မာတစ်ကို မန်ယူအသင်း လက်မလွှတ်ဘဲ ဆက်လက်စာချုပ်ဖွယ်ရှိ

မာတစ်ကို မန်ယူအသင်း လက်မလွှတ်ဘဲ ဆက်လက်စာချုပ်ဖွယ်ရှိ
Photos: Getty Images
Photos: Getty Images
Published 23 October 2019

အသက်(၃၁)နှစ်အရွယ်ရှိ မာတစ်သည် လာမည့် ၂၀၂၀ နွေရာသီတွင် မန်ယူအသင်းနှင့် စာချုပ်သက်တမ်း ကုန်ဆုံးမည်ဖြစ်ရာ လာမည့်ဇန်နဝါရီအပြောင်းအရွှေ့ကာလတွင် ပြည်ပကလပ်အသင်း တစ်သင်းသင်းနှင့် အပြောင်းအရွှေ့အတွက် ဆွေးနွေးခွင့်ရှိနေပြီး အကြိုသဘောတူစာချုပ် ချုပ်ဆိုနိုင်သည့်အခွင့်အရေး ရှိနေသည်။ 

 

မန်ယူအသင်းသည် အသင်း၏ ၀ါရင့်ကွင်းလယ်လူ မာတစ်ကို လာမည့် ၂၀၂၀ ခုနှစ်အတွင်း လက်မလွှတ်ဘဲ စာချုပ်သစ် ဆက်လက်ချုပ်ဆိုသွားဖွယ်ရှိသည်ဟု ဗြိတိန်သတင်းစာများက ဖော်ပြခဲ့သည်။ 

အသက်(၃၁)နှစ်အရွယ်ရှိ မာတစ်သည် လာမည့် ၂၀၂၀ နွေရာသီတွင် မန်ယူအသင်းနှင့် စာချုပ်သက်တမ်း ကုန်ဆုံးမည်ဖြစ်ရာ လာမည့်ဇန်နဝါရီအပြောင်းအရွှေ့ကာလတွင် ပြည်ပကလပ်အသင်း တစ်သင်းသင်းနှင့် အပြောင်းအရွှေ့အတွက် ဆွေးနွေးခွင့်ရှိနေပြီး အကြိုသဘောတူစာချုပ် ချုပ်ဆိုနိုင်သည့်အခွင့်အရေး ရှိနေသည်။ 

သို့ဖြစ်ရာ လာမည့် နွေရာသီတွင် မာတစ်ကို ပြောင်းရွှေ့ကြေးအလွတ်ဖြင့် လက်မလွှတ်လိုသော မန်ယူအသင်းသည် ၎င်းကို စာချုပ်သက်တမ်း တစ်နှစ်ထပ်မံတိုးမြှင့်ရန် စီစဉ်နေပြီး ဇန်နဝါရီလမတိုင်မီ ၎င်းအား စာချုပ်ချုပ် ဆိုခြင်းကို ပြုလုပ်သွားဖွယ်ရှိကြောင်း ဗြိတိန်သတင်းစာ Mirror က ဖော်ပြခဲ့သည်။

 

Most Read

Most Recent