တူရကီ လေတပ်စခန်းရှိ အမေရိကန်၏ နျူကလီးယား လက်နက်များနှင့် ပတ်သက်၍ စိုးရိမ်မှုအချို့ ထွက်ပေါ်

တူရကီ လေတပ်စခန်းရှိ အမေရိကန်၏ နျူကလီးယား လက်နက်များနှင့် ပတ်သက်၍ စိုးရိမ်မှုအချို့ ထွက်ပေါ်
၂၀၁၅ ခုနှစ် ဒီဇင်ဘာ ၁၅ ရက်တွင် တူရကီနိုင်ငံ Incirlik လေတပ်စခန်းမှ အမေရိကန်၏ F-15 တိုက်လေယာဉ်တစ်စင်း ပျံတက်နေစဉ် (Photo: AP)
၂၀၁၅ ခုနှစ် ဒီဇင်ဘာ ၁၅ ရက်တွင် တူရကီနိုင်ငံ Incirlik လေတပ်စခန်းမှ အမေရိကန်၏ F-15 တိုက်လေယာဉ်တစ်စင်း ပျံတက်နေစဉ် (Photo: AP)
Published 19 October 2019
Ref: AP

ဆီးရီးယားရှိ ကာ့ဒ်များအား တိုက်ခိုက်မှုကြောင့် တူရကီနှင့် အမေရိကန်အကြား ဆက်ဆံရေး ဆိုးရွားနေစဉ် အလွန်အမင်း အရေးကြီးသော မေးခွန်းတစ်ခု ထွက်ပေါ် လာခဲ့သည်။ ယင်းမှာ တူရကီလေတပ်စခန်း တွင် ကာလရှည်ကြာ သိမ်းဆည်းထားခဲ့ သော နျူကလီးယားဗုံးများအား အမေရိကန်က ပြန်လည်ဖယ်ရှားသင့်၊ မသင့် ဆွေးနွေးစရာ ဖြစ်ပေါ်ခဲ့သည်။

အမေရိကန်၏ ကာလရှည်ကြာမူဝါဒကြောင့် အပါအဝင် ထိုကိစ္စသည် အကြောင်း ပြချက် အများအပြားအတွက် ရှုပ်ထွေးပြီး အမေရိကန်သည် ပြည်ပရှိ ၎င်းတို့၏ နျူကလီး ယားလက်နက်များ တည်ရှိမှုကို လူသိရှင်ကြား ထုတ်ဖော်ဝန်ခံလေ့မရှိပေ။ ယခုအချိန်အထိ တူရကီတောင်ပိုင်း Incirlik လေတပ် စခန်း၌ အမေရိကန်က လုံခြုံရေးထူထပ်စွာဖြင့် B-61 ဗုံး ၅၀ အထိကို သိမ်းဆည်းထားမှုသည် အားလုံးနီးပါးက သိရှိနေသော လျှို့ဝှက်ချက်တစ်ခု ဖြစ်နေခဲ့သည်။

ထိုဗုံးများ၏ လုံခြုံရေးအတွက် ယုံကြည် မှုရှိ၊ မရှိကို ယခုသီတင်းပတ်အတွင်း သတင်းထောက်တစ်ဦးက မေးမြန်းခဲ့ရာ အမေရိကန် သမ္မတ ဒေါ်နယ်ထရန့်က ထိုလက်နက်များ သိမ်းဆည်းထားမှုနှင့် ပတ်သက်၍ သွယ်ဝိုက်၍ ဝန်ခံခဲ့ပြီး လုံခြုံမှုအတွက်မူ ယုံကြည်ချက်ရှိကြောင်း ဖြေကြားခဲ့သည်။

နေတိုးအဖွဲ့ဝင်မဟာမိတ်ဖြစ်သော တူ ရကီသည် အမေရိကန်၏ နျူကလီးယား လက်နက်များအား နှစ်ပေါင်း ၆၀ အကြာ သိမ်းဆည်းပေးထားခဲ့သည်ဟု သတင်းထွက်ခဲ့သည်။ ထိုဗုံးများအား နျူကလီးယားစစ်ပွဲတစ်ခုအတွင်း အမေရိကန်လေယာဉ်များက ကြဲချနိုင်သည်။ Incirlik လေတပ်စခန်း၌ ထို ဗုံးများအား သိမ်းဆည်းထားမှုသည် နေတိုးမဟာမိတ်အဖွဲ့က စစ်ပွဲအား အဟန့်ဖြစ်စေရန် ရည်ရွယ်၍ ဥရောပတွင် နျူကလီးယားလက်နက် အတော်အသင့်နည်းပါးသော အရေအတွက်ကို ထားရှိခြင်းဖြစ်ပြီး တူရကီနှင့် အခြားအဖွဲ့ဝင် နိုင်ငံများအား ချိတ်ဆက် ထားသည့် နေတိုး၏ မူဝါဒတစ်စိတ်တစ်ပိုင်း ဖြစ်သည်။ ထိုလက်နက်များအား ဖယ်ရှားမည်ဆိုပါက သံတမန်ရေးရာ ရှုပ်ထွေးမှုများ ဖြစ်ပေါ်ဖွယ်ရှိသည်။

ထိုလေတပ်စခန်းရှိ နျူကလီးယားလက် နက်များသည် အန္တရာယ်တိုက်ရိုက် ကြုံနေရ သည့် အထောက်အထားများ မရှိသေးသော်လည်း ၀ါရှင်တန်နှင့် အင်ကာရာတို့အကြား ဆက်ဆံရေးသည် သမိုင်းတစ်လျှောက် အနိမ့်ဆုံးသို့ ကျဆင်းဖွယ်ရှိမှုနှင့် ဆီးရီးယားတွင် စစ်ပွဲဆင်နွှဲမှုကြောင့် အခြေ အနေများ ပိုမိုရှုပ်ထွေးစေပြီး ခန့်မှန်း၍မရ နိုင်ဖြစ်စေခဲ့သည်။ Incirlik  လေတပ်စခန်းသည် ဆီးရီးယားမှ မိုင် ၁၅၀ ခန့်အကွာတွင် တည်ရှိသည်။

