ဘာသာရေးဟူသည် စိတ်ကူးများ၊ ကျင့်ထုံးများ၊ စံတန်ဖိုးများနှင့် ဇာတ်ကြောင်းများ ပေါင်းစုထားရာ အစုအဝေးဖြစ်ပြီး ယင်းတို့အားလုံးသည် ယဉ်ကျေးမှုများထဲ၌ မြုပ်ဝင်လျက်ရှိရာ သီးခြားခွဲထုတ်ခြင်းငှာ မဖြစ်နိုင်ပေ။ (နိုင်ငံရေးအပါအဝင်) သက်ဆိုင်ရာ ယဉ်ကျေးမှု ဆက်စပ်အကြောင်းအရာများမပါဘဲ ဘာသာရေးတစ်ရပ်ကို သီးခြား ခွဲထုတ်ကာ နားလည်နိုင်ရန် မဖြစ်နိုင်ပါ။ သက်ဆိုင်ရာ ဘာသာရေး ရှုထောင့်များကို မစဉ်းစားဘဲနှင့်လည်း ယဉ်ကျေးမှုတစ်ရပ်ကို နားလည်ရန် မဖြစ်နိုင်ပါ။ ထို့နည်းတူစွာပင် လူမျိုး၊ လူမျိုးနွယ်စု၊ ကျား/မ၊ ကျား/မ ဖြစ်မှုနှင့် လူမှု - စီးပွား အဆင့်အတန်းတို့သည်လည်း ယဉ်ကျေးမှုဆိုင်ရာ ဖွင့်ဆိုမှုနှင့် နားလည်မှုတို့အပေါ် သက်ရောက်သော အကြောင်းခြင်းရာများဖြစ်နေပြီး ဘာသာရေး၌လည်း အလားတူပင်ဖြစ်သည်။
သက်ဆိုင်ရာ လူမှုရေး သို့မဟုတ် သမိုင်းဆိုင်ရာ အတွေ့အကြုံနှင့် ပတ်သက်သော ဘာသာရေး မေးခွန်းများကို မေးမြန်းသည့်အခါ ဘာသာရေးဆိုင်ရာ သြဇာများကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ အမြဲတမ်း အမှန်တကယ် တွေ့ရှိရသည်သာဖြစ်သည်။ ဥပမာအားဖြင့် နိုင်ငံရေး သဘောတရားရေးရာပညာရှင်များက ခရစ်ယာန်ဖြစ်မှုနှင့် ပတ်သက်သော စံပြုယူဆချက်အမျိုးမျိုးဖြင့် အကြီးအကျယ် ပုံသွင်းထားသော လောကီသက်သက်ဝါဒကို အမျိုးမျိုးဖွင့်ဆိုမှုများ ပြုလုပ်ခဲ့သည့် နည်းလမ်းများအား မကြာသေးမီက အထူးပြုဖော်ပြခဲ့ကြသည်။ ယင်းသည် ဘာသာရေးကို ကိုယ်ပိုင်ဝန်းကျင်တစ်ရပ်အဖြစ် ကန့်သတ်နိုင် သို့မဟုတ် ကန့်သတ်သင့်ကြောင်း နှင့် နိုင်ငံရေးသြဇာ သက်ရောက်မှုမှနေ၍ သီးခြားခွဲထားနိုင် သို့မဟုတ် ခွဲထားသင့်ကြောင်း ကာလကြာရှည်စွာ ယူဆလာခဲ့သည့် အမွေအနှစ်ကို စိန်ခေါ်နေသည့် နိုင်ငံရေးသဘောတရားများကို အခြေခံမှစ၍ ပြောင်းလဲ သွားစေသည့် ကိုယ်စားပြုဖော်ပြမှု တစ်ရပ်မျှသာဖြစ်သည်။
