ဖေမီနိုသွင်းယူသောဂိုးကို ခွင့်မပြုခဲ့ခြင်းအတွက် ပရီးမီးယားလိဂ်အဖွဲ့ချုပ်၏ ဖြေရှင်းမှုကို လီဗာပူးလ်ပရိသတ်များ လှောင်ပြောင်ဝေဖန်

ဖေမီနိုသွင်းယူသောဂိုးကို ခွင့်မပြုခဲ့ခြင်းအတွက် ပရီးမီးယားလိဂ်အဖွဲ့ချုပ်၏ ဖြေရှင်းမှုကို လီဗာပူးလ်ပရိသတ်များ လှောင်ပြောင်ဝေဖန်
Photos: Getty Images
Photos: Getty Images
Published 3 November 2019

၎င်းတို့၏ ရှင်းလင်းချက်၌ " ဗီလာအသင်းဘက်သို့ ဖေမီနို ဂိုးမသွင်းယူမီကပင် ၎င်းလူကျွံသည်ဟု အလံထောင်ထားခဲ့ပြီး ယင်းဆုံးဖြတ်ချက်ကို VAR က အတည်ပြုခဲ့ကြောင်း၊ ပုံတွင် တွေ့မြင်ရသည့် (ဖေမီနိုကို ထိနေသော) အနီရောင်စည်းသည် သူ၏ ချိုင်းအောက်နှင့်တစ်တန်းတည်းရှိနေပြီး ယင်း(ချိုင်း)မှာ ဗီလာအသင်းနောက်ဆုံး နောက်ခံလူ၏ရှေ့သို့ ကျွံထွက်နေကြောင်း" ဖော်ပြခဲ့သည်။ 

 

အက်စတွန်ဗီလာ (၁-၂) လီဗာပူးလ်ပွဲတွင် လီဗာပူးလ်တိုက်စစ်မှူး ဖေမီနိုသွင်းယူသောဂိုးကို ခွင့်မပြု ခဲ့ခြင်းအတွက် ပရီးမီးယားလိဂ်အဖွဲ့ချုပ်က ၎င်းတို့၏ Twitter စာမျက်နှာမှတစ်ဆင့် ပြန်လည်ရှင်းလင်းဖော်ပြခဲ့ပြီး၊ ယင်းရှင်းလင်းချက်ကို လီဗာပူးလ်ပရိသတ်များက လှောင်ပြောင်ဝေဖန်ခဲ့ကြသည်။ 

၎င်းတို့၏ ရှင်းလင်းချက်၌ " ဗီလာအသင်းဘက်သို့ ဖေမီနို ဂိုးမသွင်းယူမီကပင် ၎င်းလူကျွံသည်ဟု အလံထောင်ထားခဲ့ပြီး ယင်းဆုံးဖြတ်ချက်ကို VAR က အတည်ပြုခဲ့ကြောင်း၊ ပုံတွင် တွေ့မြင်ရသည့် (ဖေမီနိုကို ထိနေသော) အနီရောင်စည်းသည် သူ၏ ချိုင်းအောက်နှင့်တစ်တန်းတည်းရှိနေပြီး ယင်း(ချိုင်း)မှာ ဗီလာအသင်းနောက်ဆုံး နောက်ခံလူ၏ရှေ့သို့ ကျွံထွက်နေကြောင်း" ဖော်ပြခဲ့သည်။ 

ပရိသတ်အချို့ကပရီးမီးယားလိဂ်အဖွဲ့ချုပ်၏ ယင်းရှင်းလင်းချက်ကို  Twitter တွင် Retweet ပြန်လုပ် (Share) ခဲ့ကြပြီး " အလွန်ကို ရယ်ရွှင်ဖွယ်ရာကောင်းသော ဟာသပြဇာတ်" ဟုလည်းကောင်း၊ " အံ့အားသင့်စရာကောင်းသည့် ပွဲကြီးကြပ်ခြင်း" ဟုလည်းကောင်း၊ " ထိတ်လန့်တုန်လှုပ်စရာဆုံးဖြတ်ချက်" ဟုလည်းကောင်း လှောင်ပြောင်ဝေဖန်ခဲ့ကြသည်။

ပေါလ်တွမ်ကင်စ်ဟု အမည်ရသည့် လီဗာပူးလ်ပရိသတ်တစ်ဦးကလည်း " VAR ဒိုင်လူကြီးများ အသုံးပြုသောစည်းမှာ ထောင့်မှန်ကျခြင်းမရှိကြောင်း၊ ပုံကို (၉၀)ဒီဂရီအတိဖြင့် မိမိဖြတ်တောက်ကြည့်ရာတွင် (စည်း၏)ထောင့်မှာအတွင်းသို့ စောင်းနေကြောင်း" ဝေဖန်ရေးသားခဲ့သည်။

 

Most Read

Most Recent