ဆီးရီးယားမြောက်ပိုင်းတွင် ကာ့ဒ် တိုက်ခိုက်ရေးသမားများအား ထိုးစစ်ဆင်မှု ကို ရပ်ဆိုင်းထားရန် အမေရိကန်နှင့် တူရကီအကြား အောက်တိုဘာ ၁၇ ရက်၌ ကြေညာ ခဲ့ပြီးနောက် နှစ်နိုင်ငံအကြား ဆက်ဆံရေး ဆိုးရွားမှုကို နှေးကွေးစေခဲ့သည်။

ပြီးခဲ့သောနှစ်ပေါင်းများစွာအတွင်း တူရကီ၏အပြုအမူများသည် အလွန်အမင်း ဆိုးရွားခဲ့ကြောင်း အမေရိကန် ကာကွယ်ရေးဝန်ကြီး မာ့ခ်အက်စ်ပါက အောက်တိုဘာ ၁၃ ရက်တွင် ပြောကြားခဲ့ပြီး အမေရိကန်၏ အကြိမ်ကြိမ် သတိပေးမှုကြားမှ တူရကီက ရုရှား ၏ အဆင့်မြင့်လေကြောင်း ကာကွယ်စနစ် S-400 ကို ဝယ်ယူခဲ့မှုအား ၎င်းက ရည်ညွှန်း ပြောကြားခဲ့သည်။ ထိုကာကွယ်ရေးစနစ်သည် ရုရှားကသူလျှိုပြုလုပ်ရန်အတွက် ဝင်ပေါက်ဖြစ်သည်ဟု အိမ်ဖြူတော်က ခိုင်းနှိုင်း ပြောကြားခဲ့သည်။

ရုရှားလေကြောင်းကာကွယ်ရေးစနစ် အား ဝယ်ယူမှုကို ရပ်တန့်ရန် ငြင်းဆန်ခဲ့သည့် တူရကီအား ပင်တဂွန်က ၎င်း၏ F-35 တိုက်လေယာဉ် အစီအစဉ်မှ ပြီးခဲ့သော ဇူလိုင် တွင် ဖယ်ရှားခဲ့သည်။ ယင်းသည် အမေရိကန် - တူရကီ ဆက်ဆံရေးအတွက် ဧရာမထိုးနှက်ချက်ဖြစ်ပြီး တူရကီသည် စိတ်ချရသော မဟာမိတ် ဟုတ်၊ မဟုတ်ကို ၀ါရှင်တန်တွင် မေးခွန်းထုတ်စရာ ဖြစ်လာခဲ့သည်။ တူရကီ လေတပ်စခန်းရှိ နျူကလီးယားလက်နက်များသည် ဘေးကင်းလုံခြုံသည်ဟု ယုံကြည်ကြောင်း တူရကီဆိုင်ရာ အမေရိကန် သံအမတ်ဟောင်းနှင့် ပင်တဂွန်ထိပ်တန်း တာဝန်ရှိသူတစ်ဦးဖြစ်သည့် Eric Edelman က ပြောကြားခဲ့ပြီး ထိုလက်နက်များအား ဖယ်ရှားမှသာ အန္တရာယ်ရှိနိုင်ကြောင်း ၎င်းက ရှုမြင်ခဲ့သည်။ အမေရိကန် ဗုံးများအား တူရကီလေတပ်စခန်းတွင် ထားရှိခြင်းသည် အခြားနေတိုးအဖွဲ့ဝင်နိုင်ငံများတွင် ထားရှိခြင်း ထက် ပိုမိုဘေးကင်းမည်ဖြစ်ကြောင်း အမေရိကန်လက်နက်ထိန်းချုပ်ရေး ကျွမ်းကျင်သူအချို့က ပြောကြားခဲ့သည်။

ထိုဗုံးများအတွက် တာဝန်ခံရသည့် အမေရိကန်လေတပ်က ထိုလက်နက်များ သည် ရုပ်ပိုင်းဆိုင်ရာအရ လုံလောက်သည့် ကောင်းမွန်မှု ရှိ၊ မရှိအပြင် တစ်စုံတစ်ဦးမှ တိုက်ခိုက်လာမှုကို ထိန်းထားနိုင်ရန် ထိုိစခန်း တွင် လုံလောက်သော အင်အား ရှိ၊ မရှိကိုပါ စိုးရိမ်နေကြကြောင်း ထိုလက်နက်သိမ်းဆည်းမှုကိစ္စအား နှစ်ပေါင်းများစွာ လေ့လာခဲ့သည့် အမေရိကန်သိပ္ပံရှင်များ ဖက်ဒရေးရှင်းမှ Hans Kristensen က မကြာသေးမီက အင်တာဗျူးတွင် ပြောကြားခဲ့သည်။ အမေရိကန် တပ်များ ရုပ်သိမ်းမှုကြောင့် ဆီးရီးယား မြောက်ပိုင်း ပဋိပက္ခသည် ပိုမိုရှုပ်ထွေးလာပြီး တူရကီထဲသို့ ပျံ့နှံ့လာမည်ကိုလည်း အမေ ရိကန်တာဝန်ရှိသူများက စိုးရိမ်နေကြောင်း ၎င်းက ပြောကြားခဲ့သည်။             

 

 

 

Most Read

Most Recent