မဲဆွယ်ကာလတွင် နိုင်ငံပိုင်မီဒီယာများကို ဥပဒေနှင့် ညီညွတ်မှုမရှိဘဲ သုံးစွဲခြင်းမျိုး ထပ်မဖြစ်စေရန် အပါအဝင် ရွေးကောက်ပွဲ၌ လိုက်နာမှုရှိသင့်သည့်အချက်များ ဖော်ဆောင်ပေးရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အား NDF ပါတီ တောင်းဆို

မဲဆွယ်ကာလတွင် နိုင်ငံပိုင်မီဒီယာများကို ဥပဒေနှင့် ညီညွတ်မှုမရှိဘဲ သုံးစွဲခြင်းမျိုး ထပ်မဖြစ်စေရန် အပါအဝင် ရွေးကောက်ပွဲ၌ လိုက်နာမှုရှိသင့်သည့်အချက်များ ဖော်ဆောင်ပေးရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အား NDF ပါတီ တောင်းဆို
Published 19 October 2019
ဉာဏ်လင်းထွန်း

မဲဆွယ်စည်းရုံးခွင့် ပိတ်သိမ်းသည့်နေ့ (သို့မဟုတ်) မဲဆွယ်ကာလအတွင်း နိုင်ငံပိုင် သတင်းမီဒီယာများကို ဥပဒေနှင့် ညီညွတ်မှု မရှိ သုံးစွဲခြင်းမျိုး ထပ်မံမဖြစ်ပွားစေရန် အပါအဝင် ရွေးကောက်ပွဲတွင် လိုက်နာမှုရှိသင့် သည့်အချက်များကို ဖော်ဆောင်ပေးရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အား အမျိုးသား ဒီမိုကရေစီအင်အားစုပါတီ (NDF) က အိတ်ဖွင့်ပေးစာ ပေးပို့တောင်းဆိုသည်။ 

တရားမျှတ၊ သန့်ရှင်းသောရွေးကောက်ပွဲဖြစ်ရေးအတွက် အထက်ပါအချက်အပါအဝင် အချက်ကိုးချက် ဆောင်ရွက်ပေးရန် ကော်မရှင်ထံ အိတ်ဖွင့်ပေးစာကို အောက်တိုဘာ ၁၈ ရက်တွင် NDF ပါတီက ထုတ်ပြန်သည်။

“ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းက ရွေးကောက်ပွဲကို အကောင်းဆုံးဖြစ်အောင် လုပ်ပေးမယ်။ ဟန်ပြမဟုတ်ဘူး။ စံပြဖြစ်အောင်လုပ်မယ်ဆိုတဲ့ပြောစကား ကြားလိုက်တဲ့အခါမှာ ဒီစကားကိုတော့ ငါတို့ အ သေအချာဆုပ်ကိုင်ပြီး လိုလားချက်တွေ တောင်းရမယ်ဆိုတဲ့အကြံ ပေါ်လာပါတယ်။ ဒါကလည်း ကျွန်တော်တို့ တစ်ပါတီတည်း အတွက် မဟုတ်ပါဘူး။ မြန်မာနိုင်ငံမှာရှိတဲ့ ပါတီအားလုံးအတွက် ရည်စူးပါတယ်။ ၂၀၂၀ ကို သန့်ရှင်း၊ လွတ်လပ်၊ မျှတတဲ့ရွေးကောက် ပွဲဖြစ်ဖို့ ဒါတွေတော့ လုပ်ပေးပါဆိုပြီး တိုင်း သိပြည်သိ တောင်းဆိုခြင်းဖြစ်ပါတယ်”ဟု NDF ပါတီဥက္ကဋ္ဌ ဦးခင်မောင်ဆွေက ပြော ကြားသည်။

မဲဆွယ်စည်းရုံးခွင့် ပိတ်သိမ်းသည့်နေ့ (သို့မဟုတ်) မဲဆွယ်ကာလအတွင်း နိုင်ငံပိုင် သတင်းမီဒီယာများကို ဥပဒေနှင့် ညီညွတ်မှု မရှိ သုံးစွဲခြင်းများ ထပ်မံမဖြစ်ပွားစေရေး အချက်ကို ထည့်သွင်းတောင်းဆိုရခြင်းက ပြီးခဲ့သည့် ကြားဖြတ်ရွေးကောက်ပွဲတစ်ခုတွင် ဖြစ်ပွားခဲ့သည့်ဖြစ်စဉ်ကြောင့်ဟု ၎င်းက ဆိုသည်။

၂၀၁၇ ဧပြီ ၁ ရက်တွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲအတွက် မဲဆွယ် စည်းရုံးခွင့် ပိတ်သိမ်းပြီး နောက်တစ်နေ့တွင် အာဏာရပါတီမှ ခေါင်းဆောင်နှစ်ဦး၏ အစိုး ရတစ်နှစ်တာ ဆောင်ရွက်ချက်များအပေါ် အမြင်ဆိုသည့် အင်တာဗျူး နိုင်ငံပိုင်မီဒီယာ များ၌ ဖော်ပြပါရှိခဲ့သည့်အပေါ် နိုင်ငံရေးပါတီ များက ဝေဖန်ကန့်ကွက်ခဲ့ကြသည်။

