စာချုပ်မကုန်ဆုံးမီ မက်ဆီထွက်ခွာခွင့်ရှိသော်လည်း စိုးရိမ်မှုမရှိဟု ဘာစီလိုနာအသင်းဥက္ကဋ္ဌ ဘာတိုမူ တုံ့ပြန်

စာချုပ်မကုန်ဆုံးမီ မက်ဆီထွက်ခွာခွင့်ရှိသော်လည်း စိုးရိမ်မှုမရှိဟု ဘာစီလိုနာအသင်းဥက္ကဋ္ဌ ဘာတိုမူ တုံ့ပြန်
Photos: Getty Images
Photos: Getty Images
Published 8 September 2019

စာချုပ်ပါအချက်အရ မက်ဆီအနေဖြင့် အသက် ၃၂ နှစ်ပြည့် ချိန်မှစ၍ ရာသီကုန်ဆုံးချိန် ဇွန် ၃၀ ရက် ရောက်တိုင်း အသင်းနှင့်လမ်းခွဲ၍ ထွက်ခွာခွင့်ရထားကြောင်း စပိန်သတင်းစာ EL Pais က  ဖော်ပြခဲ့ရာ ဘာတိုမူက ယင်းအချက်ကို အတည်ပြုခဲ့ခြင်းဖြစ်သည်။ 

 

ဘာစီလိုနာအသင်းဥက္ကဋ္ဌ ဘာတိုမူက မက်ဆီအနေဖြင့် လက်ရှိစာချုပ်မကုန်ဆုံးမီ အသင်းနှင့်လမ်းခွဲ၍ ထွက်ခွာခွင့်ရှိသော်လည်း စိုးရိမ်မှုမရှိကြောင်း တုံ့ပြန်ပြောကြားခဲ့သည်။

မက်ဆီနှင့် ဘာစီလိုနာအသင်းတို့ ချုပ်ဆိုထားသည့်စာချုပ်မှာ နှစ်နှစ်ကျန်ရှိနေသေးပြီး ၂၀၂၁ ခုနှစ် ဇွန် ၃၀ ရက်မှ သက်တမ်းကုန်ဆုံးမည်ဖြစ်သည်။ သို့သော် စာချုပ်ပါအချက်အရ မက်ဆီအနေဖြင့် အသက် ၃၂ နှစ်ပြည့် ချိန်မှစ၍ ရာသီကုန်ဆုံးချိန် ဇွန် ၃၀ ရက် ရောက်တိုင်း အသင်းနှင့်လမ်းခွဲ၍ ထွက်ခွာခွင့်ရထားကြောင်း စပိန်သတင်းစာ EL Pais က  ဖော်ပြခဲ့ရာ ဘာတိုမူက ယင်းအချက်ကို အတည်ပြုခဲ့ခြင်းဖြစ်သည်။ 

စက်တင်ဘာ ၆ ရက်က ဘာစီလိုနာအသင်းပိုင် Barca TV နှင့်တွေ့ဆုံစဉ် ဘာတိုမူက "လီယိုမက်ဆီရဲ့စာချုပ်က ၂၀၂၀- ၂၁ ရာသီအထိဖြစ်ပါတယ်။ ဒါပေမဲ့ ကစားသမားအနေနဲ့ နောက်ဆုံးရာသီမတိုင်ခင် ဘာကာကနေ ထွက်ခွာခွင့်ရှိပါတယ်။ ဒါက ဇာဗီ၊ ပူယိုးလ်၊ အင်နီယေစတာတို့ရဲ့ နောက်ဆုံးစာချုပ်မှာပါဝင်တဲ့အချက်နဲ့ အတူတူပါပဲ။ သူတို့တွေက လွတ်လပ်စွာဆုံးဖြတ်ခွင့်နဲ့ ထိုက်တန်သူတွေပါ။ သူတို့အားလုံးက ဘာကာအတွက် စိတ်ရောကိုယ်ပါမြှုပ်နှံထားသူတွေဖြစ်လို့ ကျွန်တော်တို့အနေနဲ့ စိတ်ပူစရာမရှိပါဘူး။ ကျွန်တော်တို့ကတော့ မက်ဆီကို ၂၀၂၁ ခုနှစ်နောက်ပိုင်းကာလတွေမှာလည်း ဘာကာအတွက် ဆက်ကစားပေးစေ ချင်ပါတယ်။ ကျွန်တော်တို့အနေနဲ့ ဒီကိစ္စအတွက် စိုးရိမ်ပူပန်မှုမရှိဘဲ အေးအေးဆေးဆေးပါပဲ" ဟု တုံ့ပြန်ပြောကြားခဲ့သည်။

ပရော်ဖက်ရှင်နယ်ကစားသမားဘဝ တစ်လျှောက်လုံး ဘာစီလိုနာတစ်သင်းတည်း၌သာ ကစားလာသူ မက်ဆီသည် ပြီးခဲ့သည့် ဇွန် ၂၄ ရက်တွင် အသက် ၃၂ နှစ်ပြည့်မြောက်ခဲ့ပြီး စာချုပ်ကုန်ဆုံးချိန် ၂၀၂၁ ခုနှစ်တွင် ၃၄ နှစ်ရှိနေမည်ဖြစ်သည်။