မန်ယူအသင်းလူငယ်တောင်ပံကစားသမား ဒန်နီယဲလ်ဂျိမ်းစ်က မိမိအနေဖြင့် မန်ယူအသင်းတွင်သာ ကစားသမားဘဝကုန်ဆုံးရန် မျှော်လင့်ထားကြောင်း ဖွင့်ဟပြောကြားခဲ့သည်။
အသက် (၂၁)နှစ် ရှိ ဝေးလ်စ်လက်ရွေးစင်တောင်ပံကစားသမား ဒန်နီယဲလ်ဂျိမ်းစ်က '' ကျွန်တော့်အနေနဲ့ ပွဲတွေအများကြီးကစားချင်ပါတယ်။ ဒါပေမဲ့ အချိန်တိုအတွင်းမှာ ဖြစ်လာမယ်လို့တော့ မတွေးထားပါဘူး။ တကယ်တော့ ကိုယ့်ကိုယ်ကိုယ် မန်ယူကစားသမားလို့တောင် မထင်သေးပါဘူး။ ဒါက ကျွန်တော့်အိပ်မက်လေ။ အဝတ်လဲခန်းမှာ ထိုင်နေရင်း ကိုယ့်ကိုယ်ကိုယ် မန်ယူကစားသမားတစ်ယောက်လားလို့ ပြန်မေးမိတယ်။ ဒီအသင်းမှာ ကစားသမားဘဝတစ်လျှောက်လုံးပါဝင်ကစားချင်ပါတယ်''ဟု ပြောကြားခဲ့သည်။
ထို့ပြင် ဂျိမ်းစ်က ချယ်လ်ဆီးကစားသမားဟောင်း ဟာဇက်၏ကစားဟန်ကို အားကျအတုယူခဲ့သည်ဟုလည်း ဝန်ခံခဲ့သည်။
ဂျိမ်းစ်သည် ပြီးခဲ့သည့်နွေရာသီအပြောင်းအရွှေ့ကာလကမှ မန်ယူအသင်းသို့ ပြောင်းရွှေ့ကြေး ပေါင်(၁၅)သန်းဖြင့် ရောက်ရှိလာသူဖြစ်ပြီး အသင်းတွင် ပုံမှန်နေရာရလျက်ရှိသည်။