ဘင်္ဂလား‌ဒေ့ရှ်သို့ နေရပ်စွန့်ခွာသူများအနက် မိမိတို့ဆန္ဒအလျောက် ပြန်လည်ဝင်ရောက်လာ‌သူ ဘင်္ဂါလီ ၁၇ ဦးကို ရခိုင်ပြည်နယ် တောင်ပြိုလက်ဝဲလက်ခံရေးစခန်းတွင် စိစစ်လက်ခံ

ဘင်္ဂလား‌ဒေ့ရှ်သို့ နေရပ်စွန့်ခွာသူများအနက် မိမိတို့ဆန္ဒအလျောက် ပြန်လည်ဝင်ရောက်လာ‌သူ ဘင်္ဂါလီ ၁၇ ဦးကို ရခိုင်ပြည်နယ် တောင်ပြိုလက်ဝဲလက်ခံရေးစခန်းတွင် စိစစ်လက်ခံ
Published 1 November 2019
သားရွှေဦး(ကစ္ဆပ)

 

ဘင်္ဂလား‌ဒေ့ရှ်သို့ နေရပ်စွန့်ခွာသူများ အနက် မိမိတို့ဆန္ဒအလျောက် ပြန်လည်ဝင်ရောက်လာ‌သူဘင်္ဂါလီ ၁၇ ဦးကို  တောင်ပြို လက်ဝဲလက်ခံရေးစခန်းတွင် နိုဝင်ဘာ ၁ ရက် နံနက်ပိုင်းက စိစစ်လက်ခံခဲ့‌ကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာအ‌ခြေစိုက် မြန်မာသံရုံးမှ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ပြန်လည်ဝင်ရောက်လာသူ ၁၇ ဦးမှာ အိမ်ထောင်စုလေးစုမှဖြစ်ပြီး (ကျား-၁၀ ဦး၊ မ- ခုနစ်ဦးပါဝင်ကြောင်းနှင့် နိုဝင်ဘာ ၁ ရက် နံနက် ၈ နာရီခွဲက  တောင်ပြို ပြန်လည်လက် ခံရေးစခန်းတွင် စိစစ်လက်ခံခဲ့ကြကြောင်း သိရသည်။

၎င်းင်းတို့မှာ မောင်တောမြို့နယ် ကျားခေါင်းတောင်ကျေးရွာ၊ ဦးရှည်ကျ ကျေးရွာ၊ ပွင့်ဖြူ ‌ချောင်းကျေးရွာတို့မှ ဖြစ်‌ကြောင်းနှင့် တစ်ဖက်နိုင်ငံသို့ နေရပ်စွန့်ခွာသွားပြီးနောက် ဘင်္ဂလား‌ဒေ့ရ်ှနိုင်ငံ အူခီးယားမြို့နယ် ဘာလူ ခါလီစခန်းနှင့် ကူတူပါလောင်စခန်းတို့တွင် နေထိုင်ခဲ့သူများဖြစ်‌ကြောင်းလည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာအ‌ခြေစိုက်မြန်မာသံရုံး၏သတင်းထုတ်ပြန်ချက်အရသိရသည်။

ပြန်လည်ဝင်ရောက်လာသူများအနက် အသက် ၁၀ နှစ်အထက် ၁၀ ဦးတို့ကို အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ တာဝန်ရှိသူများက လုပ်ထုံးလုပ်နည်းများနှင့်အညီ NV Card များ ထုတ်ပေးခဲ့ကြောင်းနှင့် တောင်ပြိုမှ လှဖိုးခေါင် စခန်းသို့ ပို့ဆောင်ခဲ့‌ကြောင်းလည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာအ‌ခြေစိုက် မြန်မာသံရုံး၏သတင်းထုတ်ပြန်ချက်အရ သိရသည်။

အလားတူ ဘင်္ဂလား‌ဒေ့ရှ်သို့ နေရပ်စွန့် ခွာသူများထဲမှ ဘင်္ဂါလီ ၄၆ ဦး တောင်ပြို လက်ဝဲလက်ခံရေးစခန်းနှင့် ငါးခူရလက်ခံရေး စခန်းတို့မှ အောက်တိုဘာ ၃၁ ရက် နံနက်ပိုင်းကထပ်မံ ပြန်လည်ဝင်ရောက်ခဲ့‌ကြောင်း သိရသည်။

ထို့ပြင် အောက်တိုဘာ၂၂ ရက်က လည်း တောင်ပြိုလက်ခံရေးစခန်းမှ ဘင်္ဂါလီ ၂၉ ဦး ပြန်လည်ဝင်ရောက်ခဲ့ပြီး  အောက်တိုဘာ ၂ ရက်ကလည်း ဘင်္ဂလားဒေ့ရ်ှနိုင်ငံ ကာ့စ်ဘဇားသို့ရာက်ရှိနေသော နေရပ်စွန့်ခွာသူ ကိုးဦး ထပ်မံဝင်ရောက်ခဲ့ကြောင်း သတင်းထုတ်ပြန်ချက်အရ သိရသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် နေရပ်စွန့်ခွာ သူများအတွက် ဖွင့်လှစ်ထားသည့် စခန်းများသို့ ရောက်ရှိနေကြသော နေရပ်စွန့်ခွာသူများ သည် ၎င်းတို့၏ သဘောဆန္ဒအရ မြန်မာနိုင်ငံသို့  ပြန်လည်ဝင်ရောက်လျက်ရှိရာ ယနေ့အထိ ပြန်လည်ဝင်ရောက်သူဦးရေ ၄၁၄ ဦးကို  မြန်မာဘက်မှ စိစစ်ပြန်လည်လက်ခံခဲ့ပြီးဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာ အ‌ခြေစိုက် မြန်မာသံရုံးမှ သတင်းထုတ်ပြန်ချက်အရ သိရသည်။

မြန်မာနိုင်ငံအနေဖြင့် မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့၏ နှစ်နိုင်ငံသဘော တူညီချက်အရ နေရပ်စွန့်ခွာသူများ ပြန်လည် လက်ခံရေးနှင့် ပြန်လည်နေရာချထားရေးကိစ္စ ရပ်များကို ၂၀၁၈ ခုနှစ် ဇန်နဝါရီ ၂၃ ရက်မှ စတင်ကာအဆင်သင့်အနေထားဖြင့် လိုအပ်သည်များကို ကြိုတင်ဆောင်ရွက်ထားရှိပြီး ဖြစ်သော်လည်း ပြန်လည်ဝင်ရောက်လာသူမရှိ‌သေး‌ကြောင်း သိရသည်။

Most Read

Most Recent