အင်္ဂလန်နိုင်ငံ ကမ္ဘာ့ဖလားအိမ်ရှင်ဖြစ်ခဲ့ပါက အိုးလ်ထရက်ဖို့ဒ်ကွင်းမှာ လက်ရှိအနေအထားအရ  ပွဲစဉ်များလက်ခံကျင်းပခွင့်ရမည်မဟုတ်

အင်္ဂလန်နိုင်ငံ ကမ္ဘာ့ဖလားအိမ်ရှင်ဖြစ်ခဲ့ပါက အိုးလ်ထရက်ဖို့ဒ်ကွင်းမှာ လက်ရှိအနေအထားအရ  ပွဲစဉ်များလက်ခံကျင်းပခွင့်ရမည်မဟုတ်
Photos: Getty Images
Photos: Getty Images
Published 9 October 2019

အိုးလ်ထရက်ဖို့ဒ်ကွင်းရှိ မီဒီယာခန်းမ ၊ Mixed Zone (ဘောလုံးသမားများနှင့် မီဒီယာများတွေ့ဆုံရန်နေရာ)၊ မီဒီယာပွဲကြည့်စင်နေရာတို့မှာ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ) ၏ သတ်မှတ်ချက်နှင့် ကိုက်ညီမှုမရှိကြောင်း သိရှိရသည်။ ထို့ပြင် အိုးလ်ထရက်ဖို့ဒ်ကွင်းရှိ အဝတ်လဲခန်းများမှာလည်း အလွန်သေးငယ်နေပြီး ကမ္ဘာ့ဖလားပွဲစဉ်များ လက်ခံကျင်းပပါက ယခုထက်ကြီးမားသည့် ခန်းမများ လိုအပ်ကြောင်း သိရသည်၊၊ 

 

ကမ္ဘာ့ဖလားပြိုင်ပွဲကို အင်္ဂလန်နိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပခွင့်ရရှိခဲ့ပါက မန်ယူအသင်း၏အိုးလ်ထရက်ဖို့ဒ်ကွင်းမှာ လက်ရှိအနေအထားအရ ကမ္ဘာ့ဖလားပွဲစဉ်များကို လက်ခံကျင်းပခွင့်ရလိမ့်မည်မဟုတ်ဟု Daily Mail သတင်းစာက ဖော်ပြ ခဲ့သည်။

အိုးလ်ထရက်ဖို့ဒ်ကွင်းရှိ မီဒီယာခန်းမ ၊ Mixed Zone (ဘောလုံးသမားများနှင့် မီဒီယာများတွေ့ဆုံရန်နေရာ)၊ မီဒီယာပွဲကြည့်စင်နေရာတို့မှာ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ) ၏ သတ်မှတ်ချက်နှင့် ကိုက်ညီမှုမရှိကြောင်း သိရှိရသည်။ ထို့ပြင် အိုးလ်ထရက်ဖို့ဒ်ကွင်းရှိ အဝတ်လဲခန်းများမှာလည်း အလွန်သေးငယ်နေပြီး ကမ္ဘာ့ဖလားပွဲစဉ်များ လက်ခံကျင်းပပါက ယခုထက်ကြီးမားသည့် ခန်းမများ လိုအပ်ကြောင်း သိရသည်၊၊ 

ကမ္ဘာ့ဖလားပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့်ကွင်းများအနေဖြင့် အုပ်စုပွဲများတွင် ပွဲကြည့်စင်၌  မီဒီယာသမား(၈၀၀)ဦး အထိကြည့်ရှုနိုင်ရမည်ဖြစ်ပြီး၊ ဗိုလ်လုပွဲကျင်းပမည့်ကွင်းအနေဖြင့် မီဒီယာသမား (၂၀၀၀)ဦးအထိကြည့်ရှု နိုင်ရမည်ဟု ဖီဖာကသတ်မှတ်ထားသည်။ ထို့ပြင် အိုးလ်ထရက်ဖို့ဒ်ကွင်းအနေဖြင့် ကမ္ဘာ့ဖလားပွဲစဉ်တစ်ပွဲ၌ ရုပ်သံရိုက်ကူးရန်အသုံးပြုမည့် ကင်မရာ(၃၅)လုံးစာအတွက်လည်း (လက်ရှိအနေအထားများအရ) လိုအပ်ချက်များရှိနေကြောင်း သိရသည်။ 

အိုးလ်ထရက်ဖို့ဒ်ကွင်းတာဝန်ရှိသူများက မိမိတို့အနေဖြင့် ယူရို-၉၆ ပြိုင်ပွဲ၊ ၂၀၀၃ ချန်ပီယံလိဂ်ဗိုလ်လုပွဲ၊ ၂၀၁၂ နွေရာသီအိုလံပစ်ပြိုင်ပွဲတို့၌ သတ်မှတ်ချက်များနှင့်ကိုက်ညီအောင် ဆောင်ရွက်ပြီး လက်ခံကျင်းပခဲ့ကြောင်း၊ အကယ်၍ ကမ္ဘာ့ဖလားပြိုင်ပွဲကျင်းပခွင့်ရရှိပါက ဖီဖာ၏ သတ်မှတ်ချက်နှင့်ကိုက်ညီစေရန်ကြိုးစားသွားမည်ဖြစ်ကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့သည်။

 

Most Read

Most Recent