စစ်ကိုင်းတိုင်းဒေသကြီး ကိုယ်စားပြု အလံနှင့် လိုဂိုအသစ်ကို ပြောင်းလဲအသုံးပြုမည်

စစ်ကိုင်းတိုင်းဒေသကြီး ကိုယ်စားပြု အလံနှင့် လိုဂိုအသစ်ကို ပြောင်းလဲအသုံးပြုမည်
စစ်ကိုင်းတိုင်းဒေသကြီးကိုယ်စားပြု အလံနှင့် လိုဂိုအသစ်အား တွေ့ရစဉ်
စစ်ကိုင်းတိုင်းဒေသကြီးကိုယ်စားပြု အလံနှင့် လိုဂိုအသစ်အား တွေ့ရစဉ်
Published 8 October 2019
ကောင်းခန့်လင်း(မုံရွာ)

စစ်ကိုင်းတိုင်းဒေသကြီးကိုယ်စားပြုအဖြစ် လက်ရှိအသုံးပြုနေသည့် အလံနှင့် လိုဂိုကို နှစ်ပေါင်းများစွာသုံးစွဲခဲ့ရာမှ ယခုအစိုးရ သစ်လက်ထက်တွင် တိုင်းဒေသကြီး၏အလံ နှင့် လိုဂိုအသစ်ကို ပြောင်းလဲအသုံးပြုသွားမည်ဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်းက ပြောကြားသည်။

စစ်ကိုင်းတိုင်းဒေသကြီးကိုယ်စားပြု အလံနှင့် အထိမ်းအမှတ်တံဆိပ်(လိုဂို)အသစ် ပြောင်းလဲအသုံးပြုနိုင်ရန်အတွက် စက်တင် ဘာ ၃၀ ရက်က ကျင်းပခဲ့သည့် ၂၁ ကြိမ်မြောက် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် ပုံမှန်အစည်းအဝေးတွင် အတည်ပြုနိုင်ခဲ့ခြင်းဖြစ်သည်။

ယခင်အလံနှင့်လိုဂိုတို့ကို အစားထိုးအသုံးပြုနိုင်ရေးအတွက် မုံရွာမြို့နယ်မဲဆန္ဒနယ်မြေအမှတ် (၁) တိုင်းဒေသကြီးလွှတ် တော်ကိုယ်စားလှယ် ဒေါ်အမာကြည်က ၂၀၁၈ ခုနှစ်အတွင်း ကျင်းပခဲ့သည့် တိုင်းဒေ သကြီးလွှတ်တော်၌ အဆိုတင်သွင်းခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းနောက် တိုင်းဒေသကြီး လွှတ်တော်တွင် အလံနှင့်လိုဂိုတို့ကို အစားထိုးအသုံးပြုနိုင်ရေးအတွက် စစ်ကိုင်းတိုင်း ဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်းက နှစ်ကြိမ်တင်သွင်းခဲ့သော်လည်း နှစ်ကြိမ်စလုံး ရှုံးနိမ့်ခဲ့ပြီး ၂၁ ကြိမ်မြောက် စစ်ကိုင်းတိုင်းဒေသကြီးလွှတ် တော် ပုံမှန်အစည်းအဝေးတွင် သုံးကြိမ်မြောက် တင်သွင်းရာ၌ လွှတ်တော်ကိုယ်စားလှယ် များ၏ ထောက်ခံမှုဖြင့် အတည်ပြုခဲ့ခြင်းဖြစ် ကြောင်း သတင်းရရှိသည်။

ထိုသို့ စစ်ကိုင်းတိုင်းဒေသကြီးလွှတ် တော်၌ အတည်ပြုခဲ့သော အလံနှင့် အထိမ်း အမှတ်တံဆိပ်(လိုဂို)အသစ်ကို အသုံးပြုနိုင်ရန်အတွက် ပြည်ထောင်စုအဆင့်သို့ ဆက် လက်တင်ပြထားကြောင်း စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်းက ပြောကြားသည်။

“ဒီအလံနဲ့လိုဂိုကို ပြည်ထောင်စုကိုတင် ထားပြီးပြီ။ ပြည်ထောင်စုကနေ ကျလာရင် ဆက်ပြီးတော့ အသုံးပြုတော့မှာ။ဘာမှတော့ မှတ်ချက်ပေးစရာမရှိပါဘူး။ တိုင်းဒေသကြီး လွှတ်တော်ထဲမှာ လွှတ်တော်ကိုယ်စားလှယ် တွေက တညီတညွတ်တည်းရွေးချယ်လိုက် တာပါ”  ဟု လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်းက ပြောကြားသည်။

ယခုအစားထိုးအသုံးပြုမည့် အလံနှင့် လိုဂိုအသစ်တွင် အဝါရောင်၏ကိုယ်စားပြုမှု သည် စစ်ကိုင်းတိုင်းဒေသကြီးအား ဇေယျာရွှေမြေ ပါဠိအဓိပ္ပာယ်အရ အောင်မြင်ခြင်းဟု အဓိပ္ပာယ်ရကြောင်း၊ အောင်အတိတ် အောင်နိမိတ်ဆောင်ရာတွင် စည်းလုံးညီညွတ်ခြင်းသည် အဓိကသော့ချက်ဖြစ်သောကြောင့် စည်းလုံးညီညွတ်မှုကိုကိုယ်စားပြုသော အဝါရောင်အား ဦးစွာအသုံးပြုထားရှိခြင်းဖြစ် ကြောင်း သိရသည်။

အပြာရောင်၏ ကိုယ်စားပြုမှုတွင် အေးချမ်းသာယာခြင်း၊ တရားဥပဒေစိုးမိုးခြင်းကို အဓိပ္ပာယ်ရပြီး အနီရောင်၏ ကိုယ်စားပြုမှုသည် ရဲရင့်ခြင်း သတ္တိရှိခြင်းဟု အဓိပ္ပာယ် ရရှိကြောင်း၊ ယင်းနောက် အထင်ကရအမှတ် သင်္ကေတများသည် မုံရွာမြို့တွင် နှစ် ၉၀ ကျော် သက်တမ်းရှိ မဟာလယ်တီကျောက်စာနှင့် လမ်းပန်းဆက်သွယ်ရေးအပြင် ကုန်စည်စီး ဆင်းမှု လျင်မြန်စေရန် ဆက်သွယ်ပေးထားသော အင်းဝတံတားစသည်တို့ကို ကိုယ်စားပြု သရုပ်ဖော်ရေးဆွဲထားကြောင်း သိရသည်။

 

 

Most Read

Most Recent