သမိုင်းဝင် ဆန်စီရိုကွင်းကို မီလန်မြို့ခံနှစ်သင်းထံ ယူရိုသန်း ၇၀ ဝန်းကျင်ဖြင့်ရောင်းချရန် မီလန်မြို့တော်ဝန် စီစဉ်

သမိုင်းဝင် ဆန်စီရိုကွင်းကို မီလန်မြို့ခံနှစ်သင်းထံ ယူရိုသန်း ၇၀ ဝန်းကျင်ဖြင့်ရောင်းချရန် မီလန်မြို့တော်ဝန် စီစဉ်
Photos: Getty Images
Photos: Getty Images
Published 15 September 2019

ဆန်စီရိုကွင်းကို အေစီမီလန်အသင်း က ၁၉၂၆ ခုနှစ်မှစ၍လည်းကောင်း၊ အင်တာမီလန်အသင်းက ၁၉၄၇ ခုနှစ်မှစ၍လည်းကောင်း အိမ်ကွင်း အဖြစ် ပူးတွဲအသုံးပြုလျက်ရှိပြီး လက်ရှိအချိန်တွင်မူ ၎င်းတို့က ကိုယ်ပိုင်ကွင်းသစ်တည်ဆောက်ရန် စီစဉ် နေသောကြောင့် မီလန်မြို့တော်ဝန် ဆာလာက ယခုလို ထုတ်ဖော်ပြောကြားခဲ့ခြင်းဖြစ်သည်။

 

အီတလီနိုင်ငံရှိ မီလန်မြို့တော်ဝန် ဘက်ပေဆာလာက သမိုင်းဝင် ဆန်စီရိုကွင်းကို မီလန်မြို့ခံနှစ်သင်းထံ ယူရိုသန်း ၇၀ ဝန်းကျင့်ဖြင့်ရောင်းချရန် စီစဉ်ထားကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။

မီလန်မြို့ရှိ ပရိသတ် ၈၀ç၀၀၀ ကျော်ဝင်ဆံ့သည့် ဆန်စီရိုကွင်းကို ၁၉၂၆ ခုနှစ်ကတည်းက ဖွင့်လှစ် ထားခြင်းဖြစ်ပြီး သက်တမ်း ၉၃ နှစ်ရှိ ပြီဖြစ်သည့် ယင်းကွင်းကို မီလန်မြို့ တော်ကောင်စီက ပိုင်ဆိုင်ထားသည်။ ဆန်စီရိုကွင်းကို အေစီမီလန်အသင်း က ၁၉၂၆ ခုနှစ်မှစ၍လည်းကောင်း၊ အင်တာမီလန်အသင်းက ၁၉၄၇ ခုနှစ်မှစ၍လည်းကောင်း အိမ်ကွင်း အဖြစ် ပူးတွဲအသုံးပြုလျက်ရှိပြီး လက်ရှိအချိန်တွင်မူ ၎င်းတို့က ကိုယ်ပိုင်ကွင်းသစ်တည်ဆောက်ရန် စီစဉ် နေသောကြောင့် မီလန်မြို့တော်ဝန် ဆာလာက ယခုလို ထုတ်ဖော်ပြောကြားခဲ့ခြင်းဖြစ်သည်။

"အခုလောလောဆယ် စားပွဲပေါ်မှာ ဖြစ်နိုင်ခြေ နှစ်ခုရှိပါတယ်။ ဆန်စီရိုကို အသစ်ပြန်ပြင်မလား၊ Sesto San Giovanni မှာ ကွင်းတစ်ခုဆောက်မလားဆိုတာပါ။ ကျွန်တော်ကတော့ တတိယတစ်ခုကိုပါ ထပ်ထည့်ချင်ပါတယ်။ အဲဒါက ဆန်စီရိုကွင်းကိုရောင်းချဖို့ပါပဲ" ဟုပြောကြားခဲ့သည်။

သို့သော် ဆန်စီရိုကွင်း၏အခြေအနေမှာ ခေတ်မီဒီဇိုင်းပုံစံ ပြင်ဆင်တည်ဆောက်ရန် မလွယ်ကူသဖြင့် မီလန်နှစ်သင်းအနေဖြင့် ကွင်းဝယ်ယူ၍ ပြင်ဆင်ခြင်းထက် ကွင်းသစ်တည်ဆောက်ရေးကိုသာ ဆန္ဒရှိနေကြောင်း သိရသည်။ "ကုန်ကျစရိတ်ထက်အရေးကြီးတာက ပြင်ဆင်မယ်ဆိုရင် ပထမအဆင့်အနေနဲ့ ဖြိုဖျက်မှုတွေလုပ်ဖို့ လိုပါတယ်။ ကွင်းရဲ့ သက်တမ်းက အရမ်းရင့်နေပါပြီ။ ကလပ်နှစ်သင်းအနေနဲ့ အနည်းဆုံး နှစ်နှစ်လောက် ဒီကွင်းမှာ ကစားလို့ ရမှာမဟုတ်ပါဘူး။ ရလဒ်တွေအရ ဒီကွင်းကို ခေတ်မီကွင်းအဖြစ် တည်ဆောက်ဖို့က ဖြစ်နိုင်ခြေမရှိပါဘူး" ဟု အဆောက်အအုံအင်ဂျင်နီယာတစ်ဦးဖြစ်သူ ဘရူနိုဖင်ဇီက သုံးသပ်ပြောကြားခဲ့သည်။