“ပါတီပေါင်းစုံ လိုက်နာရမယ့် စည်းမျဉ်း၊ စည်းကမ်းတွေ ဖောက်ဖျက်ပြီးလုပ်လို့ တောင်းဆိုတဲ့အခါမှာ ဒါက တိုက်ဆိုင်မှုဖြစ် ပါတယ်လို့ ကော်မရှင်က ပြန်ဖြေသွားတဲ့အတွက် နောက်တစ်ခါ တိုက်ဆိုင်မှုဖြစ်ပါတယ် ဗျာလို့ မပြောနိုင်အောင် ကျွန်တော်တို့က ကြိုတင်ပြီးတော့ ကြိုးချည်ထားတဲ့သဘောပါ”ဟု NDF ပါတီဥက္ကဋ္ဌ ဦးခင်မောင်ဆွေက ပြောကြားသည်။

မျှတသည့် မဲဆွယ်လှုပ်ရှားမှု ဖြစ်စေရေးအတွက် Code of Conduct နှင့်အညီ ဆောင်ရွက်ရေး သတ်မှတ်နှိုးဆော်ပေးရန်၊ ငွေပေးမဲဆွယ်ခြင်းကို အရေးယူနိုင်သည့် အ စီအမံများ ပြုလုပ်ပေးရန် NDF ပါတီက တောင်းဆိုသည်။

ထို့ပြင် မဲပေးနည်းသင်တန်း အကြောင်းပြပြီး ပါတီကို မဲပေးရန် မဲဆွယ်ခြင်းများ၊ မဲရုံ အတွင်းသို့ ဥပဒေအရ သတ်မှတ်ထားသူများမှအပ မသက်ဆိုင်သူများနှင့် သြဇာရှိသူများ ဝင်ရောက်ခြင်း၊ မဲရုံစောင့်ဆရာမများ အပေါ် ဖိအားပေးခြင်း၊ တိုင်းရင်းသားလက် နက်ကိုင်အင်အားစုများက ၎င်းင်းတို့လိုလား သော ပါတီများကို မဲပေးရန် ဖိအားပေးခြင်း စသည့်ဖြစ်စဉ်များ မပေါ်စေရေးအတွက် ပြည် ထောင်စုရွေးကောက်ပွဲကော်မရှင်က ဆောင် ရွက်ပေးရန် NDF ပါတီက အိတ်ဖွင့်ပေးစာ မှတစ်ဆင့် တောင်းဆိုသည်။

ပုံစံ ၆၆-ဃ (အိမ်ထောင်စုစာရင်း) ကို ပုံစံ ၁၀ ထုတ်ပေးပြီးမှ ပေးရန်၊ ပုံစံ ၆၆-ဃ ကို အကြောင်းပြုပြီး မသမာသောနည်းလမ်း ဖြင့် မဲရယူခြင်းများ၊ နိုင်ငံရပ်ခြားထွက် အလုပ် လုပ်သူများကို အကြောင်းပြုပြီး မဲအသာစီး ရယူရန် လုပ်ဆောင်ခြင်းများကို တားမြစ်ပေးရန်နှင့် ရွေးကောက်ပွဲဥပဒေပါ ပြဋ္ဌာန်းချက်များကို ချိုးဖောက်မှုများအား အချိန်နှင့်တစ်ပြေးညီဆောင်ရွက်ရန်တို့ကိုလည်း NDF ပါတီ က တောင်းဆိုသည်။

NDF ပါတီသည် ၂၀၁၀ အထွေထွေ ရွေးကောက်ပွဲတွင် မဲဆန္ဒနယ်အချို့၌  အနိုင်ရခဲ့ပြီး ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် ရှုံးနိမ့်ခဲ့သည်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲကို လွတ်လပ်မှု၊ တရားမျှတမှု၊ အများယုံကြည်လက်ခံမှု၊ ပြည်သူ့ဆန္ဒနှင့် ရွေးကောက်ပွဲရလဒ် တစ်ထပ်တည်းဖြစ်ရေးစသည့် စံငါးချက်နှင့် အညီ ဆောင်ရွက်သွားမည်ဟု ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က တရားဝင် ထုတ် ပြန်ထားပြီး ကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းက လည်း ရွေးကောက်ပွဲကို ဟန်ပြမဟုတ် စံပြဖြစ်အောင် ဆောင်ရွက်သွားမည်ဟု သြဂုတ် ၂၃ ရက်က နေပြည်တော်ရှိ ကော်မရှင်ရုံးတွင် နိုင်ငံရေးပါတီများနှင့် ညှိနှိုင်းအစည်း အဝေးပြုလုပ်စဉ် အာမခံပြောကြားသည်။

Most Read

Most Recent