Air KBZ ရွှေအောင်လံ မြန်မာ့ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲ ယနေ့ကျင်းပမည်ဖြစ်ပြီး တူးတူး၊ စိုးလင်းဦးတို့၏ ပွဲစဉ်များပါဝင်

Air KBZ ရွှေအောင်လံ မြန်မာ့ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲ ယနေ့ကျင်းပမည်ဖြစ်ပြီး တူးတူး၊ စိုးလင်းဦးတို့၏ ပွဲစဉ်များပါဝင်
Photo: MLWC
Photo: MLWC
Published 3 November 2019

 

 

Air KBZ ရွှေအောင်လံ မြန်မာ့ရိုးရာ လက်ဝှေ့စိန်ခေါ်ပွဲကို ယနေ့တွင် ရန်ကုန်မြို့ရှိ သိမ်ဖြူလက်ဝှေ့အားကစားရုံ၌ ကျင်းပမည်ဖြစ်ပြီး မြန်မာ့ရိုးရာ လက်ဝှေ့ကျော်များဖြစ်သည့် တူးတူး၊ စိုးလင်းဦးနှင့် ရွှေရာမာဉ် တို့၏ တွဲဆိုင်းများ ပါဝင်မည် ဖြစ်ကြောင်းသိရသည်။

ယင်းပြိုင်ပွဲတွင် မြန်မာ့ရိုးရာလက်ဝှေ့ တွဲဆိုင်းများအပြင် မြန်မာ့ရိုးရာလက်ဝှေ့သမားနှင့် သိုင်းပြောင်းပြန်ကစားသမားတို့ ယှဉ်ပြိုင်ထိုးသတ်မည့် အထူးစိန်ခေါ်ပွဲလည်း ပါဝင်မည်ဖြစ်သည်။ Air KBZ ရွှေအောင်လံ ပြိုင်ပွဲတွင် အဓိကတွဲဆိုင်းအဖြစ် တူးတူးနှင့် ဂျပန်ကစားသမား တိုခဲရှီတို့ ယှဉ်ပြိုင်ထိုးသတ်မည်ဖြစ်ပြီး တွဲဆိုင်းစုစုပေါင်း ခုနစ်ပွဲပါဝင်ကာ အမျိုးသမီးတွဲဆိုင်းကိုမူ နောက်ဆုံးပွဲအဖြစ် ကျင်းပမည်ဖြစ်သည်။ 

တွဲဆိုင်းများအဖြစ် စောဒါ၀ိတ် (မြန်မာ) နှင့် နိုင်ဝင်းထွန်း (မြန်မာ)၊ စောရွှေလေး (မြန်မာ) နှင့် ချာဂါဖန် (ထိုင်း)၊ ရဲသွေးနီ (မြန်မာ) နှင့် အောက်ချင်းလေး (မြန်မာ)၊ စိုးလင်းဦး (မြန်မာ) နှင့် ရွှေရာမာဉ် (မြန်မာ)၊ တူးတူး (မြန်မာ) နှင့် တိုခဲရှီ (ဂျပန်) တို့ ယှဉ်ပြိုင်ထိုးသတ်မည်ဖြစ်ပြီး အမျိုးသမီးတွဲဆိုင်းအဖြစ် ဘရော်နီကာ (မြန်မာ) နှင့် မီရီယမ် (အီတလီ)၊ မြန်မာ့ရိုးရာလက်ဝှေ့နှင့် သိုင်းပြောင်းပြန် အထူးစိန်ခေါ်ပွဲအဖြစ် စောနီကိုး (ရိုးရာလက်ဝှေ့/ဂျာမနီ) နှင့် မှော်ဘီဇာမဏီ (သိုင်းပြောင်းပြန်/မြန်မာ) တို့ ယှဉ်ပြိုင်ထိုးသတ်မည်ဖြစ်သည်။ 

 

zawgyi 

 

 

