ဆွာရက်ဇ်နေရာတွင် အစားထိုးရန် လော်တာရိုမာတီနက်ဇ်ကို ဘာစီလိုနာအသင်း စိတ်ဝင်စားနေ

ဆွာရက်ဇ်နေရာတွင် အစားထိုးရန် လော်တာရိုမာတီနက်ဇ်ကို ဘာစီလိုနာအသင်း စိတ်ဝင်စားနေ
Photo: Getty Images
Photo: Getty Images
Published 2 November 2019

ဘာစီလိုနာအသင်းသည် အသင်းဝါရင့်တိုက်စစ်မှူး ဆွာရက်ဇ်နေရာတွင် အစားထိုးရန် အင်တာမီလန်တိုက်စစ်မှူး လော်တာရိုမာတီနက်ဇ်ကို စိတ်ဝင်စားနေကြောင်း သိရသည်။ 

ဥရုဂွေးတိုက်စစ်မှူး ဆွာရက်ဇ်သည် လာမည့် ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလတွင် အသက် (၃၃)နှစ်ပြည့်တော့မည်ဖြစ်ပြီး ဘာစီလိုနာအသင်းသည် ၎င်းနေရာတွင် အစားထိုးရန် တိုက်စစ်မှူးတစ်ဦးကို ရှာဖွေလျက်ရှိကြောင်း စပိန်အားကစားသတင်းစာ Mundo Deportivo က ဖော်ပြခဲ့သည်။ 

Mundo Deportivo ၏ ဖော်ပြချက်အရ ဘာစီလိုနာအသင်းသည် ယခုအခါ ဆွာရက်ဇ်နေရာတွင် အစားထိုးရန် လော်တာရိုမာတီနက်ဇ်ကို စောင့်ကြည့်နေကြောင်း သိရသည်။

အသက် (၂၂)နှစ်အရွယ်ရှိ အာဂျင်တီးနားတိုက်စစ်မှူး လော်တာရိုမာတီနက်ဇ်သည် ယခုရာသီတွင် အင်တာမီလန်အသင်းအတွက် ခြေစွမ်းပြကစားနေသူဖြစ်ပြီး ပြိုင်ပွဲစုံ (၁၃)ပွဲတွင် (၇)ဂိုး သွင်းယူထားသည်။

လော်တာရိုမာတီနက်ဇ်အား ခေါ်ယူရန် ဘာစီလိုနာအသင်းအပြင် မန်ယူအသင်းကလည်း စိတ်ဝင်စားနေပြီး အင်တာမီလန်အသင်းက လော်တာရိုမာတီနက်ဇ်ကို ရောင်းချလိုခြင်းမရှိသော်လည်း မြင့်မားသည့်ပြောင်းရွှေ့ကြေးဖြင့် ကမ်းလှမ်းပါက လက်ခံဖွယ်ရှိနေကြောင်း သိရသည်။

အင်တာမီလန်အသင်းသည် အသင်းတွင် ခြေစွမ်းပြနေသည့် လော်တာရိုမာတီနက်ဇ်အတွက် ပြောင်းရွှေ့ကြေး ပေါင် (၉၆)သန်းအထိ အလိုရှိနေကြောင်း အီတလီမီဒီယာများက ဖော်ပြနေကြသည်။ 

 

Most Read

Most Recent