ဘွန်ဒစ်လီဂါပွဲစဉ် (၁၀) ပွဲကြိုသုံးသပ်ချက်

ဘွန်ဒစ်လီဂါပွဲစဉ် (၁၀) ပွဲကြိုသုံးသပ်ချက်
Published 2 November 2019

လိုက်ပ်ဇစ် - မိန့်ဇ်  (စနေည ၉းဝ၀ နာရီ)

လိုက်ပ်ဇစ်အသင်း (၄)ပွဲဆက်နိုင်ပွဲပျောက်ထားသလို၊ ဒီ ပွဲပြီးရင်လည်း ချန်ပီယံလိဂ်ပွဲကျပ် ကစားရဦးမယ်။ အိမ်ရှင် ဂိုး ပြတ်ဖို့မလွယ်ဘူး။

လေဗာကူဆင် - မိုချန်ဂလာဘတ်  (စနေည ၉းဝ၀ နာရီ)

လေဗာကူဆင်အသင်း အိမ်ကွင်းရှုံးပွဲမရှိသေးပေမယ့်  နောက်ဆုံး(၄)ပွဲမှာ (၃)ပွဲသရေကျခဲ့တယ်။ ဇယားထိပ်ဆုံးက မိုချန် အမှတ်ရဦးမှာပါ။

ဒေါ့မွန် - ဝုလ်ဖ်ဘတ်  (စနေည ၉းဝ၀ နာရီ)

ဒေါ့မွန်အသင်းအဖို့ သရေပွဲများနေတာက စိတ်ပျက်စရာ ပါ။ ဒါပေမဲ့ ဒီလိုပွဲမျိုးကို အနိုင်ကစားနိုင်ရင် ဒေါ့မွန်အတွက် အ ခြေအနေကောင်းသွားနိုင်တာ ထည့်တွက်ရမယ်။ ဝုလ်ဖ်ဘတ် ရှုံးပွဲစတွေ့ဖို့များတယ်။

ဖရန့်ဖတ် - ဘိုင်ယန်မြူးနစ်  (စနေည ၉းဝ၀ နာရီ)

ဘွန်ဒစ်လီဂါမှာ ဘိုင်ယန်ကို ဖရန့်ဖတ်အသင်း နောက်ဆုံးအနိုင်ရခဲ့တာ ၂၀၀၆-၀၇ ရာသီကတည်းက ဖြစ်ပါတယ်။ ပြိုင်ပွဲ စုံမှာလည်း ၂၀၁၈ ဂျာမန်ဖလားဗိုလ်လုပွဲမှာ ဖရန့်ဖတ်တို့ မထင်မှတ်ဘဲ အနိုင်ယူဗိုလ်စွဲခဲ့တဲ့ (၁)ကြိမ်ပဲရှိခဲ့ပါတယ်။ လက်ရှိ ဖရန့် ဖတ်က ပြီးခဲ့တဲ့ရာသီအသင်းထက် ပိုပြီးအားနည်းသွားပေမယ့် ဒီရာသီအိမ်ကွင်းအမှတ်ပေးပွဲတွေမှာ ရှုံးပွဲလုံးဝမရှိသေးဘူး။ က စားခဲ့ရတဲ့ပြိုင်ဘက်တွေကလည်း ဟော်ဖန်ဟင်မ်၊ ဒေါ့မွန်၊ ၀ါဒါဘရီမင်နဲ့ လေဗာကူဆင်တို့ဖြစ်လို့ ဖရန့်ဖတ်ကို လျှော့တွက်လို့ မရတာ အမှန်ပါပဲ။ ဘိုင်ယန်ကတော့ နိုင်ပွဲပြန်တွေ့ထားပေမယ့် အသင်းလိုက်ကစားပုံက ယုံကြည်လို့မရသေးတဲ့အနေအထား ရှိပါတယ်။ အဝေးကွင်းမှာ ဘိုင်ယန် ဂိုးပြတ်နိုင်ဖို့ဆိုတာ မဖြစ်နိုင်လောက်ဘူး။

၀ါဒါဘရီမင် - ဖရိုင်းဘတ်  (စနေည ၉းဝ၀ နာရီ)

၀ါဒါဘရီမင်အနေနဲ့ (၅)ပွဲဆက်နိုင်ပွဲပျောက်ထားပေမယ့် အခြေအနေတော့ သိပ်မဆိုးရွားသေးပါဘူး။ ဒီလိုပွဲမျိုးမှာ ၀ါဒါ ဘရီမင် နိုင်ပွဲပြန်ယူဖို့များတယ်။

အူန်ယွန်းဘာလင် - ဟာသာဘာလင်  (စနေည ၁၂းဝ၀ နာရီ)

ဟာသာဘာလင်အသင်းက မထင်မှတ်တာတွေ လုပ်ပြ တတ်တဲ့အသင်းဖြစ်ပေမယ့် အူန်ယွန်းဘာလင်ကွင်းမှာ အနိုင်ရ ဖို့တော့ မရှိပါဘူး။

 

Most Read

Most Recent