မီ ရုပ်ရှင်ဇာတ်ကားကို တောင်ကိုရီးယားနိုင်ငံ ဆိုးလ်၊ ဘူဆန်၊ ဂျယ်ဂျူးနှင့် ဂွမ်ဂျူးမြို့များ၌ ပြသသွားမည်

မီ ရုပ်ရှင်ဇာတ်ကားကို တောင်ကိုရီးယားနိုင်ငံ ဆိုးလ်၊ ဘူဆန်၊ ဂျယ်ဂျူးနှင့် ဂွမ်ဂျူးမြို့များ၌ ပြသသွားမည်
Published 2 November 2019
နီလာ

မီ ရုပ်ရှင်ဇာတ်ကားကို တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့၊ ဘူဆန်မြို့၊ ဂျယ်ဂျူးနှင့် ဂွမ်ဂျူးမြို့များတွင် နိုဝင်ဘာလဆန်း၌ ပြသလျက်ရှိကြောင်းသိရသည်။ ဆိုးလ်မြို့တွင် နိုဝင်ဘာ ၁ ရက်နှင့် ၃ ရက်များ၌လည်းကောင်း၊ ဘူဆန်မြို့၌ နိုဝင်ဘာ ၁၅ ရက်နှင့် ၁၆ ရက် များတွင်လည်းကောင်း၊ ဂျယ်ဂျူးမြို့တွင် ဒီဇင်ဘာ ၇ ရက်တွင်လည်းကောင်း၊ ဂွမ်ဂျူးမြို့တွင် ဒီဇင်ဘာ ၁၂ ရက်နှင့် ၁၃ ရက်များတွင်လည်းကောင်း အသီးသီးပြသမည်ဖြစ်ကြောင်း သိရသည်။ မီ ရုပ်ရှင်ဇာတ်ကားကို Asean Culture House ၏စီစဉ်မှုဖြင့် ပြသမည်ဖြစ်ကြောင်း သိရသည်။ Asean Cinema Week အဖြစ် စီစဉ်ပြသခြင်းဖြစ်ကာ အာဆီယံနိုင်ငံများမှ ဇာတ်ကားများအား ရွေးချယ်ပြသသည့်အနက် မြန်မာဇာတ်ကားဖြစ်သည့် မီ ဇာတ်ကားကိုလည်း ရွေးချယ်ပြသရန် စီစဉ်ထား ခြင်းဖြစ်သည်။

မီ ရုပ်ရှင်ဇာတ်ကားမှာ စာရေးဆရာမ ကြည်အေး၏ ထင်ရှားသောဝတ္ထုဖြစ်ကာ ဒါရိုက်တာဏကြီး၏ ပထမဆုံးရုပ်ရှင်ဇာတ်ကားဖြစ်သည်။ သရုပ်ဆောင် အကယ်ဒမီ နေတိုး၊ အကယ်ဒမီမင်းဦး၊ အကယ်ဒမီရဲ အောင်၊ သားညီ၊ အောင်ရဲထိုက်၊ အကယ်ဒမီ ပိုင်ဖြိုးသုနှင့်သရုပ်ဆောင်များစွာပါဝင်ထား သည်။ ဘဝကိုအရွဲ့တိုက်နေသည့် မိန်းက လေးငယ်တစ်ဦးမှာ ၎င်းင်း၏အနားသို့ ရောက် ရှိလာသူများအား ချစ်ဟန်ဆောင်၍တွဲကာ လှည့်စားနေခဲ့ပြီး မေတ္တာစစ်ဖြင့်ချစ်မြတ်နိုး သူတစ်ဦးနှင့်တွေ့ဆုံခဲ့သည့်အခါ ဆက်လက် ဖြစ်ပေါ်လာသည်များကိုပုံဖော်ထားသည်။ စိတ်ခံစားမှုများအား လှပစွာပုံဖော်ထားသည့် ဇာတ်ကားဖြစ်ကာ နိုင်ငံတကာရုပ်ရှင်ပွဲတော် များတွင် ဆုများလည်းရရှိထားပြီး ပြသခွင့်များ လည်းရရှိခဲ့သည့်ဇာတ်ကားဖြစ်သည်။ ယခု အခါ တောင်ကိုရီးယားနိုင်ငံရှိထင်ရှားသော မြို့ကြီးများတွင်ပြသမည်ဖြစ်ကြောင်း ကြေ ညာထားကာ ပြသမည့်အချိန်များအားလည်း အသေးစိတ်ဖော်ပြထားသည်။

 

 

 

 

Most Read

Most Recent