ကုလသမဂ္ဂ အထွေထွေညီလာခံ ဘေးဆွယ်ဆွေးနွေးပွဲ၌ တရုတ်၊ ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာ တွေ့ဆုံလျက် ဘင်္ဂါလီမွတ်စလင် ဒုက္ခသည်အရေး ဆွေးနွေး

ကုလသမဂ္ဂ အထွေထွေညီလာခံ ဘေးဆွယ်ဆွေးနွေးပွဲ၌ တရုတ်၊ ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာ တွေ့ဆုံလျက် ဘင်္ဂါလီမွတ်စလင် ဒုက္ခသည်အရေး ဆွေးနွေး
Published 24 September 2019
Ref: CGTN

တရုတ်နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီက ကြီးမှူးလျက် စက်တင်ဘာ ၂၃ ရက်တွင် မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်တို့မှ သက်ဆိုင်ရာအာဏာပိုင်များနှင့် တွေ့ဆုံဆွေးနွေးမှုတစ်ရပ် ပြုလုပ်ခဲ့သည်။

နယူးယောက်မြို့တွင် ကျင်းပနေသော  ကုလသမဂ္ဂအထွေထွေညီလာခံ၏ ဘေးဆွယ်ဆွေးနွေးပွဲအဖြစ် ယင်းကဲ့သို့ သုံးနိုင်ငံ တွေ့ဆုံခဲ့ကြခြင်းဖြစ်သည်။

ဖြစ်နိုင်သမျှ အစောဆုံးနေ့ရက်၌ ဘင်္ဂါ လီမွတ်စလင် (မူရင်း၌ ရိုဟင်ဂျာဟု ဖော်ပြ)  ဒုက္ခသည်အရေးကို ဖြေရှင်းကြရန် သုံးနိုင်ငံ သဘောတူခဲ့ကြသည်။

ဒုက္ခသည်များ ၎င်းင်းတို့၏နေရပ်သို့ ပြန် ရာ၌ အထောက်အကူပြုစေရေးအတွက် အလုပ်ကိစ္စဆိုင်ရာ လုပ်ငန်းစဉ်တစ်ရပ်ဖန်တီးပေးရန်၊ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်၌ စီးပွားရေးဖွံ့ဖြိုးမှုနှင့် ပြည်သူတို့၏ဘဝကို မြှင့်တင် ပေးရန်တို့ကိုလည်း သုံးနိုင်ငံ သဘောတူခဲ့ကြကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီက လွန်ခဲ့သည့် သုံးကြိမ်တွေ့ဆုံမှု၌ ဒုက္ခသည်များကို ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်၌ တိုးတက်မှုများ ရရှိအောင် ပြုလုပ်နိုင်ခဲ့ကြောင်း နှင့် မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့အကြား ဘုံသဘောတူညီချက်များ ဆက်လက်တိုးတက်နေကြောင်းလည်း ပြောကြားခဲ့သည်။

ဘင်္ဂါလီမွတ်စလင်အရေးနှင့်ပတ်သက်၍ ဖြေရှင်းချက်တစ်ရပ် ရရှိရန်အတွက် ဆက်သွယ်ဆောင်ရွက်ခြင်းနှင့် ညှိနှိုင်းဖျန်ဖြေခြင်းတို့အား တရုတ်နိုင်ငံက တက်ကြွစွာ ဆောင်ရွက်ပေးလျက်ရှိပြီး မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံတို့အနေဖြင့် ဆွေးနွေးမှုများကို ဆက်လက်ဆောင်ရွက်လျက် အကြောင်းကိစ္စများကို စနစ်ကျမှန်ကန်စွာ ဖြေရှင်းနိုင်လိမ့်မည် ဟု မျှော်လင့်ကြောင်းလည်း ဝမ်ယီက ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ၏ နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ဝန်ကြီးဦးကျော်တင့်ဆွေနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီး အေကေအဗ္ဗဒူမိုမန်တို့က ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ပြီး တရုတ်၏ အကူအညီပေးမှုအား ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့သည်။

၎င်းအပြင် ဦးကျော်တင့်ဆွေနှင့် မိုမန်တို့က ယခုအကြောင်းကိစ္စကို အပြန်အလှန် ညှိနှိုင်းဆွေးနွေးခြင်းဖြင့် ဖြေရှင်းရန် သဘောတူခဲ့ကြောင်း သိရသည်။