ဂျပန်နှင့်ကစားမည့် ကမ္ဘာ့ဖလားခြေစစ်ပွဲအတွက် နောက်ခံလူ ဇော်ရဲထွန်းကို မြန်မာ့လက်ရွေးစင်အသင်း အားဖြည့်ရွေးချယ်

ဂျပန်နှင့်ကစားမည့် ကမ္ဘာ့ဖလားခြေစစ်ပွဲအတွက် နောက်ခံလူ ဇော်ရဲထွန်းကို မြန်မာ့လက်ရွေးစင်အသင်း အားဖြည့်ရွေးချယ်
Photos: Zaw Yetun Facebook
Photos: Zaw Yetun Facebook
Published 8 September 2019

မြန်မာအသင်းသည် စက်တင်ဘာ ၅ ရက်က ယှဉ်ပြိုင်ကစားသည့် ၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲ အုပ်စုပထမပွဲတွင် မွန်ဂိုလီးယားအသင်းကို အဝေးကွင်း၌ (၀-၁) ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပြီး ခံစစ်ပိုင်းမှာလည်း အမှားများခဲ့ သောကြောင့် ဇော်ရဲထွန်းကို အားဖြည့်ခဲ့ခြင်းဖြစ်သည်။ 

မြန်မာ့လက်ရွေးစင်အသင်း နည်းပြချုပ်  ရာဒူလိုဗစ်သည် စက်တင်ဘာ ၁၀ ရက်တွင် ကမ္ဘာ့ဖလားခြေစစ်ပွဲအဖြစ် ဂျပန်လက်ရွေးစင်အသင်းနှင့် ယှဉ်ပြိုင်ရမည့် အိမ်ကွင်းပွဲအတွက် ရတနာပုံနောက်ခံလူ ဇော်ရဲထွန်းကို အားဖြည့်ရွေးချယ်ခဲ့ကြောင်း သိရသည်။

မြန်မာအသင်းသည် စက်တင်ဘာ ၅ ရက်က ယှဉ်ပြိုင်ကစားသည့် ၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲ အုပ်စုပထမပွဲတွင် မွန်ဂိုလီးယားအသင်းကို အဝေးကွင်း၌ (၀-၁) ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပြီး ခံစစ်ပိုင်းမှာလည်း အမှားများခဲ့ သောကြောင့် ဇော်ရဲထွန်းကို အားဖြည့်ခဲ့ခြင်းဖြစ်သည်။ 

"ကျွန်တော်တို့ကစားရမယ့် ဂျပန်အသင်းက အာရှရဲ့အကောင်းဆုံးအသင်း ဖြစ်တဲ့အပြင် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အကြိမ်ကြိမ် ယှဉ်ပြိုင်နေတဲ့အသင်းဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့က မွန်ဂိုလီးယား အသင်းနဲ့ပွဲအပြီးမှာ အပြောင်းအလဲတွေ အများကြီးပြုလုပ်သွားမှာပါ။ နည်းပြချုပ် အနေနဲ့လည်း သုံးပွဲကိုင်တွယ်ထားပြီးဖြစ်တာကြောင့် ကစားသမားတွေအကြောင်းကို ကောင်းကောင်းသိထားပြီးဖြစ်ပါတယ်။ ကျွန်တော်တို့ဘက်ကလည်း ကစားသမားတွေနဲ့ ပတ်သက်ပြီး အကြံဉာဏ်တွေပေးနေပါတယ်။  ခံစစ်ကိုအားဖြည့်တဲ့အနေနဲ့ ရတနာပုံနောက်ခံလူ ဇော်ရဲထွန်းကို အားဖြည့်ခဲ့တာဖြစ်ပါတယ်။ ဂျပန်နဲ့ပွဲမှာ ခံစစ်ဦးစားပေးကစားမှာ ဖြစ်တာကြောင့် နည်းပြချုပ်အနေနဲ့ ခံစစ်အားဖြည့်ခဲ့တာဖြစ်ပါတယ်" ဟု မြန်မာ့လက်ရွေးစင်အသင်း အုပ်ချုပ်သူဦးသန်းတိုးအောင်က ပြောကြားခဲ့သည်။

မြန်မာ့လက်ရွေးစင်အသင်းသည် စက်တင်ဘာ ၇ ရက် နံနက်အစောပိုင်းတွင် မွန်ဂိုလီးယားနိုင်ငံမှ ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိလာပြီး ညနေပိုင်းမှစတင်ကာ ဂျပန်နှင့်ပွဲအတွက် လေ့ကျင့်ပြင်ဆင်လျက်ရှိသည်။ မြန်မာအသင်းသည် ၂၀၂၂ ကမ္ဘာ့ဖလားခြေ စစ်ပွဲ အဖွင့်ပွဲွတွင် မွန်ဂိုလီးယားအသင်းကို အဝေးကွင်း၌ ရှုံးနိမ့်ခဲ့သောကြောင့် ဖိအားများရင်ဆိုင်နေရပြီး အိမ်ကွင်းပထမဆုံးပွဲတွင်လည်း အာရှထိပ်သီး ဂျပန်အသင်းနှင့် တွေ့ဆုံနေသည်။ ယင်းပွဲကို ညနေ ၆ နာရီ မိနစ် ၅၀ တွင် ရန်ကုန်မြို့ရှိ သုဝဏ္ဏကွင်း၌ ကျင်းပမည်ဖြစ်သည်။ 

Most Read

Most Recent