ပရီးမီးယားလိဂ်အသင်းများ၏ ကမ်းလှမ်းမှုကို ပယ်ချခဲ့သည်ဟု အာစင်ဝင်းဂါး ပြောကြား

ပရီးမီးယားလိဂ်အသင်းများ၏ ကမ်းလှမ်းမှုကို ပယ်ချခဲ့သည်ဟု အာစင်ဝင်းဂါး ပြောကြား
Published 8 October 2019

 

 

အာဆင်နယ်နည်းပြဟောင်း အာစင်ဝင်းဂါးက ပရီးမီးယားလိဂ် အသင်းများထံမှ ကမ်းလှမ်းမှုများ ရရှိခဲ့သော်လည်း ပယ်ချခဲ့သည်ဟု ထုတ်ဖော်ပြောကြားခဲ့သည်။

၂၀၁၈ ခုနှစ် နွေရာသီတွင် အာဆင်နယ် အသင်းနှင့် လမ်းခွဲပြီးနောက် အသင်းလက်မဲ့ဖြစ်နေသည့် အာစင်ဝင်း ဂါးက အင်္ဂလန်ပြင်ပတွင်သာ အလုပ်လုပ်ကိုင်ရန် ဆုံးဖြတ်ခဲ့ခြင်းမှာ အသင်းဟောင်းအပေါ် ထားရှိသည့် စိတ်ခံစားချက်ကြောင့်ဖြစ်သည်ဟု လည်း ဆိုခဲ့သည်။

အာစင်ဝင်းဂါးက ''ကျွန်တော်က အာဆင်နယ်ဘက် တော်သားတစ်ဦးဖြစ်သလို၊ ပရော်ဖက်ရှင်နယ်တစ်ဦးလည်း ဖြစ်ပါ တယ်။ ဒါကြောင့် ကျွန်တော် နည်းပြဆက်လုပ်ချင်တဲ့စိတ်ကိုလည်း မရပ်တန့်နိုင်ပါဘူး။ အင်္ဂလန်မှာ အလုပ်ဆက်လုပ်နိုင်မယ့် အခွင့်အ ရေးတွေ ရရှိခဲ့ပေမယ့် ကျွန်တော် ပယ်ချခဲ့ပြီး ပရီးမီးယားလိဂ်ပြင်ပကိုပဲ ထွက်ခွာဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ အာဆင်နယ်နဲ့ ကျွန်တော့်ရဲ့ဆက်နွယ်မှုက ကြီးမားတာကြောင့်ပါ။ ဘယ်အသင်းတွေ က ကမ်းလှမ်းခဲ့တာလဲဆိုတာကိုတော့ မပြောပြချင်ပါဘူး။ လက်ရှိကိုင် တွယ်နေတဲ့သူတွေကို ထိခိုက်သွားနိုင်လို့ပါ''ဟု ပြောကြားခဲ့သည်။

အာစင်ဝင်းဂါးသည် အာဆင်နယ်အသင်းကို ရာသီ(၂၀)ဆက်တိုက် ထိပ်ဆုံး(၄)သင်းစာရင်းဝင်အောင် စွမ်းဆောင်ပေးနိုင်ခဲ့သူဖြစ်သည်။

Close

 

 

 

Most Read

Most Recent