နျူကလီးယားအရေး ဆွေးနွေးပွဲများ ပြန်လည်စတင်ရန် ကြိုတင်သတ်မှတ်ချက် အဖြစ် လုံခြုံရေးအာမခံချက်များပေးရန် အမေရိကန်ပြည်ထောင်စုကို မြောက်ကိုရီး ယားက စက်တင်ဘာ ၁၆ ရက်တွင် တောင်း ဆိုခဲ့ရာ လာမည့်သီတင်းပတ်များအတွင်း ကျင်းပနိုင်ဖွယ်ရှိသော အလုပ်သဘောဆွေး နွေးပွဲ၌ အခြေအနေတိုးတက်လာနိုင်သည် ဟူသော မျှော်လင့်ချက်များကို ဝေ၀ါးစေခဲ့ သည်။
မြောက်ကိုရီးယား၏ လုံခြုံရေးစနစ်ကို အန္တရာယ်ဖြစ်စေပြီး နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်မှု ကို အဟန့်အတားဖြစ်စေသော ခြိမ်းခြောက် မှုများနှင့် အကျပ်ကိုင်မှုများကို အလျဉ်းဖယ် ရှားပြီးသည့်အချိန်မှသာ နျူကလီးယားလက် နက်ဖျက်သိမ်းရေး ညှိနှိုင်းဆွေးနွေးပွဲများ ကျင်းပရန် ဖြစ်နိုင်ခြေရှိမည်ဟု မြောက်ကိုရီး ယားနိုင်ငံခြားရေးဝန်ကြီးဌာနမှ ထိပ်တန်း တာဝန်ရှိသူတစ်ဦးက စက်တင်ဘာ ၁၆ ရက် တွင် ပြောကြားခဲ့သည်။
လုံခြုံရေးအာမခံချက်များသည် မည် သည့်သဘောတူညီချက်တွင်မဆို တစ်စိတ်တစ်ပိုင်းအဖြစ်ပါဝင်ရန် လိုအပ်လိမ့်မည်ဖြစ်ကြောင်းကို မြောက်ကိုရီးယားသည် ယခင်က အစဉ်တစိုက်တောင်းဆိုခဲ့သော်လည်း ယင်းသည် လုံခြုံရေးအာမခံချက်များကို ညှိနှိုင်းဆွေးနွေးပွဲများအတွက် ရှေ့ပြေးလုပ်ဆောင်မှုအဖြစ် တောင်းဆိုခဲ့ခြင်းမျိုးမဟုတ်ပေ။
အမေရိကန်နှင့် မြောက်ကိုရီးယား၏ အလုပ်သဘောဆွေးနွေးပွဲများသည် လာမည့်သီတင်းပတ်အနည်းငယ်အတွင်း ကျင်းပလိမ့်မည်ဟု ခန့်မှန်းရကြောင်း၊ အခွင့်အရေးတစ်ရပ်ဖြစ်လာစေရန် သက်သေပြမည်လား သို့မဟုတ် ပဋိပက္ခဖြစ်မည့် အခြေအနေသို့ ကျရောက်စေရန် သက်သေပြမည်လားဆိုသည်မှာ ၀ါရှင်တန်အပေါ်တွင် မူတည်နေကြောင်း၊ ညှိနှိုင်းဆွေးနွေးပွဲများဆီသို့ အမေရိကန်က ဦးတည်နေခြင်းသည် နှစ်နိုင်ငံဆက်ဆံရေးကို တိုးတက်စေလိမ့်ဖြစ်ပြီး ထိုသို့မဟုတ်ပါက တစ်နိုင်ငံနှင့်တစ်နိုင်ငံ ရန်ဆောင်မှုများ ရှိလာလိမ့်ဖြစ်ကြောင်း မြောက်ကိုရီးယား သတင်းအေဂျင်စီ KCNA က ဖော်ပြသော ထုတ်ပြန်ချက်အတွင်း အမေရိကန်နိုင်ငံရေးရာဌာန၏ ညွှန်ကြားရေးမှူးချုပ်က ပြောကြားထားသည်။
၀ါရှင်တန်နှင့် ဆွေးနွေးပွဲများ ကျင်းပရန်မျှော်လင့်ချက်သည် မှေးမှိန်လာပြီဟု ပြုံယမ်းက ခြိမ်းခြောက်ခဲ့ပြီး မကြာသေးမီလများအတွင်း အမေရိကန်ထိပ်တန်းတာဝန်ရှိသူများကိုလည်း ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့သည်။ နှစ်နိုင်ငံအကြား တင်းမာမှုများ မြင့်တက်နေချိန်တွင်ပင် သမ္မတထရန့်က ၎င်းနှင့် ခေါင်းဆောင်ကင်၏ ဆက်ဆံရေးမှာ ကောင်းမွန်နေဆဲဟု အခိုင်အမာပြောကြားထားသည်။ ထို့ပြင် ခေါင်းဆောင်နှစ်ဦးသည် ပုဂ္ဂိုလ်ရေးအရ စာများလည်း အပြန်အလှန် ပေးပို့ထားကြသည်။
ပြီးခဲ့သည့်လက ပေးပို့ခဲ့သော စာတစ်စောင်တွင် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်က သမ္မတထရန့်အားပြုံယမ်းသို့ လာရောက်လည်ပတ်ရန် ဖိတ်ခေါ်ထားသည်ဟု တောင်ကိုရီးယားသတင်းစာ JoongAng Ilbo က စက်တင်ဘာ ၁၆ ရက်တွင် ဖော်ပြခဲ့သည်။
ပြီးခဲ့သည့်နှစ်တွင် စင်ကာပူ၌ကျင်းပသည့် ထရန့်-ကင် ပထမအကြိမ် ထိပ်သီးဆွေးနွေးပွဲအတွင်း ကိုရီးယားကျွန်းဆွယ်၏ နျူကလီးယားလက်နက်အလုံးစုံ ဖျက်သိမ်းရေးနှင့် စပ်လျဉ်း၍ နှစ်နိုင်ငံခေါင်းဆောင်များက မရေမရာ ထုတ်ပြန်ချက်တစ်ခုကို လက်ခံခဲ့ကြသော်လည်း အဆိုပါထိပ်သီးဆွေးနွေးပွဲ ကျင်းပပြီးနောက်ပိုင်း မြောက်ကိုရီးယား၏ နျူကလီးယား ဖျက်သိမ်းရေးအစီအစဉ်မှာ တိုးတက်မှု အနည်းငယ်သာရှိခဲ့သည်။














