စပိန်လာလီဂါပွဲစဉ်(၁၂) ပွဲကြိုသုံးသပ်ချက်

စပိန်လာလီဂါပွဲစဉ်(၁၂) ပွဲကြိုသုံးသပ်ချက်
Photo: Getty Images
Photo: Getty Images
Published 3 November 2019

ဗယ်လာဒိုလစ် - မာယော့ကာ (တနင်္ဂနွေညနေ ၅း၃၀ နာရီ)

မာယော့ကာရဲ့ လက်ရှိအဝေးကွင်းကစားအား၊ ဂိုးသွင်း အားနည်းနေသေးတာတွေအရတော့ ဗယ်လာဒိုလစ်ကို အဝေးကွင်းမှာ ခံစစ်ကစားဖို့ပဲ ဦးစားပေးထားဖို့များနေတယ်။ ဒီတော့ ဂိုးရနှုန်းပုံမှန်မရှိသေးတဲ့ ဗယ်လာဒိုလစ်တိုက်စစ် ဒီပွဲမှာဂိုးရဖို့ အဓိကပါပဲ။ ဗယ်လာဒိုလစ်နဲ့ ဂိုးအနည်းပါပဲ။

ဗီလာရီးယဲလ် - ဘီလ်ဘာအို (တနင်္ဂနွေည ရး၃၀ နာရီ)

ဗီလာရီးယဲလ်က လက်ရှိအချိန်မှာ ထိပ်ပိုင်းနေရာကိုမျှော် လင့်နိုင်တဲ့အထိ တဖြည်းဖြည်း တက်ရိပ်ပြလာပေမယ့် ဘီလ် ဘာအိုကတော့ ထိပ်ပိုင်းက တဖြည်းဖြည်းဆင်းပေးနေရတဲ့အ သင်း ဖြစ်လာနေတယ်။ နောက်ပိုင်း ဘီလ်ဘာအိုရဲ့ အဝေးကွင်း က စားပုံကလည်း အားရစရာသိပ်မရှိလှဘူး။ အထူးသဖြင့် ဘီလ်ဘာအိုတိုက်စစ် ဂိုးရဖို့ရုန်းနေရတာ ဗီလာရီးယဲလ်အတွက် အခွင့်အရေးကောင်းလိုဖြစ်နေတယ်။ ဗီလာရီးယဲလ်ရဲ့အိမ်ကွင်း တိုက်စစ်အားကို ဘီလ်ဘာအို တောင့်ခံဖို့လည်း မလွယ်ကူပါဘူး။ ဗီလာရီးယဲလ်နဲ့ ဂိုးအများပဲ ရွေးထားကြည့်လိုက်တယ်။

အိုဆာဆူနာ - အလာဗတ်စ် (တနင်္ဂနွေည ၉း၃၀ နာရီ)

အလာဗတ်စ်ရဲ့ လက်ရှိအဝေးကွင်းကစားအားနဲ့တော့ အိုဆာဆူနာကို ယှဉ်နိုင်ဖို့ သိပ်မရှိလှဘူး။ အိုဆာဆူနာက အိမ် ကွင်းဆို မာရေကျောရေတုံ့ပြန်တဲ့အသင်းပါ။ ဒီပွဲတော့ အိုဆာဆူ နာကိုပဲ ရွေးထားလိုက်မယ်။ ဂိုးလည်း များနိုင်တယ်။

ဆယ်လ်တာဗီဂို - ဂီတာဖေး (တနင်္ဂနွေည ၁၂းဝ၀ နာရီ)

ဒီပွဲကို အဓိကစောင့်ကြည့်ရမှာက ဆယ်လ်တာဗီဂိုတိုက်စစ် ဂိုးရအောင်ကစားနိုင်၊ မကစားနိုင်ဆိုတာပဲဖြစ်တယ်။ လောလောဆယ် တိုက်စစ်က ဂိုးသွင်းနှုန်း အားရစရာလုံးဝမရှိတဲ့အပြင် ဂီတာဖေးကလည်း အဝေးကွင်းမှာမရှုံးအောင် ခံစစ်ကိုအား ပြုကစားတတ်ပုံအရဆိုရင်တော့ ဒီပွဲက ဂိုးအနည်းနဲ့ သရေပွဲ ဖြစ်သွားဖို့ပဲ များနေတယ်။

လီဟာနက်စ် - အီဘာ (တနင်္ဂနွေည ၁၂းဝ၀ နာရီ)

မာယော့ကာနဲ့ အိမ်ကွင်းပွဲမှာ နိုင်ပွဲစရခဲ့လို့ လီဟာနက်စ် တက်ကြွနေနိုင်တယ်။ ဒါပေမဲ့ လီဟာနက်စ် အနိုင်စယူနိုင်တဲ့အသင်းက အဝေးကွင်းအားနည်းပြီး တိုက်စစ်အားပျော့တဲ့ အသင်းတစ်သင်းဖြစ်နေတာကို မေ့ထားလို့မရဘူး။ အခုရင်ဆိုင် ရမယ့် အီဘာက လီဟာနက်စ်ကို အစဉ်အလာအရ ကောင်း ကောင်းယှဉ်နိုင်တဲ့အပြင် ကွင်းမရွေးဘဲကစားတတ်တဲ့ အသင်း မျိုးဖြစ်နေလို့ လီဟာနက်စ် ခက်ခက်ခဲခဲကစားရဦးမှာပါပဲ။ အီဘာကို သရေလောက်ပဲ ကစားနိုင်လိမ့်မယ်။ ဂိုးနည်းမယ်။

ဂရန်နာဒါ - ဆိုစီဒက် (တနင်္လာနံနက် ၂း၃၀ နာရီ)

အိမ်ကွင်းကစားပုံ ပိုကျစ်လျစ်တဲ့ ဂရန်နာဒါ ကစားပုံကြောင့် ဆိုစီဒက် အခက်တွေ့ဦးမယ်ထင်တယ်။ ဒါ့အပြင် ဂရန်နာဒါရဲ့ ဖိအားကင်းကင်းနဲ့ ကြိုးစားကစားနိုင်မှုကလည်း ဆိုစီဒက်ကို ဖိအားပေးနိုင်ဖို့ များနေတယ်။ ဆိုစီဒက်ကလည်း အခုနောက်ပိုင်း ကစားပုံတက်လာပြီး ခံစစ်ကစားပုံ ငြိမ်လာတာတွေ့ရတယ်။ ဒီတော့ ဂရန်နာဒါအတွက်လည်း ဆိုစီဒက်ကို ဂိုးသွင်းနိုင်ဖို့ ခက်နေဦးမှာပဲ။ ဂိုးနည်းသရေပွဲလောက်ပဲ မှန်းထားချင်တယ်။

 

 

 

 

Most Read

Most Recent