ဂျာမနီကွင်းလယ်ကစားသမား ဂွန်ဒိုဂန်က တူရကီတိုက်စစ်မှူး တိုဆွန်၏ အောင်ပွဲခံပုံကို Like ပေးခဲ့ခြင်းအတွက် ဝေဖန်ခံနေရခြင်းအပေါ် ဖြေရှင်းချက်ပေးခဲ့ကြောင်း သိရှိရသည်။
တိုဆွန်သည် အယ်လ်ဘေးနီးယားနှင့်ပွဲတွင် ဂိုးသွင်းပြီးနောက် အလေးပြုသည့်ပုံစံဖြင့် အောင်ပွဲခံခဲ့ခြင်းဖြစ်ပြီး ယင်းပုံကို Instagram ပေါ်တင်ခဲ့ရာ ဂျာမနီကစားသမားများဖြစ်သည့် ဂွန်ဒိုဂန်နှင့် အမ်မရီချန်တို့ Like ပေးခဲ့ကြောင်း ဖော်ပြခဲ့ကြသည်။
ဂွန်ဒိုဂန်သည် တူရကီသမ္မတနှင့် ဓာတ်ပုံတွဲရိုက်မိခြင်းကြောင့် ဝေဖန်ပြစ်တင်ခြင်းခံရဖူးသည့်အတွက် ပြန်လည်ဖြေရှင်းခဲ့ခြင်းလည်းဖြစ်သည်။
ဂွန်ဒိုဂန်က ''ကိုယ့်မိတ်ဆွေရဲ့ ဓာတ်ပုံတစ်ပုံအဖြစ်ပဲ Like ပေးလိုက်တာပါ။ ဒီပုံကို Like ပေးတဲ့သူ (၂)သိန်းလောက်ရှိတဲ့အထဲမှာ ကျွန်တော်တို့(၂)ယောက်ကို ဆွဲထုတ်ပြီး ရေးသားတာကတော့ ဂျာနယ်လစ်တွေက ဝေဖန်စရာဖြစ်အောင် လုပ်တာပါပဲ''ဟု ဆိုခဲ့သည်။