ကာတာခြေစမ်းခရီးစဉ် နောက်ဆုံးပွဲတွင် မြန်မာ ယူ-၂၂ အသင်း ဂိုးပြတ်အနိုင်ရ

ကာတာခြေစမ်းခရီးစဉ် နောက်ဆုံးပွဲတွင် မြန်မာ ယူ-၂၂ အသင်း ဂိုးပြတ်အနိုင်ရ
Photo : MFF
Photo : MFF
Published 1 November 2019

ဆီးဂိမ်းစ်ပြိုင်ပွဲအကြို ပြင်ဆင်မှုအဖြစ် ကာတာနိုင်ငံ၌ လေ့ကျင့်နေသည့် မြန်မာ ယူ-၂၂ အသင်းသည် နောက်ဆုံးခြေစမ်းပွဲအဖြစ် ယနေ့ (အောက်တိုဘာ ၃၁ ရက်) မြန်မာစံတော်ချိန် ည ၁၀ နာရီက ကာဂျစ္စတန် ယူ-၁၉ အသင်းနှင့် ယှဉ်ပြိုင်ကစားရာ (၅-၁) ဂိုးဖြင့် အနိုင်ရခဲ့ကြောင်း သိရသည်။

မြန်မာအသင်းအတွက် ဂိုးများကို အောင်ကောင်းမာန်၊ မြတ်ကောင်းခန့်၊ သူရိန်စိုး၊ စိုးလွင်လွင်နှင့် ထက်လင်းလင်းတို့က တစ်ဂိုးစီသွင်းယူခဲ့သည်။

မြန်မာ ယူ-၂၂ အသင်းသည် အမာခံကစားသမားအများစုဖြင့် ပွဲထွက်ခဲ့ပြီး ဒုတိယပိုင်းမှ ကစားသမားများ ပြောင်းလဲခဲ့ခြင်းဖြစ်သည်။

မြန်မာ ယူ-၂၂ အသင်းသည် အောက်တိုဘာ ၂၁ ရက်မှ ၃၁ ရက်အထိ ဒိုဟာမြို့၌ လေ့ကျင့်ခဲ့ပြီး ခြေစမ်းပွဲသုံးပွဲကစားခဲ့ရာ နှစ်ပွဲနိုင်၊ တစ်ပွဲသရေကျခဲ့သည်။

မြန်မာ ယူ-၂၂ အသင်းသည် ပထမပွဲတွင် နီပေါ ယူ-၂၂ အသင်းနှင့် နှစ်ဂိုးစီသရေကျပြီး ဒုတိယပွဲတွင် ကာတာကလပ် အယ်လ်အူဝေနာအသင်းကို (၃-၁) ဂိုး၊ တတိယပွဲတွင် ကာဂျစ္စတန် ယူ-၁၉ အသင်းကို (၅-၁) ဂိုးဖြင့် အနိုင်ရခဲ့သည်။ 

 

Most Read

Most Recent