင် Toyota Hilux မော်တော်ယာဉ်အမျိုးအစားကိုသာ စတင်ထုတ်လုပ်မည်ဖြစ်ပြီး စျေးကွက်အခြေအနေကို စောင့်ကြည့်ပြီးမှသာ အခြားမော်တော်ယာဉ်အမျိုးအစားများအား ထုတ်လုပ်ရန် စီစဉ်မည်ဖြစ်ကြောင်း သိရသည်။

“မြန်မာနိုင်ငံတွင် လာရောက်အခြေစိုက်ပြီး တာဝန်ယူလုပ်ဆောင်မှုရှိတဲ့ ကော်ပိုရေးရှင်းကြီးတစ်ခုအနေနဲ့ ပြည်တွင်းမော်တော်ယာဉ်ထုတ်လုပ်မှုလုပ်ငန်းမှတစ်ဆင့် အရည်အသွေးမြင့်မော်တော်ယာဉ်တွေကို ဝယ်ယူသုံးစွဲသူတွေဆီ အချိန်နဲ့တစ်ပြေးညီ ရောက်အောင် ထုတ်လုပ်ဖြန့်ဖြူးပေးမှာဖြစ်ပြီး တိုယိုတာအနေနဲ့ မြန်မာနိုင်ငံစီးပွားရေးနဲ့ မြန်မာ့လူ့အဖွဲ့အစည်းကိုလည်း တစ်ပြိုင်နက်ဖွံ့ဖြိုးတိုးတက်စေလိုပါတယ်။ ဒီတိုယိုတာ ထုတ်လုပ်ရေးစက်ရုံအသစ် တည်ဆောက်ရေးလုပ်ငန်းအတွက် အဘက်ဘက်မှ ပံ့ပိုးကူညီပေးခဲ့တဲ့ မြန်မာအစိုးရနဲ့ အခြားသော ပါဝင်ပတ်သက်ဆက်နွယ်သူများအားလုံးကို အထူးကျေးဇူးတင်ပါတယ်” ဟု တိုယိုတာမော်တော်ကော်ပိုရေးရှင်း၊ တရုတ်နှင့် အာရှဒေသဆိုင်ရာ ဒုတိယအမှုဆောင် အရာရှိချုပ် Mr. Susumu Matsuda က ပြောကြားသည်။

သီလဝါအထူးစီးပွားရေးဇုန် B ၌ တိုယိုတာက စက်ရုံတည်ဆောက်ပြီး ၂၀၂၁ မှစတင်ကာ မော်တော်ယာဉ်များ တပ်ဆင်ထုတ်လုပ်ရန်မြေ ၂၁ ဟက်တာအား ရယူထားခြင်းဖြစ်ပြီး လာမည့်၂၀၂၀ သြဂုတ်လမှစတင်ကာ စက်ရုံတည်ဆောက်မှုပြီးစီးပြီး Operation လုပ်ငန်းများ စတင်နိုင်ရန် စီစဉ်ထားကြောင်း သိရသည်။

တိုယိုတာက ဒေါ်လာ ၅၂ ဒသမ ၆ သန်း ရင်းနှီးမြှုပ်နှံကာ သီလဝါအထူးစီးပွားရေးဇုန်၌ စက်ရုံတည်ဆောက်ပြီး ၂၀၂၁ ခုနှစ်မှစတင်ကာ တစ်နှစ်လျှင် Toyota Hilux အစီးရေ ၂၅၀၀ အား SKD စနစ်ဖြင့် တပ်ဆင်ထုတ်လုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

တိုယိုတာမြန်မာ TMY စက်ရုံအား ရန်ကုန်မြို့တောင်ဘက်ရှိ သီလဝါအထူးစီးပွားရေးဇုန်အတွင်း တည်ဆောက်သွားမည်ဖြစ်ကာ ရင်းနှီးမြှုပ်နှံမှုပမာဏမှာ ဒေါ်လာ ၅၂ ဒသမ ၆ သန်း ရင်းနှီးမြှုပ်နှံသွားမည်ဖြစ်ကြောင်း၊ လုပ်သားအင်အား ၁၃၀ ခန့်အပ် လုပ်ငန်းလည်ပတ်ဆောင်ရွက်မည်ဖြစ်ပြီး ၂၀၂၁ ခုနှစ် ကုန်ထုတ်လုပ်ငန်းများ စတင်ဆောင်ရွက်သည့်အချိန်မှစတင်ကာ တစ်နှစ်လျှင် Toyota Hilux အစီးရေ ၂၅၀၀ အား SKD (Semi Knock Down) စနစ်ဖြင့် တပ်ဆင်ထုတ်လုပ်သွားရန် ရည်ရွယ်ထားကြောင်း သိရသည်။

တိုယိုတာမြန်မာ TMY တွင် အစုရှယ်ယာ ပါဝင်မှုအနေဖြင့် Toyota Motor Corporation မှ ၈၅ ရာခိုင်နှုန်း၊ Toyota Tsusho Corporation မှ ၁၅ ရာခိုင်နှုန်း ပါဝင်ထားသည်။                               

 

 

Most Read

Most Recent