၁၇ ရာစုတွင် ပထမဆုံး ပုံစံပြုခဲ့သည့် ဘာသာရေးနှင့်ပတ်သက်သော ပြောင်းလဲမှုဆိုင်ရာ နိုင်ငံရေးသြဇာသက်ရောက်မှု တဖြည်းဖြည်း ကျဆင်းလာခြင်းကို ခန့်မှန်းတွက်ချက်သည့် အခိုင်အမာ ပြောဆိုမှုများသည် ရာစုနှစ်များတစ်လျှောက် ခေတ်သစ်နိုင်ငံရေး သဘောတရားအမျိုးမျိုး၏ အခြေခံအုတ်မြစ်ဖြစ်ခဲ့သည်ဟု ခေတ်သစ်ဝါဒီများက ဆိုကြသည်။ ယင်းအချိန်အပိုင်းအခြားများတစ်လျှောက် နိုင်ငံရေးဘဝ၌ ကမ္ဘာလုံးဆိုင်ရာ ဘာသာရေးတို့၏ သြဇာသက်ရောက်မှုများ ဆက်လက်ဖြစ်ပေါ်နေသော်လည်း ယင်းသည် (၁) ၁၉၇၉ အီရန်တော်လှန်ရေး၊ (၂) ၁၉၈၉ ဘာလင်တံတိုင်း ပြိုကျမှုနှင့် အကြီးအကျယ် ခန့်မှန်းထားသည့် ဘာသာရေးသြဇာ ကျဆင်းမှုနှင့် တစ်ဖက်မှနေ၍ တစ်ပြိုင်တည်း မြင့်တက်လာမှုနှင့် (၃) အနောက်တိုင်းမှ နိုင်ငံရေး သဘောတရားရေးရာ ပညာရှင်များက ဘာသာရေးများနှင့် ဘာသာရေး သြဇာသက်ရောက်မှုများကို ဖယ်ကြဉ်ခြင်းနှင့် အလွန်အမင်း လွယ်ကူအောင် လုပ်ပစ်ခြင်းတို့သည် အကြီးအကျယ် ပြဿနာဖြစ်နိုင်သည့် နည်းလမ်းများဖြစ်ကြောင်း စတင်သတိပြုမိသွားသည့် ၉/၁၁ နှင့် ၇/၇ တိုက်ခိုက်မှုများ ပြီးနောက်မှသာ ဖြစ်ပေါ်လာခြင်းဖြစ်သည်။
ယင်းအပြောင်းအလဲသည် ခေတ်ပြိုင်ကမ္ဘာကြီးအတွင်း ဘာသာရေးများ ပါဝင်နေသည့် ရှုပ်ထွေးပြီး အလွန်အရေးကြီးသော အခန်းကဏ္ဍများကို လေ့လာစူးစမ်းရန်အလို့ငှာ အတိုင်းအတာ ကျယ်ပြောသော လူမှုသိပ္ပံ စူးစမ်း ရှာဖွေမှုများတစ်လျှောက် ဘာသာရေး လေ့လာမှု ပညာရပ်များနှင့် အမျိုးစုံသော အပြန်အလှန်စည်းမျဉ်းများ ပူးပေါင်းမှုအတွက် နည်းလမ်းတစ်ရပ်ကို လမ်းခင်း ကြိုဆိုလိုက်ခြင်းဖြစ်သည်။
မည်သို့ပင်ဆိုစေကာမူ နိုင်ငံရေး အပါအဝင်ဖြစ်သော ယဉ်ကျေးမှုများ အတွင်း၌ မြုပ်ဝင်နေသည့် ဘာသာရေးဆိုင်ရာ သြဇာများကို သီးခြားဖယ်ရှားပစ်ရန် ကြိုးပမ်းမှုသည် ပြဿနာများဆီသို့သာ ဦးတည် သွားစေလိမ့်မည်ဖြစ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။
(စက်တင်ဘာ ၁၄ ရက်ထုတ် The Daily Eleven သတင်းစာ အယ်ဒီတာ့အာဘော်)









