အဲရစ်ဆင်ကိုခေါ်ယူရန်အတွက် ဆွေးနွေးမှုများကို လာမည့်ဇန်နဝါရီအပြောင်းအရွှေ့ကာလတွင် ရီးယဲလ်အသင်း စတင်မည်

အဲရစ်ဆင်ကိုခေါ်ယူရန်အတွက် ဆွေးနွေးမှုများကို လာမည့်ဇန်နဝါရီအပြောင်းအရွှေ့ကာလတွင် ရီးယဲလ်အသင်း စတင်မည်
Photo: Getty Images
Photo: Getty Images
Published 11 October 2019

ရီးယဲလ်မက်ဒရစ်အသင်းသည် စပါးအသင်း၏ ဒိန်းမတ်လက်ရွေးစင်ကွင်းလယ်လူ အဲရစ်ဆင်အား ခေါ်ယူရန်အတွက် ဆွေးနွေးမှုများကို လာမည့် ဇန်နဝါရီအပြောင်းအရွှေ့ကာလတွင် စတင်ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

ရီးယဲလ်မက်ဒရစ်အသင်းသည် စပါးအသင်း၏ ဒိန်းမတ်လက်ရွေးစင်ကွင်းလယ်လူ အဲရစ်ဆင်အား ခေါ်ယူရန်အတွက် ဆွေးနွေးမှုများကို လာမည့် ဇန်နဝါရီအပြောင်းအရွှေ့ကာလတွင် စတင်ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

    

အဲရစ်ဆင်သည် ပြီးခဲ့သည့် နွေရာသီအပြောင်းအရွှေ့ကာလကတည်းက ရီးယဲလ်မက်ဒရစ်အသင်း၏ ချဉ်းကပ်ခြင်းကို ခံခဲ့ရသော်လည်း စပါးအသင်းက ငြင်းဆန်ခဲ့သဖြင့် အပြောင်းအရွှေ့ပျက်ပြယ်ခဲ့သည်။ 

သို့ရာတွင် ယခုရာသီအတွင်းတွင်လည်း စပါးအသင်းသည် အဲရစ်ဆင်ကို သက်တမ်းတိုးရန်ကြိုးပမ်းမှု မအောင်မြင်ခဲ့သဖြင့် ရာသီကုန်တွင် အလွတ်ပြောင်းရွှေ့ကြေးဖြင့် ထွက်ခွင့်ပြုရတော့မည်ဖြစ်သလို၊ လာမည့်ဇန်နဝါရီအပြောင်းအရွှေ့ကာလတွင်လည်း အခြားအသင်းများနှင့် ဆွေးနွေးခွင့်ပြုရတော့မည်ဖြစ်သည်။

    

ယခုအခါ ရီးယဲလ်အသင်းက အဲရစ်ဆင်ကို ခေါ်ယူရန် စတင်စီစဉ်လာခဲ့ခြင်းဖြစ်ပြီး လာမည့်ဇန်နဝါရီအပြောင်းအရွှေ့ကာလတွင် ခေါ်ယူရန်ထက် အကြိုသဘောတူစာချုပ်ပြီးမှ ရာသီကုန်တွင် အလွတ်ပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူနိုင်ရန်ကိစ္စကို ဦးစားပေးလုပ်ဆောင်သွားမည်ဖြစ်သည်။ 

ယင်းအတွက်ကြောင့် စပါးအသင်းသည် ဇန်နဝါရီအပြောင်းအရွှေ့ကာလတွင် အခြားအသင်းတစ်သင်းသင်းသို့ အဲရစ်ဆင်ကို ရောင်းထုတ်နိုင်ရန် ကြိုးစားရတော့မည်ဖြစ်သည်။

 

Most Read

Most Recent