Air KBZ ေရႊေအာင္လံ ျမန္မာ့႐ိုးရာလက္ေ၀ွ႔စိန္ေခၚပြဲ ယေန႔က်င္းပမည္ျဖစ္ၿပီး တူးတူး၊ စိုးလင္းဦးတို႔၏ ပြဲစဥ္မ်ားပါ၀င္

Air KBZ ေရႊေအာင္လံ ျမန္မာ့႐ိုးရာ လက္ေ၀ွ႔စိန္ေခၚပြဲကို ယေန႔တြင္ ရန္ကုန္ၿမိဳ႕ရိွ သိမ္ျဖဴလက္ေ၀ွ႔အားကစား႐ံု၌ က်င္းပမည္ျဖစ္ၿပီး ျမန္မာ့႐ိုးရာ လက္ေ၀ွ႔ေက်ာ္မ်ားျဖစ္သည့္ တူးတူး၊ စိုးလင္းဦးႏွင့္ ေရႊရာမာဥ္ တို႔၏ တြဲဆိုင္းမ်ား ပါ၀င္မည္ ျဖစ္ေၾကာင္းသိရသည္။

ယင္းၿပိဳင္ပြဲတြင္ ျမန္မာ့႐ိုးရာလက္ေ၀ွ႔ တြဲဆိုင္းမ်ားအျပင္ ျမန္မာ့႐ိုးရာလက္ေ၀ွ႔သမားႏွင့္ သိုင္းေျပာင္းျပန္ကစားသမားတို႔ ယွဥ္ၿပိဳင္ထိုးသတ္မည့္ အထူးစိန္ေခၚပြဲလည္း ပါ၀င္မည္ျဖစ္သည္။ Air KBZ ေရႊေအာင္လံ ၿပိဳင္ပြဲတြင္ အဓိကတြဲဆိုင္းအျဖစ္ တူးတူးႏွင့္ ဂ်ပန္ကစားသမား တိုခဲရွီတို႔ ယွဥ္ၿပိဳင္ထိုးသတ္မည္ျဖစ္ၿပီး တြဲဆိုင္းစုစုေပါင္း ခုနစ္ပြဲပါ၀င္ကာ အမ်ဳိးသမီးတြဲဆိုင္းကိုမူ ေနာက္ဆံုးပြဲအျဖစ္ က်င္းပမည္ျဖစ္သည္။ 

တြဲဆိုင္းမ်ားအျဖစ္ ေစာဒါ၀ိတ္ (ျမန္မာ) ႏွင့္ ႏိုင္၀င္းထြန္း (ျမန္မာ)၊ ေစာေရႊေလး (ျမန္မာ) ႏွင့္ ခ်ာဂါဖန္ (ထိုင္း)၊ ရဲေသြးနီ (ျမန္မာ) ႏွင့္ ေအာက္ခ်င္းေလး (ျမန္မာ)၊ စိုးလင္းဦး (ျမန္မာ) ႏွင့္ ေရႊရာမာဥ္ (ျမန္မာ)၊ တူးတူး (ျမန္မာ) ႏွင့္ တိုခဲရွီ (ဂ်ပန္) တို႔ ယွဥ္ၿပိဳင္ထိုးသတ္မည္ျဖစ္ၿပီး အမ်ဳိးသမီးတြဲဆိုင္းအျဖစ္ ဘေရာ္နီကာ (ျမန္မာ) ႏွင့္ မီရီယမ္ (အီတလီ)၊ ျမန္မာ့႐ိုးရာလက္ေ၀ွ႔ႏွင့္ သိုင္းေျပာင္းျပန္ အထူးစိန္ေခၚပြဲအျဖစ္ ေစာနီကိုး (႐ိုးရာလက္ေ၀ွ႔/ဂ်ာမနီ) ႏွင့္ ေမွာ္ဘီဇာမဏီ (သိုင္းေျပာင္းျပန္/ျမန္မာ) တို႔ ယွဥ္ၿပိဳင္ထိုးသတ္မည္ျဖစ္သည္။ 

 

 

 

 

Most Read

Most Recent