အီတလီစီးရီးအေ ပွဲစဉ်(၁၁) ပွဲကြိုသုံးသပ်ချက်

အီတလီစီးရီးအေ ပွဲစဉ်(၁၁) ပွဲကြိုသုံးသပ်ချက်
Published 2 November 2019

 

ရိုးမား - နာပိုလီ (စနေည ၈း၃၀ နာရီ)

ကွင်းလယ်နဲ့တိုက်စစ်မှာ ဒဏ်ရာရကစားသမားတွေများနေသလို၊ ကလွိုက်ဗတ်ကလည်း ပွဲပယ်ခံထားရလို့ ရိုးမားရဲ့သွင်းဂိုး  အရှိန်နှေးကွေးနေတယ်။ ဂျက်ကိုက ဂိုးတွေသွင်းယူနေဆဲဖြစ်ပေမယ့် အရင်လိုမာဂုဏ်နဲ့ အဆုံးသတ်သေချာမှုမျိုး အားမကောင်း တော့ဘူး။ အိမ်ကွင်းနောက်ဆုံးပွဲမှာ အေစီမီလန်ကို အနိုင်ရခဲ့တယ်ဆိုပေမယ့် အေစီမီလန်ခံစစ်အမှားတွေကြောင့် ဂိုးတွေရခဲ့ တာ သတိထားရမယ်။ ပြီးတော့ အေစီမီလန်နဲ့ပွဲမတိုင်မီကစားတဲ့ အိမ်ကွင်းနှစ်ပွဲမှာ အတ္တလန်တာကိုရှုံးပြီး ကာဂလီယာရီကို သရေကျခဲ့လို့ ရိုးမားဟာ ယုံစားလို့မရနိုင်ဘူး။ အန်ဆယ်လော့တီဟာ အေစီမီလန်နည်းပြဘဝမှာတုန်းက ခရစ္စမတ်သစ်ပင်ကစားကွက်နဲ့ အောင်မြင်မှုတွေ ဆွတ်ခူးနိုင်ပေမယ့် လက်ရှိရာသီ နာပိုလီမှာ စိတ်မချရခြင်းသစ်ပင်ကို စိုက်ပျိုးနေတယ်။ နောက်ဆုံးပွဲမှာ SPAL ကို သရေကျခဲ့တာအပြင် လက်ရှိရာသီမှာ ရသင့်တဲ့အမှတ်တွေမရဘဲ ချန်ပီယံဆုပြေးလမ်းရဲ့ ခပ်လှမ်းလှမ်းမှာ တည်ရှိနေရတယ်။ ဒါပေမဲ့ တိုက်စစ်အခွင့်အရေးဖန်တီးနိုင်စွမ်းမှာ နာပိုလီကရိုးမားထက် ပိုပြီးကောင်းမွန်တယ်။ ပွဲအဖြေပြောင်းလဲ နိုင်သူတွေလည်း ပိုများတယ်။ လက်ရှိရာသီ အဝေးကွင်းမှာ ဂျူဗီတစ်သင်းတည်းကို ရှုံးထားတဲ့ နာပိုလီ အမှတ်ရမယ်။

ဘိုလော့ဂ်နာ - အင်တာမီလန် (စနေည ၁၁း၃၀ နာရီ)

လူကာကူနဲ့ မာတီနက်ဇ်တို့ရဲ့ သွင်းဂိုးမုန်တိုင်းပြင်းထန်နေတယ်။ အဲဒီသွင်းဂိုးမုန်တိုင်းကပဲ အင်တာမီလန်ရဲ့ အောင်ပွဲ တွေမှာ အဓိကဖော်မြူလာဖြစ်နေတယ်။ ဒါပေမဲ့ အင်တာမီလန် ရဲ့ ခံစစ်လုံခြုံရေးစည်း အားနည်းချက်တွေရှိနေတယ်။ စီးရီးအေ နောက်ဆုံး (၅)ပွဲဆက် ဂိုးပေးထားရလို့ အိမ်ကွင်းမှာ ဂိုးတွေသွင်း နိုင်ပြီး အမှတ်ရအောင်ကစားတတ်တဲ့ ဘိုလော့ဂ်နာ အခွင့်အ ရေးရမယ်ထင်တယ်။ အင်တာမီလန် အမှတ်လျော့နိုင်တယ်။

တိုရီနို - ဂျူဗင်တပ်စ် (တနင်္ဂနွေနံနက် ၂း၁၅ နာရီ)

တူရင်ဒါဘီက ဂျူဗင်တပ်စ်ရဲ့ မာဂုဏ်ကိုစမ်းသပ်ပါဦးမယ်။ အိမ်ကွင်းနောက်ဆုံး (၁၀)ပွဲမှာ တိုရီနိုက (၉)ပွဲအထိမရှုံးအောင် ကစားထားနိုင်ပြီး လက်ရှိရာသီအိမ်ကွင်းမှာ အေစီမီလန်ကိုအနိုင်၊ နာပိုလီကို သရေကစားထားပြလို့ ဂျူဗင်တပ်စ် ပေါ့ဆလို့မရဘူး။ ဂျူဗင်တပ်စ်တိုက်စစ် အဆုံးသတ်ပိုင်းနဲ့ ဂိုးသွင်းနှုန်းမတည်ငြိမ်သေးလို့ သွင်းဂိုးအနည်းပွဲစဉ်တွေများနေတဲ့ တိုရီနိုဘက်ကို ဂိုးအများကြီးမရနိုင်ဘူး။ ဂျူဗင်တပ်စ်ကပ်နိုင်ရုံပါပဲ။ 

 

Most Read

Most Recent